အပူရှိန်က ပြင်းထန်လွန်းနေပါတယ်။

အပူဒဏ်လွန်ကဲမှုကြောင့် Heatstroke (အပူူကြောင့်သတိလစ်ခြင်း ) လူနာတစ်ဦး ရန်ကုန်ဆေးရုံကြီးကို ရောက်ရှိလာပြီး လက်ရှိမှာ စိုးရိမ်ရတဲ့ အခြေအနေမှာ ရှိနေတယ်လို့ အဆိုပါ ဆေးရုံကြီးကနေ သိရပါတယ်။


လူနာက ဧပြီလ ၂၂ ရက်ကတည်းက ရောက်ရှိနေခဲ့ပြီး လောလောဆယ် ရောဂါ အခြေအနေအရ ICU ခန်းထဲ ပို့ဆောင်ထားပြီး ဆေးဝါးကုသမှုတွေပေးနေတယ်လို့ ရန်ကုန်ဆေးရုံကြီး အပူပိုင်းနှင့် ကူးစက်ရောဂါ ပညာဌာန မှ ပါမောက္ခဌာနမှူး ဒေါက်တာ မိုးမိုးစမ်းက ပြောပါတယ်။



“အခုကျွန်မတို့ လိုအပ်တဲ့ဆေးဝါးကုသမှုတွေ အကုန်လုံး အချိန်နဲ့ တပြေးညီ လုပ်ဆောင်ပေးနေပါတယ်။အခုလောလောဆယ်တော့ ICU ခန်းထဲမှာ ကုသမှုခံယူနေပါတယ်။ ရောဂါပိုင်းဆိုင်ရာ ဖြစ်နေတဲ့အတွက် အခြေအနေအတိအကျတော့ မပြောနိုင်သေးပါဘူး။ နောက်တစ်ခု ကျွန်မပြောချင်တာက ဒီလိုပူပြင်းတဲ့ရာသီမှာ အရက်အလွန်အကျွံသောက်စားမှု တွေ မလုပ်ပါနဲ့လို့ပြောချင်တယ်။ အခု Heatstorke လူနာဟာ အရက်အလွန်အကျွံသောက်သုံးတဲ့လူနာ ဖြစ်နေပါတယ်။” လို့ ဒေါက်တာ မိုးမိုးစမ်းက ဆိုပါတယ်။

လူနာမှာ အသက် ၄၀ ဝန်းကျင်အမျိုးသားတစ်ဦးဖြစ်ပြီး ကုန်ဈေးတန်းမှာ ဈေးရောင်းလုပ်ကိုင်သူတစ်ဦးဖြစ်ပြီး ဖျားရာကနေ အပူချိန်ပြင်းထန် သတိလစ်မေ့မြောကာ ဆေးရုံကြီးကို ရောက်ရှိလာခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ ရန်ကုန်ဆေးရုံကြီးမှာ ယခုနှစ်အတွင်းမှာမှ Heatstroke လူနာတစ်ဦး ရောက်ရှိခဲ့တာဖြစ်ပြီး ပြီးခဲ့တဲ့နှစ်တွေတုန်းကတော့ တစ်ဦးမှ မရှိခဲ့ဖူးဘူးလို့သိရပါတယ်။

Heatstroke (အပူကြောင့်သတိလစ်ခြင်း) ရောဂါမှာ ခန္ဓာကိုယ်မှာ အရေပြားပူပြီး ခြောက်သွေ့ခြင်း၊ ချွေးမထွက်တော့ခြင်း၊ ကိုယ်တွင်းအပူချိန် လွန်စွာ မြင့်တက်ခြင်း၊ ဦးနှောက်နှင့်အာရုံကြော လက္ခဏာတွေ ဖြစ်တဲ့ တက်ခြင်း၊ ဂရောင်ဂတမ်းဖြစ်ခြင်း၊ မှိန်းနေခြင်း၊ သတိလစ်မေ့မြောခြင်းတွေ ဖြစ်ပွားနိုင်ပြီး အသက်ဆုံးရှုံးတဲ့အထိ ဖြစ်လာနိုင်တယ်လို့သိရပါတယ်။


ရောဂါ ပြင်းထန်လာပါက နီးစပ်ရာ ဆေးရုံဆေးခန်းတွေကို အမြန်ဆုံးသွားရောက်ဖို့ လိုအပ်ပြီး ကုသမှုတွေ ခံယူဖို့ လိုအပ်တယ်လို့ ဆိုပါတယ်။

န်ကုန်ဆေးရုံကြီးမှာ Heatstroke ကြောင့် ဆေးရုံတတ်မယ့်လူနာတွေအတွက် ကြိုတင်ပြင်ဆင်မှု တွေပြုလုပ်ထားပြီး သာမန် အပူလွန်ကဲမှု ဖြစ်ပေါ်ပါက ရေနဲ့ ဓာတ်ဆားရေ သောက်သုံးပေးဖို့ လိုအပ်ကြောင်း အကြံပြုထားပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က