ကျူးလွန်သူကို အခင်းဖြစ်ပွားပြီး ၁ နာရီအကြာမှာ ရဲတပ်ဖွဲ့က ဖမ်းဆီးရမိ ခဲ့ပါတယ်။
Ye Yint Htay

ပဲခူးတိုင်း ၊နတ္တလင်းမြို့နယ်မှာ အပေါင်ဆိုင်အတွင်းဝင်ရောက်ပြီး လူလေးဦးကို ဓားဖြင့်ထိုးမှုဖြစ်ပွားခဲ့ရာ တစ်ဦး သေဆုံးသွားခဲ့ပြီး ၃ ဦးရဲ့ဒဏ်ရာကလည်းပြင်းထန်တာကြောင့် စိုးရိမ်ရတယ်လို့ နတ္တလင်းမြို့မရဲစခန်းကသိရပါတယ်။

Photo: Supply

ဖြစ်စဉ်က ဒီကနေ့ ဇူလိုင် ၁၈ ရက်နေ့ မနက်ပိုင်းကပဲခူးတိုင်း၊သာယာဝတီခရိုင်၊နတ္တလင်းမြို့နယ်၊သာဇီရပ်ကွက်၊အပြင်သာဇီလမ်းရှိ ‘အောင်သစ္စာ’အမိန့်ရအပေါင်ဆိုင်ကို အမည်မသိအမျိုးသားတစ်ဦးက ဖုန်းလာရောက်ပေါင်နှံစဉ် အိမ်ရှင်ဖြစ်သူ ဦးဝင်းဇော်နှင့်စကားများပြီး လည်ပင်းကို ဓါးဖြင့် လှီးခဲ့ပါတယ်။ တဆက်တည်း ဦးဝင်းဇော်ရဲ့အစ်မနှစ်ယောက်နဲ့ တူမဖြစ်သူတို့ကိုပါ ဓါးမြှောင်နဲ့ဆက်ထိုးခဲ့ပါတယ်။ ဦးဝင်းဇော်က တော့ လည်ပင်းပြတ်ရှဒဏ်ရာကြောင့်နတ္တလင်းပြည်သူ့ဆေးရုံတွင် သေဆုံးခဲ့ပြီး ကျန်သုံးဦးကို ရန်ကုန်ဆေးရုံကြီးကိုပို့ဆောင်ထားပါတယ်။

Photo: Supply

"အစ်မ တွေဖြစ်တဲ့အသက်(၅၀)နှစ်ရှိ မနှင်းနှင်းခိုင်က ဝမ်းဗိုက်ထိုးသွင်းဒဏ်ရာ၊ ဆီးခုံအထက် ထိုးသွင်းဒဏ်ရာ၊ ယာဘက်နို့အုံထိုးသွင်း ဒဏ်ရာ၊ ယာလက်မောင်းရင်းပြတ်ရှဒဏ်ရာရရှိတယ်။အသက်(၄၆)နှစ်ရှိတဲ့မသင်းသင်းခိုင်က ယာဘက်နို့အုံထိုးသွင်းဒဏ်ရာရရှိတယ်။တူမဖြစ်သူအသက်(၃၄)နှစ်ရှိ မနီနီမွန်မ ယာလက်မောင်း (၁)လက်မခန့်ပြတ်ရှဒဏ်ရာ၊ ဝဲဘက်ရင်ဘက် (၁)လက်မခန့်ဒါဏ်ရရှိခဲ့တယ်။ "လို့ နတ္တလင်းမြို့မရဲစခန်းက တာဝန်ရှိသူကအတည်ပြုပြောပါတယ်။ ဒဏ်ရာ ရရှိခဲ့သဖြင့် ရန်ကုန်ဆေးရုံကိုပို့ဆောင်ထားတဲ့ အမျိုးသမီး ၃ ဦးရဲ့ ဒဏ်ရာတွေဟာလည်း ပြင်းထန်တာကြောင့် စိုးရိမ်ရတဲ့အနေအထားဖြစ်တယ်လို့ သိရပါတယ်။

လူသတ်မှုကျူးလွန်သူဟာ အသက် ၂၆ နှစ်အရွယ်ရှိ ဇာနည်ထွန်းဖြစ်ပြီး လူသတ်မှုကို အသွား (၈)လက်မ၊အရိုး (၄)လက်မ၊ အရိုးအသွား (၁၂)လက်မခန့်ရှိ (ကျောရိုးငါးမန်းစွယ်ပါ)ဓားနဲ့ ကျူးလွန်ခဲ့တာဖြစ်ပါတယ်။ကျူးလွန်သူကို အခင်းဖြစ်ပွားပြီး ၁ နာရီအကြာမှာ ရဲတပ်ဖွဲ့က ဖမ်းဆီးရမိ ခဲ့ပါတယ်။ ဒါကြောင့် လူသတ်မှု ကျူးလွန်သူ ဇာနည်ထွန်းကိုပ ၄၉၁/၂၀၂၀ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၂/၃၂၆ ဖြင့် အမှုဖွင့်အရေးယူထားပါတယ်။

(အလွတ်တန်းသတင်းထောက် ချစ်ခွန်းချိုပေးပို့သော သတင်းဖြစ်ပါသည်)


Author

  • Ye Yint Htay

    Producer/Editor (Duwun Sports)


က္က