အင်းစိန်က လက်ရှိကူးစက်လူနာ (၁၃၄) ဦးအထိ ရှိနေပါပြီ။

ကိုဗစ်ပထမလှိုင်းကို သိသိသာသာခံစားခဲ့ရတဲ့ အင်းစိန်မြို့နယ်မှ လက်ရှိ ကိုဗစ်ဒုတိယလှိုင်းရဲ့ ကူးစက်လူနာအရေအတွက်ဟာ ပထမလှိုင်းထက် (၃) ဆခန့် မြင့်တက်လာတယ်လို့ သိရပါတယ်။

ကိုဗစ်ပထမလှိုင်းမှာ အင်းစိန်က (၄၅)ဦး ရောဂါကူးစက်ခံခဲ့ရပြီး ဒုတိယလှိုင်းမှာတော့ ယနေ့မနက်ပိုင်းထိ ကူးစက်လူနာ (၁၃၄)ဦးရှိနေပြီလို့ အင်းစိန်မြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးဝေဖြိုးဟန်က Duwun ကို ပြောပါတယ်။



“ ဒီမနက်ပိုင်းတင် (၂၃)ဦး ထပ်တိုးခဲ့တာဆိုတော့ အခုဆို ဒုတိယလှိုင်းတင် ကူးစက်လူနာက (၁၃၄)ဦး ရှိပါပြီ။ ကျွန်တော်တို့ အင်းစိန်က ပထမလှိုင်းမှာကတည်းက တော်တော်ခံစားခဲ့ရတာပေါ့။ အခုဆိုပိုဆိုးတယ် ပိုးကူးစက်မှုလည်း အရမ်းမြန်တယ်။ တစ်အိမ်မှာ တစ်ယောက်တွေ့ပြီဆိုတာနဲ့ မိသားစုလိုက် ကူးစက်ခံရတာမျိုးတွေဖြစ်တော့ အိမ်ထဲမှာနေရင်းနဲ့လည်း ကူးစက်မှုတွေရှိတဲ့အတွက် လူနာအရေအတွက်ကလည် းများလာတာပေါ့”လို့ ဦးဝေဖြိုးဟန်က ပြောပါတယ်။

အခုလို ရန်ကုန်တိုင်းအတွင်း ကိုဗစ်ကူးစက်လူနာများလာတဲ့အတွက် စည်းကမ်းတွေကို တစ်ဦးတစ်ယောက်ချင်းတိုင်းကလည်း လိုက်နာဖို့လိုပြီး အင်းစိန်မြို့နယ်အတွင်းကတော့ အားလုံးနီးပါး ကျန်းမာရေးအသိတွေကို လိုက်နာမှုရှိလာပြီလို့ ဆိုပါတယ်။ ကိုဗစ်ပိုး ကူးစက်မှုပျံ့နှံ့နေတဲ့ ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ်အားလုံး stay at home အဖြစ် နေထိုင်ကြဖို့ ဝန်ကြီးဌာနက မနေ့ကညက ထုတ်ပြန်ကြေညာခဲ့ပေမယ့် မဖြစ်မနေ ရုံးတက် အလုပ်လုပ်ရမယ့် ဝန်ထမ်းတွေလည်း ရှိနေခဲ့ပါတယ်။

နိုင်ငံတော်အနေနဲ့က ကိုဗစ်ကိုထိန်းချုပ်နိုင်ဖို့အတွက် ထုတ်ပြန်ချက်တွေကို တစ်ဆင့်ပြီးတစ်ဆင့်ထုတ်ပြန်နေပြီး ဒီထက်တင်းကြပ်မှုတွေလည်း လာနိုင်တယ်လို့ ဦးဝေဖြိုးဟန်က သူ့ရဲ့ အမြင်ကိုပြောခဲ့ပါတယ်။ ကိုဗစ် ပထမလှိုင်းကော ဒုတိယလှိုင်းကိုကော သိသိသာသာခံစားနေရတဲ့ အင်းစိန်မြို့နယ်က လက်ရှိအချိန်ထိ ပိုးတွေ့လူနာတွေထဲမှာ သေဆုံးမှုမရှိသေးဘူးလို့ သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က