လက်ရှိမှာ မြို့နယ်အားလုံးကို ပယ်ဖျက်လိုက်ပြီးဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ Stay at Home အစီအစဉ်မှာ တစ်မြို့နယ်တည်းသာကျန်ရှိတော့တဲ့ အင်းစိန်မြို့နယ်ကို ဇူလိုင်လ ၁ ရက်က စတင်ပြီး အဲဒီအစီအစဉ်ကနေ ပယ်ဖျက်လိုက်ပြီလို့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ဒီကနေ့ ဇွန်လ ၃၀ ရက်မှာ ထုတ်ပြန်ကြေညာခဲ့ပါတယ်။

ရန်ကုန်တိုင်းအတွင်း COVID-19 ရောဂါကူးစက်ပျံ့ပွားမှုနဲ့ ကပ်ရောဂါ ဗေဒဆိုင်ရာအချက်အလက်တွေအရ ရောဂါထိန်းချုပ်မှုတိုးတက်လာတာကိုတွေ့ရတာကြောင့် အင်းစိန်မြို့နယ်ကို Stay at Home အစီအစဉ်ကနေ ပယ်ဖျက်ကြောင်း ကြေညာခဲ့တာပါ။ အင်းစိန်က ပြည်သူတွေအနေနဲ့ လက်ရှိအချိန်မှာ စိုးရိမ်မှုလျော့ကျနေပြီး စည်းကမ်းမဲ့သွားလာမှုတွေရှိနေလို့ ကိုဗစ်ဒုတိယလှိုင်းအတွက်တော့ စိုးရိမ်ရတယ်လို့ အင်းစိန်မြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်က Duwun ကိုပြောပါတယ်။



ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနအနေနဲ့ COVID-19 ရောဂါကူးစက်ပျံ့နှံ့မှုတွေကို ပိုမိုထိန်းချုပ်နိုင်အောင်ဆိုပြီး ရန်ကုန်တိုင်းအတွင်းက မြို့နယ် ၁၀ မြို့နယ်နဲ့ စစ်ကိုင်းတိုင်းအတွင်းက ကလေးမြို့တို့ကို ပြီးခဲ့တဲ့ ဧပြီလတုန်းက Stay at Home အစီအစဉ်မှာ အကျုံးဝင်ကြောင်း သတ်မှတ်ခဲ့ပါတယ်။

အဲဒီနောက် မေလ ၁၄ ရက်မှာ ရွှေပြည်သာ၊ လှိုင်သာယာ၊ မင်္ဂလာဒုံ၊ ဗိုလ်တထောင်နဲ့ ကလေးမြို့နယ်၊ မေလ ၂၅ ရက်မှာ တောင်ဥက္ကလာပ၊ ပန်းဘဲတန်း၊ ဗဟန်း၊ တာမွေမြို့နယ်နဲ့ ဇွန်လ ၁၄ ရက်နေ့မှာတော့ မရမ်းကုန်းမြို့နယ်တို့ကို Stay at Home အစီအစဉ်ကနေ ပယ်ဖျက်ခဲ့ပြီးဖြစ်တယ်လို့ သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က