Cyber Security ( ဆိုက်ဘာလုံခြုံရေး) ပညာရပ်ဟာလည်း ဒီနေ့ခေတ်မှာ အရေးကြီးဆုံးပညာရပ်တစ်ခုဖြစ်လာပါတယ်
Phyo Min Thant

အင်တာနက်ခေတ်ကို ရောက်လာတာနဲ့အမျှ လူတွေဟာ အင်တာနက်ကိုတစ်ဦးနဲ့တစ်ဦးဆက်သွယ်ရေး၊ ဖျော်ဖြေရေးနဲ့ သတင်းအချက်အလက်တွေအတွက်သာမကဘဲ ကားငှားတာ၊ စျေးဝယ်တာ၊ ငွေပေးငွေယူ စတဲ့အလုပ်တွေလို နေ့စဉ်ဘဝလုပ်ငန်းတွေမှာပါ ပိုပိုပြီးအသုံးပြုလာနေကြရပါတယ်။ ဒီလိုဖြစ်လာတာနဲ့အမျှ Cyber Security ဟာလည်း ဒီနေ့ခေတ် စီးပွားရေးလုပ်ငန်းတွေနဲ့ လူသားတွေအတွက် ပိုပြီးအရေးပါလို့လာပါတယ်။ ဘာကြောင့်လဲဆိုတော့ ကွန်ရက်တွေ ထဲ ထိုးဖောက်ဝင်ရောက်ပြီး အချက်အလက်တွေကိုခိုးယူဖို့ကြိုးစားနေတဲ့ နည်းပညာမြင့်ဟက်ကာတွေရဲ့ အန္တရာယ်တွေ ရှိနေပြီး အဲဒီလို ထိုးဖောက်ခိုးယူခံလိုက်ရရင် ဆုံးရှုံးသွားမယ့်ငွေကြေးပမာဏက အရမ်းကိုကြီးမားလွန်းလို့ပဲ ဖြစ်ပါတယ်။

စီးပွားရေးအရတင်မကဘဲ တိုင်းပြည်တွေရဲ့ နိုင်ငံရေး၊ စစ်ရေးတို့မှာလည်း ဆိုက်ဘာတိုက်ခိုက်မှုတွေရှိနေပြီး ဒီလိုကိစ္စတွေ အတိုက်ခိုက်ခံရရင် ပိုလို့တောင်အန္တရာယ်ကြီးမားပါသေးတယ်။

ဒီလိုအန္တရာယ်တွေကို ကာကွယ်ဖို့အတွက် Cyber Security ( ဆိုက်ဘာလုံခြုံရေး)  ပညာရပ်ဟာလည်း ဒီနေ့ခေတ်မှာ အရေးကြီးဆုံးပညာရပ်တစ်ခုဖြစ်လာသလို နိုင်ငံတကာမှာအလုပ်အကိုင်အခွင့်အလမ်းကောင်းမွန်လှတဲ့ ပညာရပ်တစ်ခုဖြစ်လာလျက်ရှိပါတယ်။

ဒါကြောင့် Cyber Security ဘာသာရပ်ကိုသင်ကြားပေးတဲ့ ကျောင်းတွေအများအပြားပေါ်ပေါက်လာသလို နည်းပညာကို စိတ်ဝင်စားတဲ့လူငယ်တွေကြားမှာလည်း Cyber Security ဘာသာရပ်ဟာ ဦးစားပေးရွေးချယ်စရာဘာသာရပ်တစ်ခု ဖြစ်လို့လာပါတယ်။

ဒါပေမဲ့ ဒီဘာသာရပ်ဟာ ခေတ်ရှေ့ပြေးတဲ့ဘာသာရပ်တစ်ခုဖြစ်တာကြောင့် အမှန်တကယ်ကျွမ်းကျင်တတ်မြောက်အောင် သင်ကြားပေးနိုင်တဲ့ နိုင်ငံတကာအဆင့်မီကျောင်းမျိုးကိုရွေးချယ်တတ်ရောက်ဖို့တော့လိုအပ်ပါတယ်။

