loading...

loading...

loading...

မိသားစုဝင်တွေကိုလည်း Home Quarantine လုပ်ထားပါတယ်။
Mi Thawdar Aung

လတ်တလောစုံစမ်းမှုတွေအရ ရောဂါပိုးရှိသူဟာ သူနေတဲ့ရပ်ကွက်အနီးမှာ ဆံပင်သွားညှပ်ခဲ့တာကြောင့် အဆိုပါ ဆံပင်ညှပ်ဆိုင်ကိုလည်း ပိတ်ထားပြီး ဆံပင်ညှပ်သမား (၂) ဦးကိုလည်း အသွားအလာကန့်သတ်လိုက်တယ်လို့ အင်းစိန်မြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးသာအောင်က Duwun ကိုပြောပါတယ်။ 

လက်ရှိမှာ လူနာနဲ့ အတူ လူနာနဲ့ အနီးကပ်ထိတွေ့ခဲ့သူ ညီအစ်ကိုတစ်ဦးကို မြောက်ဥက္ကလာပ ဝေဘာဂီဆေးရုံကိုပို့ဆောင်ထားပြီး သူ့ရဲ့ မိသားစုဝင် (၇) ဦးကိုတော့ နေအိမ်မှာနေထိုင်ပြီး အသွားအလာကန့်သတ်ခြင်း (Home Quarantine) လုပ်ဆောင်ထားတယ်လို့သိရပါတယ်။

“ လောလောဆယ်တော့ သူဆံပင်ညှပ်ဆိုင်သွားခဲ့တယ်လို့သိရတော့ အဲဒီနေရာကို အသွားအလာကန့်သတ်လိုက်ပြီ။ အရပ်စကားတွေအရတော့ လက်ဖက်ရည်ဆိုင်ထိုင်ခဲ့တယ်လို့တော့ ပြောနေကြတယ်။ သူသွားခဲ့တဲ့နေရာတွေကို သေချာစုံစမ်းပြီးတော့မှ အသွားအလာကန့်သတ်တာတွေ ထပ်လုပ်ဖို့ရှိပါတယ်” လို့ လွှတ်တော်ကိုယ်စားလှယ်ဦးသာအောင်က Duwun ကိုပြောပါတယ်။

လက်ရှိသူနေထိုင်ခဲ့တဲ့အင်းစိန်မြို့နယ်အတွင်းက ရပ်ကွက်ကိုတော့ အသွားအလာကန့်သတ်မထားသေးဘဲ သူနေခဲ့တဲ့ လမ်းအပြင် ဆက်စပ်နေတဲ့ လမ်းအချို့ကိုတော့ ကန့်သတ်မှုတွေ လုပ်ထားတယ်လို့လည်း သိရပါတယ်။

အင်းစိန်မြို့နယ်က အသက် (၂၆) နှစ်အရွယ် COVID-19 Positive တွေ့ရှိခဲ့တဲ့အမျိုးသားဟာ အင်္ဂလန်နိုင်ငံကနေ မြန်မာနိုင်ငံကို ထိုင်းနိုင်ငံတစ်ဆင့် လေကြောင်းနဲ့ မတ်လ ၂၁ ရက်က ရန်ကုန်လေဆိပ်ကို ရောက်ရှိလာတာဖြစ်ပါတယ်။

မတ်လ ၂၃ ရက်မှာတော့ ဖျားနာချောင်းဆိုးခြင်း ရောဂါလက္ခဏာတွေနဲ့ အင်းစိန်ပြည်သူ့ဆေးရုံကြီးမှာ စောင့်ကြပ်လူနာအဖြစ် သီးသန့်ခန်းထားရှိကုသနေခဲ့ပြီး မတ်လ ၂၄ ရက်မှာတော့ ဓာတ်ခွဲခန်းအဖြေအရ ရောဂါပိုးတွေ့ရှိခဲ့ရတာဖြစ်ပါတယ်။

လက်ရှိမြန်မာနိုင်ငံမှာ ရောဂါပိုးတွေ့ရှိသူ (၃) ဦးရှိနေပြီး(၂) ဦးမှာ ရန်ကုန်တိုင်းအတွင်းမှာ ဖြစ်ပြီး ကျန် (၁) ဦးကတော့ ချင်းပြည်နယ် တီးတိန်မြို့နယ်မှာ ဖြစ်တယ်လို့ သိရပါတယ်။



loading...

က္က