တစ်အိမ်ထောင် နှစ်သောင်းကျပ် ထောက်ပံ့သွားမှာပါ။
Ei Ei Htun

COVIDကာလအတွင်းမှာ အခြေခံလူတန်းစားတွေအတွက် အစိုးရရဲ့ ဒုတိယအကြိမ်ထောက်ပံ့မှုကို ဇူလိုင်လ နောက်ဆုံးအပတ်မှာ စတင်သွားမယ်လို့ သမ္မတရုံး သတင်းစာရှင်းလင်းပွဲကနေ သိရပါတယ်။

ပုံမှန်ဝင်ငွေ မရှိ တဲ့ အခြေခံ လူတန်းစား အိမ်ထောင်စုပေါင်း ၅ ဒသမ ၄ သန်း ကို တစ်အိမ်ထောင်စု နှစ်သောင်းကျပ်ဆီထောက်ပံ့သွားမှာပါ။



အိမ်ထောင်စု (၅)သန်း (၄)သိန်းကျော်မှာ ပြည်ပကနေပြန်လာတဲ့သူတွေထဲက အဆင်မပြေတဲ့မိသားစုဝင်တွေနဲ့ ပထမတစ်ကြိမ်ထောက်ပံ့မှုမှာ မရရှိခဲ့တဲ့သူတွေပါ ပါဝင်ပါတယ်။

“ပထမ အကြိမ် အနေ နဲ့ အခြေခံစားသောက်ကုန် (၅)မျိုး ဖြန့်ဖြူး ခဲ့တုန်းက အကြောင်း အမျိုးမျိုးကြောင့် ကျန် ခဲ့တဲ့ အိမ်ထောင်စုတွေအပါအဝင် 

အိမ်ထောင်စု ၅ ဒသမ ၄ သန်းကျော် ရှိတယ်။ ပုံမှန်ဝင်ငွေ မရှိတဲ့ အခြေခံ လူတန်းစား အိမ်ထောင် စုပေါင်း ၅ ဒသမ ၄ သန်းကျော် ကို အိမ်ထောင် တစ်စု ကို ကျပ်ငွေ နှစ်သောင်းစီ ထောက်ပံ့ဖို့ ဇူလိုင်လ နောက်ဆုံးပတ် မှာ စပြီး ထောက်ပံ့မှာ ဖြစ်ပါတယ်” လို့ သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေး က ပြောကြား ခဲ့ ပါ တယ် ။

အစိုးရက အခြေခံစားသောက်ကုန် (၅)မျိုးကို ပထမအကြိမ်ထောက်ပံ့ခဲ့စဉ်က အကြောင်းအမျိုးမျိုးကြောင့် ကျန်ရှိခဲ့ပြီး ထောက်ပံ့မှုမရရှိခဲ့တဲ့ အိမ်ထောင်စုပေါင်း (၁.၄)သန်းကျော်ရှိတယ်လို့ဆိုပါတယ်။ အဲဒီ (၁.၄)သန်းကျော်အတွက်ကိုလည်း တစ်အိမ်ထောင်စုကို ၁၅၀၀၀ကျပ်ပြန်လည်ထောက်ပံ့ပေးခဲ့ပါတယ်။ 

ဒုတိယအကြိမ် ငွေကြေးထောက်ပံ့မှုမှာတော့အိမ်ထောင်စုအလိုက် ဖုန်းနံပတ်တွေကို သေချာကောက်ယူထားပြီး mobile payment တွေနဲ့ထောက်ပံ့သွားမယ်လို့ဆိုပါတယ်။ ကနဦးအစီအစဉ်အနေနဲ့ နေပြည်တော်က ပုဗ္ပသီရိမြို့နယ် ၊ မန္တလေးမိထ္ထီလာခရိုင်နဲ့ ကလောမြို့နယ်တို့ကိုမှာ စမ်းသပ်သွားမယ်လို့ သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ


Author

  • Ei Ei Htun

    Content Writer/Reporter


က္က