ကူးစက်မှု မြန်ဆန်နေတဲ့ကိုဗစ်ပိုးကြောင့် ထောင်ဝင်စာတွေ့ခွင့်ကို ရုတ်သိမ်းလိုက်တာပါ။

ရန်ကုန်မှာ ကိုဗစ်ကူးစက်မှုမြင့်တက်လာတဲ့အတွက် အင်းစိန် အကျဉ်းထောင်မှာ ထောင်ဝင်စာတွေ့ခွင့်ကို ဒီနေ့စက်တင်ဘာလ ၄ ရက်နေ့ကစပြီး ရုပ်သိမ်းလိုက်ပြီလို့ သိရပါတယ်။



ဒါကြောင့် ထောင်ဝင်စာတွေ့ခွင့်အစား ဧည့်မတွေ့ ပါဆယ်ပေးသွင်းခြင်းကိုသာ ခွင့်ပြု လက်ခံမှာဖြစ်တယ်လို့သိရပါတယ်။ ကူးစက်မြန်ကိုဗစ်ကပ်ရောဂါ အင်းစိန် အကျဉ်းထောင်တွင်း ကူးစက်ပျံ့ပွားမှုမဖြစ်ပေါ်စေဖို့  ထောင်တွင်းကို ဧည့်တွေ့ခွင့်ရပ်ဆိုင်းလိုက်တာဖြစ်ပါတယ်။ " အင်းစိန်က လော့ဒေါင်း ချခံထားရပြီ‌လေ။ဒီတော့ ထောင်ဝင်စာတွေ့ခွင့် မရှိတော့ဘူး။ ထောင်က‌လည်း တွေ့ခွင့် ရုတ်သိမ်းတဲ့စာထုတ်ပြန်ထားလိုက်ပြီ၊ ပါဆယ်စနစ်တော့လက်ခံပေးမယ် "လို့ အကျဉ်းဦးစီးဌာနမှ ဒုတိယညွန်ကြားရေးမှူးချုပ် ဦးရဲရင့်နိုင်က ပြောပါတယ် ။



ထောင်ဝင်စာ ပါဆယ် ပေးသွင်းခွင့်စနစ်ကို နှစ်ပတ် ၁ကြိမ် ၊ ၁ ကြိမ်မှာ လူတစ်ဦးသာ ပါဆယ်ပစ္စည်း ပေးသွင်းနိုင်မှာဖြစ်တယ်လို့ အင်းစိန်အကျဉ်းထောင်က ဒီကနေ့ ရက်စွဲနဲ့ ထုတ်ပြန်ထားပါတယ်။ထောင်ဝင်စာ ပြန်လည်ခွင့်ပြု မယ့်အချိန်ကိုတော့ ပြောဆိုတာမရှိသေးပါဘူး။

အင်းစိန်မြို့နယ်ဟာ ရန်ကုန်တိုင်း‌ဒေသကြီးတွင်း  Stay at Home သတ်မှတ်ထားတဲ့ မြို့နယ် ၇ မြို့နယ်ထဲမှာ ပါဝင်နေပါတယ်။

(အလွတ်တန်းသတင်းထောက် ချစ်ခွန်းချို ပေးပို့ထားသော သတင်းဖြစ်ပါသည်)

Share

Loading Next Article...
က္က