ဒီကနေ့မနက်ပိုင်းကစပြီး စပိတ်စခန်းကိုဖွင့်လှစ်ခဲ့တာပါ။

တောင်ဒဂုံမြို့နယ်က Vince Myanmar ဖိနပ်စက်ရုံနဲ့ အလုပ်ရှင်အလုပ်သမား အကြား အငြင်းပွားမှုပြဿနာဖြစ်ပေါ်နေတာကြောင့် အလုပ်သမား ၇၀၀ ခန့်ဟာ ဒီကနေ့ စက်ရုံရှေ့မှာ သပိတ်စခန်းဖွင့် ပြီး တောင်းဆိုမှုတွေပြုလုပ်နေတယ်လို့ အလုပ်သမားတွေ ဆီကနေသိရပါတယ်။

သြဂုတ်လ ၁၅ ရက်နောက်ပိုင်းကစပြီး Vince Myanmarကို ယာယီပိတ်သိမ်းမယ့်ကိစ္စနဲ့ ပတ်သက်ပြီး စက်ရုံပိတ်သိမ်းနေချိန်မှာ အလုပ်သမားတွေကို အခြေ ခံလုပ်ခလစာ ၄၈၀၀ နှုန်းမပေးဘဲ ၁၉၂၀ ကျပ်သာ ပေးမယ့်အပေါ် အလုပ်သမား တွေက လက်မခံတာကြောင့် စက်ရုံရှေ့မှာ သပိတ်စခန်းဖွင့် တောင်းဆိုနေကြတာဖြစ်ပါတယ်။ 



"ဒီနေ့စက်ရုံရှေ့ရောက်တော့ အလုပ်သမားတွေ ကိုလက်မှတ်ထိုးပြီး စက်ရုံထဲအလုပ်ဝင်လုပ်ဖို့ပြောတယ်။ အလုပ်သမားတစ်ယောက်မှမဝင်ဘူး။ ကျွန်တော်တို့လိုချင်တာက အဲဒါ မဟုတ်ဘူး။ စက်ရုံကို ယာယီပိတ်မယ့်အချိန် တစ်နေ့ ၄၈၀၀ နဲ့ အလုပ်သမားတွေကိုပေးဖို့ပါ။ သူတို့က ပိတ်မယ့်ရက်လဲအတိအကျမပြောဘူး။ သူတို့ဘာသာ ၁၅ ရက်နေ့ကစပိတ်မယ်ပြောနေတယ်။ အလုပ်ပါးချိန် ၄၅ ရက်လောက်နားမယ်ပေါ့၊အဲဒီရက်တွေကို ၁၉၂၀ ပဲပေးမယ်ပြောလို့ ခိုလိုသပိတ်စခန်းဖွင့်တောင်းဆိုနေတာဖြစ်တယ်"လို့ အလုပ်သမားတစ်ဦးဖြစ်သူ ကိုစည်သူအောင်က Duwun ကိုပြောပါတယ်။ အလုပ်သမားသပိတ်စခန်းကို ဒီကနေ့မနက် သြဂုတ်လ ၇ ရက်နေ့မှာ စတင်ဖွင့်လှစ် လိုက်တာဖြစ်ပါတယ်။ 

အလုပ်သမားတွေဟာ မနေ့ကသြဂုတ်လ ၆ ရက်နေ့ကလည်း စက်ရုံရှေ့မှာ စုပေါင်းတောင်းဆိုမှု ပြုလုပ်ခဲ့ပါတယ်။

" ဥပဒေနဲ့အညီ ဖြစ်သင့်တာကို ဖြေရှင်းပေးမယ်ဆိုရင်တော့ အဆင်ပြေမယ်။အဲ့ဒီလိုမဟုတ်ဘဲ ကြားချပြီး ညှိနှိုင်းတာမျိုးဆိုရင်တော့ အဆင်မပြေနိုင်ပါဘူး။ အလုပ်သမား တွေကလည်း အလွန်အမင်းတောင်းနေတာမဟုတ်ပါဘူး။အခြေ ခံလုပ်ခလစာရဖို့ပဲ တောင်းဆိုနေကြတာပါ။ ဒီနေ့တော့ သပိတ်စခန်းဖွင့် ပြီးတောင်းဆိုနေကြပါတယ်။"လို့ အလုပ်သမားတွေအဆင်ပြေဖို့ ကူညီဆောင်ရွက်ပေးနေတဲ့ မြန်မာနိုင်ငံစက်မှုလက်မှုနှင့်ဝန်ဆောင်မှုလုပ်ငန်းပေါင်းစုံ အလုပ်သမားများသမဂ္ဂအဖွဲ့ချုပ် (MICS)မှကိုယ်စားလှယ် ဦးသူရက Duwun ကိုပြောပါတယ်။

အလုပ်သမားတွေအနေနဲ့ စက်ရုံယာယီရပ်နားနေချိန် ကာလအတွက် အလုပ်သမားတွေကို တရက် လုပ်ခလစာ ၄၈၀၀ ပေးရေးနဲ့ စက်ရုံပြန်ဖွင့်ချိန်မှာ အလုပ်သမားအားလုံးကို ယခင် အလုပ်၊ယခင်ရာထူးအတိုင်း အလုပ်ပြန်လုပ်ခွင့်ရှိဖို့ အချက် ၂ ချက်ကို အဓိကတောင်းဆိုနေကြတာပါ။

Vince Myanmar ဖိနပ်စက်ရုံပိုင်ရှင်က တရုတ်နိုင်ငံသားဖြစ်ပြီး ဒီစဒက်ရုံကို လုပ်ကိုင်နေတာ သက်တမ်း ၂ နှစ် ဝန်းကျင်လောက်သာရှိသေးတယ်လို့ သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က