စက်တင်ဘာလ(၆)ရက်နေ့က တိုင်ကြားချက်ဖွင့်လှစ်ခဲ့တာပါ။
Ei Ei Htun

စက်ရုံမှူး ဒေါက်တာအောင်ဇော်ဟာ ဆေးဝါးထုပ်ပိုးပစ္စည်းများ ထုတ်လုပ်ရန်အတွက် ကော်စေ့ ၂၆ တန်ကို လုပ်ထုံးလုပ်နည်း နှင့်မညီဘဲ ဝယ်ယူခဲ့ပြီး နိုင်ငံတော်၏ ငွေကြေးနှင့် ပစ္စည်းကို ထိခိုက်နစ်နာ ဆုံးရှုံး စေကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့တာကြောင့် အဂတိလိုက်စားမှုနဲ့ အမှုဖွင့်အရေးယူခဲ့တာဖြစ်ကြောင်း အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က သတင်းထုတ်ပြန်ထားတာပါ။ 

စက်မှုဝန်ကြီးဌာန၊ မြန်မာ့ဆေးဝါးလုပ်ငန်း၊ ဆေးဝါးစက်ရုံ(အင်းစိန်)က စက်ရုံမှူး ဒေါက်တာအောင်ဇော်ကို အဂတိလိုက်စားမှုနဲ့အမှုဖွင့်အရေးယူလိုက်ကြောင်း အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က သတင်းထုတ်ပြန်ထားပါတယ်။

ဆေးဝါးစက်ရုံ(အင်းစိန်) BPI နှင့် ဆေးဝါးစက်ရုံ(အင်ရောင်း) ကျောက်ဆည် တို့မှာ သွေးကြောသွင်း ဆေးရည်ဘူးများ ထုတ်လုပ်ရန်အတွက် ကော်စေ့များနှင့် စက်ပစ္စည်းများ ဝယ်ယူရာ ကုမ္ပဏီနှင့် ပူးပေါင်းပြီး ရိုက်စားခွင်များ ဖန်တီးနေသူများအား အရေးယူ ပေးပါရန် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်သို့ တိုင်ကြားခဲ့တယ်လို့ဆိုပါတယ်။

တိုင်ကြားစာအရ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က စုံစမ်းစစ်ဆေးရေး အဖွဲ့ ဖွဲ့စည်းပြီး စစ်ဆေးခဲ့တယ်လို့သိရပါတယ်။ စစ်ဆေးတဲ့အခါမှာတော့ ဆေးဝါးစက်ရုံ(အင်းစိန်) စက်ရုံမှူး ဒေါက်တာအောင်ဇော်ဟာ ဆေးဝါးထုပ်ပိုးပစ္စည်းများ ထုတ်လုပ်ရန်အတွက် ကော်စေ့ ၂၆ တန်ကို လုပ်ထုံးလုပ်နည်း နှင့်မညီဘဲ ဝယ်ယူခဲ့ပြီး နိုင်ငံတော်၏ ငွေကြေးနှင့် ပစ္စည်းကို ထိခိုက်နစ်နာ ဆုံးရှုံး စေကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာပါရှိပါတယ်။ ဒါကြောင့် စက်ရုံမှူး ဒေါက်တာအောင်ဇော် အပေါ် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၆ အရ ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့မရဲစခန်းမှာ စက်တင်ဘာလ(၆)ရက်နေ့က ပထမသတင်းပေး တိုင်ကြားချက်ဖွင့်လှစ်ခဲ့ပြီး တရားစွဲဆို အရေးယူနိုင်ရေး ဆောင်ရွက်လျှက်ရှိတယ်လို့ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က ဒီကနေ့ မွန်းလွဲ(၂)နာရီမှာ သတင်းထုတ်ပြန်ထားပါတယ်။


က္က