ကားပေါ်ပါ ဆရာဝန်(၆)ဦးအနက် (၃)ဦးသေဆုံးခဲ့တာပါ။
Ei Ei Htun

ဆရာဝန်တွေက နယ်ကနေလာပြီး ဖျာပုံဆေးရုံမှာ တာဝန်ကျနေတဲ့သူတွေဖြစ်ပါတယ်။ မကြာသေးမီကမှ ဖျာပုံဆေးရုံကိုရောက်ရှိလာတာပါ။

photo- Lwin Oo

ဧရာဝတီတိုင်းဒေသကြီး ဖျာပုံမြို့မှာ ကွန်ကရစ်ဓာတ်တိုင်များတင်ဆောင်ကာ ရပ်ထားသော ကားကို အိမ်စီးကားယာဉ်ငယ်မှနောက်မှဝင်တိုက်ကာ ကားပေါ်ပါလူ(၆)ဦးအနက် (၃)ဦးသေဆုံးခဲ့တယ်လို့သိရပါတယ်။ ဒီကနေ့ ဇွန်(၁၁)ရက်နေ့ မနက်ပိုင်းကဖြစ်ပွားခဲ့တာပါ။ အမျိုးသား(၁)ဦး၊အမျိုးသမီး(၂)ဦးသေဆုံးခဲ့ပြီး သေဆုံးခဲ့တဲ့သူတွေက ဖျာပုံဆေးရုံက လက်ထောက်ဆရာဝန်တွေဖြစ်တယ်လို့သိရပါတယ်။

“ ဖြစ်တာက ဒီကနေ့ မနက် (၂)နာရီ ကျော်ကျော်လောက်ကဖြစ်တာ။ အိမ်စီးကားငယ်က ရှေ့မှာ ဓာတ်တိုင်တွေတင်ထားတဲ့ ကားကိုဝင်တိုက်တော့ ဓာတ်တိုင်(၂)တိုင်က ဝင်တိုက်တဲ့ကားရဲ့ယာဉ်မောင်းဘက်ခြမ်းကို ထိုးဖောက်ဝင်သွားတာ။ယာဉ်မောင်းဘက်ခြမ်းမှာ ထိုင်တဲ့သူတွေအကုန်သေတယ်၊(၃)ဦးသေတာပေါ့နော်။ ကျန်(၃)ဦးက ဖျာပုံမြို့ဆေးရုံမှာ ဆေးကုသမှုခံနေတယ်” လို့ ဖျာပုံမြို့မှ သေဒခံတစ်ဦးက Duwun ကိုပြောပါတယ်။

အိမ်စီးကားပေါ်မှာ ပါတဲ့ လူ(၆)ဦးလုံးက ဆရာဝန်တွေဖြစ်ပြီး မကြာသေးခင်ကမှ နယ်ကလာပြီးတော့ ဖျာပုံမြို့ဆေးရုံမှာ တာဝန်ထမ်းဆောင်နေတဲ့သူတွေဖြစ်တယ်လို့ ဒေသခံတစ်ဦးကပြောပါတယ်။

ဖြစ်စဉ်နဲ့ပက်သက်လို့ တာဝန်ရှိသူတွေအနေနဲ့ စစ်ဆေးမှုတွေပြုလုပ်ကာ ဥပဒေတိုင်းဆက်လက်ဆောင်ရွက်နေသလို

ဖြစ်စဉ်အတွင်းမှာ ဖျာပုံမြို့မီးသတ်တပ်ဖွဲ့တွေအနေနဲ့ သွားရောက်ကူညီဆောင်ရွက်ပေးခဲ့တယ်လို့သိရပါတယ်။



Author


က္က