လက်ရှိအချိန်ထိ တရားခံ မဖမ်းမိသေးပါဘူး။

အင်တာနက်မှတစ်ဆင့် ချစ်သူဖြစ်ပြီး အိမ်မှာလာရောက်တည်းခိုရာကနေ အိမ်ရှင်အမျိုးသမီးကိုသတ်ပြီး ရွှေထည်ပစ္စည်းတွေခိုးယူမှု ရွှေကူမြို့နယ်မှာ ဖြစ်ပွားခဲ့တယ်လို့ အဆိုပါမြို့နယ်ရဲစခန်းက နေ သိရပါတယ်။

Photo - ရဲမှူး ဟန်မွှေး Facebook

ဇန်နဝါရီလ ၁၁ ရက် မနက် ၁ နာရီလောက် ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ရွှေကူမြို့နယ် အမှတ် (၃) နေအိမ်တစ်ခုမှာ သားသမီး ၃ ဦးနဲ့ အတူနေထိုင်သူ အသက် ၄၃ နှစ်အရွယ် ဒေါ်အိအိခိုင်ရဲ့နေအိမ်မှာ လာရောက်တည်းခိုခဲ့တဲ့ ထွန်းနိုင်ဝင်းနဲ့ မင်းထက်ဆိုသူတို့က အိမ်ရှင်ဒေါ်အိအိခိုင်ကိုသတ်ပြီး သိန်း ၂၀၀ ကျော်တန်ဖိုးရှိ ရွှေတွေယူသွားခဲ့တဲ့ဖြစ်စဉ်ကို ရွှေကူမြို့မရဲစခန်းက တရားခံကူညီဖမ်းဆီးပေးဖို့ သတင်းထုတ်ပြန်ထားတာပါ။


“တရားခံတွေကို အစုအဖွဲ့တွေဖွဲ့ပြီး ရှာဖွေနေပါတယ်။ အခုထိတော့ မမိသေးပါဘူး။ တရားခံတွေက ပုန်းနေတယ်။ ကျွန်တော်တို့သဲလွန်စတွေနဲ့ လိုက်နေပါတယ်” လို့ ရွှေကူမြို့မရဲစခန်းမှ စခန်းမှူး ရဲမှူးဟန်မွှေးက Duwun ကိုပြောပါတယ်။

ဇန်နဝါရီလ ၁၁ ရက် မနက် ၁ နာရီလောက်က ဒေါ်အိအိခိုင်ဟာ နေအိမ်အိပ်ခန်းမှာ နှာခေါင်းမှသွေးများယိုထွက်ကာ သတိလစ်နေပြီး ဝတ်ဆင်ထားတဲ့ လက်ဝတ်ရတနာတွေနဲ့ ဟန်းဖုန်း ၃ လုံး ပျောက်ဆုံးနေကြောင်းနဲ့ လာရောက်တည်းခိုနေထိုင်ခဲ့သူ ၂ ဦးလည်း နေအိမ်မှာ မရှိတော့ကြောင်းတွေ့ရတာကြောင့် သားဖြစ်သူက ရွှေကူမြို့မရဲစခန်းကို လာရောက်တိုင်ကြားခဲ့တယ်လို့ ရဲမှတ်တမ်းတွေအရ သိရပါတယ်။

(ကျူးလွန်သူတစ်ဦးရဲ့ ဓာတ်ပုံ) Photo - ရဲမှူးဟန်မွှေး Facebook

အခင်းဖြစ်နေအိမ်ကို ရွှေကူမြို့မရဲခစန်းတာဝန်ရှိသူတွေ သွားရောက်စစ်ဆေးရာ သေဆုံးသူ ဒေါ်အိအိခိုင်မှာ နှာခေါင်းမှ သွေးတွေ ယိုထွက်နေပြီး ခေါင်းအုံးနဲ့ ဖိသတ်ခံရတယ်လို့ ယူဆကြောင်း၊ ပြစ်မှုကျူးလွန်ခဲ့တယ်လို့ ယူဆရသူ (၂) ဦးမှာလည်း အခင်းမဖြစ်မီ ရွှေကူမြို့ မြမြှင့်မိုရ်တည်းခိုခန်းမှာ ခေတ္တတည်းခိုခဲ့ပြီး တည်းခိုခအကြွေးကျန်နေပြီး ခရီးဆောင်အိတ်နဲ့ အသုံးအဆောင်ပစ္စည်းတွေလည်းကျန်ရှိနေသေးတယ်လို့ ရွှေကူမြို့ မြမြင့်မိုရ်တည်းခိုခန်းမန်နေဂျာကနေသိရတယ်လို့ ရဲစစ်ဆေးချက်အရသိရပါတယ်။

ပြစ်မှုကျုးလွန်သူ နှစ်ဦးထဲက တစ်ဦးမှာ သေဆုံးသူအမျိုးသမီးနဲ့ အင်တာနက်မှတစ်ဆင့်ချစ်ကြိုက်ခဲ့ကြောင်းနဲ့ ၎င်းတို့နှစ်ဦးဟာ ဇာတ်မင်းသားတွေ ဖြစ်တယ်လို့လည်း ဆိုပါတယ်။ ကျူးလွန်သူတွေဟာ သေဆုံးသူ ဝတ်ဆင်ထားတဲ့၁၀ ကျပ်သားရှိလော့ကတ်သီးပါ ဆွဲကြိုး (၁) ကုံး၊ ၅ မူးသားခန့်ရှိတဲ့ လက်ကောက်အကွင်း (၂၀)၊ ၅ မူးသားခန့်ရှိတဲ့ လက်ကောက်အကွင်း (၂၀)၊ ၅ မူးသားခန့်ရှိတဲ့ လက်စွပ် ၃ ကွင်း၊ Foot Change ၂ ကျပ်သားခန့်ရှိတဲ့ ၁ ကွင်း၊ Oppo အမျိုးအစားလက်ကိုင်ဖုန်း ၃လုံး စုစုပေါင်း တန်ဖိုး ကျပ်သိန်း ၂၀၀ ခန့် လုယက်သွားခဲ့တာဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ



က္က