သူ့မှာများရောဂါရှိနေမလား ငါ့ကိုများကူးနေပြီလားဆိုပြီး စိုးရိမ်ကြောင့်ကြမှုတွေ ရှိနေတတ်ပါတယ်
Phyo Min Thant

တစ်ကမ္ဘာလုံးမှာဖြစ်နေတဲ့ Covid 19 ကပ်ရောဂါကြောင့် နိုင်ငံတကာနဲ့ မြန်မာနိုင်ငံက အစိုးရအသီးသီးနဲ့ သက်ဆိုင်ရာတာဝန်ရှိသူတွေက အပြင်ထွက်ရမယ် လူထူထပ်တဲ့နေရာတွေကို သွားရမယ်ဆိုရင် အနည်းဆုံး ၃ ပေအကွာမှာနေဖို့ mask တပ်ဖို့ လက်ခဏခဏဆေးဖို့ကို ညွှန်ကြားထားပါတယ်။ ဒီလိုမဖြစ်မနေ သွားလာနေရတဲ့ နေရာတွေထဲမှာ အများပြည်သူတွေ စားဝတ်နေရေး ပြေလည်ဖို့အတွက်ရော လိုအပ်တဲ့ စားနပ်ရိက္ခာနဲ့ ပစ္စည်းတွေဝယ်ဖို့ မဖြစ်မနေသွားရတဲ့နေရာတွေထဲမှာ ဈေးတွေလည်းအပါအဝင်ပါပဲ။ ဈေးလို့ပြောလိုက်ရင် လူတွေ ပျားပန်းခပ်လှုပ်ရှားသွားလာ အော်ဟစ်နေကြပြီး တိုးဝှေ့နေရတဲ့ နေရာဆိုတာ လူတိုင်းသိနေမှာပါ။


ဒီလို နေရာကို မဖြစ်မနေသွားရတဲ့အခါမျိုးမှာ သူ့မှာများရောဂါရှိနေမလား ငါ့ကိုများကူးနေပြီလားဆိုပြီး စိုးရိမ်ကြောင့်ကြမှုတွေ ရှိတတ်ကြတာကြောင့် လုံခြုံတဲ့ဈေးဖြစ်နိုင်မဲ့ လက်တွေ့ကျတဲ့နည်းလမ်းကို ကြံဆပြီးတဲ့နောက်မှာ ဈေးသည်တွေကို အကွာအဝေးသတ်မှတ်နေရာသတ်မှတ်ပြီး ထင်သာမြင်သာရှိအောင်ရော ပူပြင်းတဲ့ရာသီဥတု ဒဏ်က ကာကွယ်ဖို့ အတွက်ရော Mytel ကနေပြီး ထီးတွေလှူဒါန်းပြီး အားပေးကူညီခဲ့တယ်လို့ သိရပါတယ်။



သက်ဆိုင်ရာဒေသက ပြည်သူ့ကျန်းမာရေးဦးစီးဌာနနဲ့ Mytel တို့ ပူးပေါင်းပြီး အကောင်အထည်ဖော်ခဲ့တဲ့ ဒီလှူဒါန်းအားပေးမှုကို ဒေသခံတွေသာမက လူမှုကွန်ယက်ပေါ်မှာပါ လူအများရဲ့ နှစ်သက်လက်ခံမှုကိုရရှိနေတာကို တွေ့ရပါတယ်။

ပူပြင်းတဲ့နေရောင် အောက်မှာ ဝမ်းစာအတွက် ဈေးရောင်းချနေချရတဲ့ ဈေးသည်တွေဟာ Mytel မှ ပံ့ပိုးထားတဲ့ ရွက်ဖျင်ထီးအောက်မှာ အရိပ်ခိုရင်း ဈေးရောင်းချနေနိုင်တာကို တွေ့နေရပါတယ်။ ဒီလိုဈေးမျိုးကို ဧရာဝတီတိုင်း၊ ရှမ်းပြည်နယ်၊ ပဲခူးတိုင်းနဲ့ ရခိုင်ပြည်နယ်တွေမှာ စတင်ဖော်ဆောင်ခဲ့ပြီးတော့ အခြား ပြည်နယ်နဲ့ တိုင်းများမှာပါ အမြန်ဆုံး အကောင်အထည်ဖော်ဆောင်နိုင်ဖို့ Mytel က ကြိုးစားနေတယ်လို့လည်း သိရပါတယ်။

Mytel ကနေ ဒီလှုဒါန်းမှုသာမကဘဲ ဆေးရုံတွေမှာလိုအပ်တဲ့ PPE ဝတ်စုံတွေ၊ နှာခေါင်းစည်းတွေ၊ ဒစ်ဂျစ်တယ် သာမိုမီတာတွေနဲ့ အခြားလိုအပ်တဲ့ ပစ္စည်းတွေကို လှုဒါန်းခဲ့သလို Quarantine Centers တွေမှာ အခမဲ့ wifi ထောက်ပံ့ပေးခြင်းနဲ့ အခြားတိုင်းနဲ့ ပြည်နယ်တွေမှာလည်း ဆက်လက်လုပ်ဆောင်သွားဖို့ရှိသေးတယ်လို့လည်း ထုတ်ပြန်ထားပါတယ်။ ဒီလိုခက်ခဲ နေတဲ့ကာလမျိုးမှာ မြန်မာပြည်ရဲ့ အကောင်းဆုံး operator Mytel ဟာ မြန်မာလူထုကို အမြဲဂရုစိုက်ပြီး အကောင်းဆုံးသော ဝန်ဆောင်မှုကို ပေးဖို့ ကြိုးစားနေတာပဲ ဖြစ်ပါတယ်။


Mytel က ဒီကပ်ရောဂါကြီးကိုတိုက်ဖျက်တဲ့နေရာမှာ တတပ်တအားပါဝင်တဲ့အနေနဲ့ ပြုလုပ်နေတဲ့ #TogetherWeFightCovid19 အစီအစဉ်အောက်ကနေလည်း ဒီလှိုလှုဒါန်းမှုအစီအစဉ်တွေအပြင် မြန်မာပြည်သူတွေအတွက် အကျိုးရှိမဲ့ အခြားသော အစီအစဉ်တွေကို ဆက်လက် အကောင်အထည်ဖော်သွားမယ်လို့သိရပါတယ်။ 

ဒီ #TogetherWeFightCovid19 အစီအစဉ်မှာဆိုရင် Mytel ကနေ (၅၀% ငွေဖြည့်အပိုလက်ဆောင် + ၂၀၀% ဒေတာအပိုဆု) နှစ်ဆတိုးအပိုလက်ဆောင် အစီအစဉ် နဲ့ ကိုရိုနာ ဗိုင်းရပ်စ် ၂၀၁၉ (COVID-19) ကာကွယ် ထိန်းချုပ် ကုသရေး ကော်မတီသို့ SMS ဖြင့်လှူဒါန်းနိုင်မယ့် (111 သို့ CV19 ဟုပေးပို့ပြီး သုံးစွဲသူများအနေနဲ့ လက်ကျန်ငွေကနေ ၁,၀၀၀ ကျပ်ကို လှူဒါန်းခြင်း) အစီအစဉ်ကိုလဲ ပြုလုပ်လျက်ရှိပါတယ်။

(ဒီသတင်းကို Mytel မှပံ့ပိုးကူညီထားပါတယ်)



က္က