Cyber Security ဘာသာရပ်ကို လေ့လာသင်ယူဖို့အတွက် ကျောင်းရွေးချယ်ရာမှာ ထည့်သွင်းစဉ်းစားဖို့ အကြံပြုချင်တဲ့ကျောင်းတစ်ကျောင်းကတော့ စင်္ကာပူနိုင်ငံက PSB Academy ပါပဲ။ ဘာကြောင့်လဲဆိုတော့ PSB Academy ဟာ တစ်က မ္ဘာလုံးအတိုင်းအတာနဲ့ ပညာရေးမှာရှေ့တန်းကရပ်တည်နေတဲ့စင်္ကာပူနိုင်ငံရဲ့ ထိပ်တန်းကျောင်းတွေအများကြီးထဲမှာမှ နှစ်ပေါင်း ၅၀ ကျော် တိုင် အောင်အောင်မြင်မြင်ရပ်တည်လာခဲ့တဲ့ကျောင်းတစ်ကျောင်းဖြစ် လို့ပါပဲ။ ဒါ့အပြင် PSB Academy ဟာ Academy of The Future အဖြစ်ခံယူပြီး အမှန်တကယ်အရေးကြီးတဲ့ အရာတွေကို လက်တွေ့နဲ့စာတွေ့ပေါင်းစပ် သင်ကြားပေးတဲ့ နည်းစနစ်ကိုအသုံးပြုပြီး ကျောင်းသူ/ကျောင်းသားတွေကို သင်ကြားပေးနေတာ ဖြစ်ပါတယ်။ ကျောင်းပြီးတာနဲ့ လုပ်ငန်းခွင်ကို အသင့်ဝင်ရောက်နိုင် ရန် အဓိက သင်ကြား မွေးထုတ်ပေးလျက်ရှိတဲ့ ကျောင်းတစ်ကျောင်းဖြစ်တာကြောင့် Cyber Security လို အနာဂတ်အတွက်အရေးပါလှတဲ့ အတတ်ပညာမျိုးကို အမှန်တကယ်ကျွမ်းကျင်တတ်မြောက်အောင်သင်ကြားပေးနိုင်တဲ့ ကျောင်းလည်း ဖြစ်ပါတယ်။

PSB Academy မှာ Cyber Security ဘာသာရပ်ကို ကိုယ့်ရဲ့ပညာအရည်အချင်းအလိုက် diploma, degree, postgraduate certificate နဲ့ master ဆိုပြီးရွေးချယ်တတ်ရောက်နိုင်ပါတယ်။ PSB Academy ရဲ့ Cyber Security သင်ရိုးမှာဆိုရင် ဒီဘာသာရပ်နဲ့ပတ်သက်လို့ အခြေခံကနေစလို့ IT Security , Network Security, Information Security , Digital Forensics, Wireless Device Security, Database Security အစရှိတဲ့ပညာရပ်တွေကို သဘောတရားနဲ့ လက်တွေ့ပေါင်းစပ်ကာ နိုင်ငံတကာအသိအမှတ်ပြုသင်ရိုးတွေနဲ့ အညီ သင်ကြားပေးလျက်လည်း ရှိပါတယ်။ PSB Academy ရဲ့ Partner Universities ဖြစ်ကြသော UK, Australia တို့ရဲ့ ထိပ်တန်း တက္ကသိုလ်များ ဖြစ်တဲ့ Coventry University, Edith Cowan University တို့မှ Cyber Security ဘာသာရပ်ကို Bachelor ဘွဲ့ ကို ရရှိနိုင်မှာလဲ ဖြစ်ပါတယ်။

လက်ရှိအချိန်မှာမြန်မာနိုင်ငံကကျောင်းသူ/ကျောင်းသားအများအပြားလည်း PSB Academy မှာတက်ရောက်လျက်ရှိပြီး ထူးချွန်တဲ့ကျောင်းသားတွေအများအပြားထွက်ပေါ်လျက်ရှိတာကိုတွေ့ရပါတယ်။

PSB Academy အကြောင်းပိုမိုသိရှိလိုတယ်ဆိုရင် www.psb-academy.edu.sg မှာဝင်ရောက်လေ့လာနိုင်သလို PSB Academy Myanmar Outreach ရဲ့ဖုန်းနံပါတ် 09-795381278 ကိုဆက်သွယ်ပြီးဖြစ်စေ၊ PSB Academy Myanmar Outreach ရဲ့ Facebook Page => https://www.facebook.com/pg/PSB.Academy.Myanmar ရဲ့ Message မှ တဆင့်ဖြစ်စေ ဆက်သွယ်စုံစမ်းမေးမြန်းလို့လည်းရပါတယ်။

 (ဒီဆောင်းပါးကို PSB Academy မှပံ့ပိုးကူညီထားပါတယ်)


က္က