နယ်တွေကအလုပ်လုပ်ပြီး ပြန်လာတဲ့သူတွေကို ထားရှိထားတာဖြစ်ပါတယ်။

အင်းစိန် GTI ကျောင်းမှာ Quarantine ဝင်နေပြီး ရက်ပြည့်လို့ ပြန်သွားသူတချို့အနေနဲ့ အခန်းတွင်းမှာ အညစ်အကြေးများစွန့်ပစ်ခဲ့ပြီး အမှိုက်တွေကိုလည်း စည်းကမ်းမဲ့စွန့်ပစ်သွားကြတဲ့ အတွက် Volunteers အဖွဲ့တွေက အခန်းတွေနဲ့ ပတ်ဝန်းကျင်သန့်ရှင်းရေးတွေကို လုပ်ဆောင်ခဲ့ရတယ်လို့ သိရပါတယ်။ 

photo- Thurein Tun



အင်းစိန် GTI Quarantine စင်တာမှာ နယ်တွေကနေအလုပ်လုပ်ပြီးပြန်လာလို့ ရပ်ကွက်က လက်မခံတဲ့သူတွေကိုထားတာဖြစ်ပြီး ရက်ပြည့်လို့ အိမ်ပြန်တဲ့အခါမှာ အခုလိုလုပ်ရက်တွေလုပ်ခဲ့တာက လုံးဝအကျဉ်းတန်တဲ့လုပ်ရက်ဖြစ်တယ်လို့ အင်းစိန်မြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးဝေဖြိုးဟန်က Duwun ကိုပြောပါတယ်။

 “ ကျွန်တော်တို့က သူတို့ နေထိုင်စဉ်ကာလအတွင်းမှာလည်း စရိတ်တစ်ပြားမှမပေးရဘဲ အားလုံးအဆင်ပြေအောင်လုပ်ပေးခဲ့တာပါ။ ဒီရ်ပိုင်းအတွင်း ပြည်ပကဝင်ရောက်လာမယ့်သူတွေလည်းရှိတော့ နေရာတွေပြင်ဆင်တဲ့အနေနဲ့ လက်ရှိနေနေတဲ့ သူတွေထဲက ရက်ပြည့်တဲ့သူတွေပြန်သွားတဲ့အခန်းတွေကို ဆေးတွေဖြန်း၊ သန့်ရှင်းရေးတွေဝင်လုပ်တဲ့အခါမှာ အခုလိုတွေ့ရတာပါ။ ဘယ်သူဘယ်ဝါဆိုတာမသိပေမယ့် အခုဒီကိစ္စက လိုင်းပေါ်မှာလည်း ပြန့်နေပြီဆိုတော့ လုပ်ခဲ့တဲ့ သူကတော့ ကိုယ့်ကိုကိုယ်ရှက်ဖို့ကောင်းပါတယ်။ ကျွန်တော်တို့ကတော့ နောက်လူတွေဒါမျိုးထပ်မလုပ်အောင်ပဲ ပြောလို့ရပါတယ်” ဦးဝေဖြိုးဟန်ကပြောပါတယ်။

လက်ရှိ အင်းစိန် GTI Quarantine စင်တာမှာ Quarantineထားရှိထားသူ (၁၆)ဦးလောက်ကျန်နေသေးပြီး ပြည်ပကပြန်လည်ဝင်ရောက်လာမယ့်သူတွေအတွက်တော့ အယောက်(၄၀)၊ (၅၀)စာ ပြင်ဆင်ထားတယ်လို့ သိရပါတယ်။ 

photo- Thurein Tun

အင်းစိန် GTI Quarantine စင်တာမှာဆိုရင် လိုလေသေးမရှိ အစားအသောက်၊ သန့်ရှင်ရေး၊ ကျန်းမာရေး၊ ကုတင်ခြင်ထောင်အပါအဝင် wifi က တပ်ဆင်ပေးထားတာကိုတောင် အခုလို လုပ်ရက်မျိုးတွေဖြစ်သွားတာ လုပ်သွားတဲ့သူအတွက်ကတော့ ပြောစရာစကားမရှိလောက်အောင်ပါပဲလို့ ဦးဝေဖြိုးဟန်ကပြောပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က