downtown မြို့နယ်တွေမှာ အသုံးပြုနိုင်မှာပါ။
Ei Ei Htun

ပြည်သူတွေက အစိုးရကို သတင်းပေးပို့နိုင်တဲ့ Digital Yangon Applicationကို လမ်းမတော်၊ လသာ၊ပုဇွန်တောင်၊ကျောက်တံတား၊ဗိုလ်တစ်ထောင်၊ ပန်းဘဲတန်းမြို့နယ်တွေမှာ အသုံးပြုနိုင်မှာဖြစ်ပြီး တခြား ပြည်နယ်နဲ့တိုင်းဒေသကြီးတွေမှာလည်း အသုံးပြုနိုင်အောင်စီစဉ်ဆောင်ရွက်နေတယ်လို့ သိရပါတယ်။ 

ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာရှိတဲ့ ပြည်သူများ၏ အကြံပြုချက်များကို သက်ဆိုင်ရာအစိုးရအဖွဲ့အစည်းများက သိရှိကူညီစေနိုင်ရန် ချိတ်ဆက်ပေးတဲ့ ဒီဂျစ်တယ် အပလီကေးရှင်းတစ်ခုဖြစ်တဲ့ Digital Yangon Application ကို ရန်ကုန်မှာ တွင်ကျယ်စွာအသုံးပြုနိုင်တာ့မှာပါ။ ဒီအပလီကေးရှင်းကို ၂၀၁၉ ခုနှစ်မတ်လက ကျောက်တံတားမြို့နယ်မှာ ပထမဆုံးစတင်အသုံးပြုခဲ့ပြီးတော့ ယခုဆိုရင် ရန်ကုန်ရဲ့ downtown မြို့(၆) မြို့နယ်စလုံးမှာ အသုံးပြုနိုင်တော့မှာ ဖြစ်ပါတယ်။

" ဒီ အပလီကေးရှင်းကနေ ပြည်သူတွေက အစိုးကို သတင်းပို့နိုင်တဲ့ ကဏ္ဍ(၅)ခုပါတယ်။ အမှိုက်ကိစ္စ၊ ရေကိစ္စ၊ မီးကြိုးကိစ္စ၊ လမ်းကိစ္စနဲ့ ယာဉ်တွေနဲ့ပတ်သက်ပြီး လိုအပ်တာတွေကို ဓာတ်ပုံရိုက်ပြီး သတင်းပေးပို့နိုင်ပါတယ်။ အပလီကေးရှင်းကို စသုံးခဲ့တာက ကျောက်တံတားမြို့နယ်မှာ (၃)လပိုင်းကတည်းက စသုံးခဲ့တာ။ ပြည်သူတွေအနေနဲ့ကလည်း အရမ်းစိတ်ဝင်စားတယ်။ ရက်ပိုင်းအတွင်းမှာပဲ အပလီကေးရှင်းကို down တာ ထောင်ဂဏန်းလောက်ရှိတယ်။ သတင်းပေးမှုတွေလည်းများစွာရှိခဲ့တယ်” လို့ ဒီဂျစ်တယ်စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကော်မတီမှ မန်နေဂျင်းဒါရိုက်တာ ကိုမြမိုးအောင်က မီဒီယာတွေကိုပြောပါတယ်။

Digital Yangon Applicationရဲ့သော့ချက်က ပြည်သူတွေကသတင်းပို့တဲ့ အချက်အလက်တွေကို သက်ဆိုင်ရာဌာနတွေက ရရှိပြီး အချိန်မီတုန့်ပြန်ပြီး ကူညီေဆောင်ရွက်ပေးနိုင်မှာပဲဖြစ်တယ်လို့သိရပါတယ်။

Application ကို Android Phone တွေကော၊ I Phone တွေမှာ အသုံးပြုနိုင်ပါတယ်။ Digital Yangon Applicationကို Play Store မှာDownload ဆွဲပြီးတော့ ဖုန်းနံပတ်နဲ့ ဝင်ပြီး စတင်အသုံးပြုနိုင်မှာပါ။ Digital Yangon Application ကို အသုံးပြုတဲ့အခါမှာ ပြည်သူတွေ အင်တာနက်အသုံးပြုခ မကုန်အောင် မိုဘိုင်းအော်ပရေတာတွေနဲ့ ချိတ်ဆက်ဆောင်ရွက်နေတယ်လို့သိရပါတယ်။ ဒီ အပလီကေးရှင်းကို တခြားပြည်နယ်နဲ့တိုင်းဒေသကြီးတွေမှာ အသုံးပြုနိုင်အောင်စီစဉ်ဆောင်ရွက်နေပြီး လက်ရှိမှာတော့ ရန်ကုန်မြို့မှာ လမ်းမတော်၊ လသာ၊ပုဇွန်တောင်၊ကျောက်တံတား၊ဗိုလ်တစ်ထောင်၊ ပန်းဘဲတန်းမြို့နယ်တွေမှာ အသုံးပြုနိုင်ပါပြီ။


က္က