မူလက ဇွန်လ ၁၅အထိသာ ယာယီပိတ်ထားတာပါ။
Kyaw Ko Ko Sint

 ကိုဗစ်ကာလမှာ နိုင်ငံတကာာခရီးသည်တင်လေယာဉ်တွေ ပျံသန်းပြေးဆွဲခြင်းကို ယာယီပိတ်ထားပါတယ်။



မူလက ဇွန်လ ၁၅ရက်နေ့အထိ ယာယီပိတ်ထားပေမယ့် လက်ရှိမှာ ဇွန်လ ၃၀အထိ ထပ်တိုးလိုက်တယ်လို့ လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာနရဲ့ သတင်းထုတ်ပြန်ချက်အရသိရပါတယ်။ “ကျွန်တော်တို့အနေနဲ့ကတော့ လက်ရှိမှာ ပုံမှန် ခရီးသည်တင်လေယာဉ်ပြေးဆွဲမှုကို ရပ်နားထားပေမယ့် အစိုးရ အစီအစဉ်နဲ့ ပြေးဆွဲနေရတဲ့ Relief Flight တွေတော့ ပြေးဆွဲပေးနေပါတယ်။နိုင်ငံတော်ရဲ့ သတင်းထုတ်ပြန်ချက် အပေါ်မူတည်ပြီး လက်ရှိမှာတော့ ပြည်တွင်းခရီးစဉ်တွေကိုတော့ ပုံမှန်ပြေးဆွဲနေပါတယ် ”လို့ MNA လေကြောင်း လိုင်းရဲ့ စီအီးအို ဦးသန်းထွန်းက Duwunကိုပြောပါတယ်။

နိုင်ငံတကာလေကြောင်းလိုင်းတွေကို ယာယီရပ်နားထားတဲ့သတင်းကိုတော့ ပထမဆုံးအနေနဲ့ မတ်လ ၂၉ရက်နေ့ မှာ စတင်ကြေညာခဲ့ပြီးနောက် ဧပြီ ၁၂ရက်နေ့မှာတစ်ကြိမ်၊ဧပြီ ၂၄မှာတစ်ကြိမ်၊မေ ၁၄နဲ့ မေ၂၉မှာတစ်ကြိမ် ထုတ်ပြန်မှုတွေ ဆက်တိုက်ပြုလုပ်ပြီး ရပ်နားထားမှုကို သက်တမ်းတိုးလုပ်ဆောင်ခဲ့ပါတယ်။ လက်ရှိကာလမှာတော့ ဖြေလျှော့ထားတဲ့ကိစ္စရပ်တွေကလွဲပြီး တားမြစ်ကန့်သတ်မိန့်တွေကို ဇွန်လ ၃၀ရက်အထိ အစိုးရက ထပ်မံတိုးမြှင့်ခဲ့တာကြောင့် ပြည်ပလေကြောင်းလိုင်းတွေ ဝင်ရောက်ခွင့်ကို ထပ်မံ တိုးမြှင့်ခဲ့ရတာလည်းဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ


က္က