တစ်ချို့ နေရာတွေမှာ မတ်စောက်တာ၊ ဆိုးရွားတဲ့ ချိုင့်ခွက်တွေ ရှိနေပါတယ်။
Mi Thawdar Aung

မန္တလေးတိုင်း ပြင်ဦးလွင်မြို့မှာရှိတဲ့ ဓာတ်တော်ချိုင့်ရေတံခွန်သွားရတဲ့လမ်းမှာ တစ်ချို့နေရာတွေမှာ မတ်စောက်တာ၊ ဆိုးရွားတဲ့ ချိုင့်ခွက်တွေ ရှိနေလို့ ခရီးသွားတွေ အဆင်မပြေ ဖြစ်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဓာတ်တော်ချိုင့်သို့သွားရာလမ်းအခြေအနေ။

သဘာ၀ ရေမြေတောတောင်တွေ၊ အပန်းဖြေစရာ ရေတံခွန်စိမ့်စမ်းတွေနဲ့ လှပနေတဲ့ ဓာတ်တော်ချိုင့်ရေတံခွန်ဟာ လမ်းပန်းဆက်သွယ်ရေးမကောင်းတာကြောင့် ခရီးသွားလုပ်ငန်း ဖွံဖြိုးမှု နောက်ကျနေတယ်လို့ ဆိုပါတယ်။

“လမ်းမကောင်းတော့ ခရီးသည် အဝင်အထွက်နည်းတယ်။ ကားသမားတွေ တော်တော်များများကလည်း ခရီးသွားတွေကို မပို့ဘူး။ ကျွန်မတို့ ရေတံခွန်က လမ်းအခက်အခဲကြောင့် ပျောက်ဆုံးနေရတယ်”လို့ ဓာတ်တော်ချိုင့်ရေတံခွန်မှာ စားသောက်ဆိုင် ဖွင့်ထားသူ ဒေါ်တင်တင်နွယ်က Duwun ကိုပြောပါတယ်။

ပြင်ဦးလွင်အနီးစခန်းကနေ ဓာတ်တော်ချိုင့်သို့ဆိုတဲ့ ဆိုင်းဘုတ်ရှိရာ လမ်းခွဲကနေ ကား၊ ဆိုင်ကယ်တွေနဲ့ ၅မိနစ်ခန့်သွားရပြီး ရွှေဘိုစုရပ်ကွက်ကနေ တောင်အဆင်းလမ်းအတိုင်း ရေတံခွန်ရှိရာဆီကို သွားရတာဖြစ်ပါတယ်။

ဓာတ်တော်ချိုင့်ရေတံခွန် ကို မြင့်တွေရစဉ်။

တောင်ထိပ်ကနေ တောင်အောက်အထိ တစ်မိုင်နဲ့ နှစ်ဖာလုံသာ ကြာမြင့်တဲ့ ဒီခရီးစဉ်ဟာ လမ်းလျှောက်ဆင်းရင် နာရီဝက်သွားရပြီး ပြန်အတက်ကို တစ်နာရီခွဲခန့် သွားရတယ်လို့ သိရပါတယ်။

ခရီးသွားတွေကတော့ ခြေကျင်သွားရတာ အဆင်မပြေတာကြောင့် ကားဖြစ်ဖြစ် ဆိုင်ကယ်ဖြစ်ဖြစ် သွားလာလိုကြတယ်လို့ ဆိုပါတယ်။

“ ကိုယ့်ဒေသမှာရှိတဲ့ သဘာဝတောတောင်အလှအပတွေကို ခံစားနိုင်ဖို့ လုပ်ပေးချင်တယ်။ ဒါကြောင့် သက်ဆိုင်ရာဌာနတွေ တွေ ပူးပေါင်းပြီး စနစ်တကျနဲ့ ခရီးသွားတွေရဲ့ လုံခြုံမှု တွေ ရှိဖို့ ၊ ခရီးသွားလုပ်ငန်းတိုးတက်ဖို့ ဆောင်ရွက်မှာပါ “ လို့ မန္တလေးတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးအောင်မင်းက Duwun ကိုပြောပါတယ်။

အရင်ကာလတွေတုန်းကတော့ ဒေသခံတွေက မော်တော်ဆိုင်ကယ်တွေနဲ့ ရေတံခွန်ဆီကို ကယ်ရီ အဌားပြေးဆွဲကြလို့ သွားလာရေးအဆင်ပြေခဲ့ပေမယ့် အခုနောက်ပိုင်းမှာတော့ ဆိုင်ကယ်ကယ်ရီ ပြေးဆွဲခွင့်ကို တားမြစ်ထားတယ်လို့လည်း သိရပါတယ်။

“ ရေတံခွန်က တကယ်လှတော့လာချင်ကြပေမယ့် လမ်းမကောင်းတော့ ပြန်တက်တဲ့အခါကျ မူးေ့မသွားတာတေတွရှိတယ်။ အခုတော့ ဒေသခံတွေလည်း စားဝတ်နေရေးအတွက် ထမ်းပိုက်လေးတွေနဲ့  တစ်ပိုင်တစ်နိုင် ပို့ဆောင်ပေးတာတွေ ရှိပါတယ်” လို့ ပြင်ဦးလွင်အနီးစခန်း ရွှေဘိုစုရပ်ကွက်မှ ရာအိမ်မှူး ကိုမောင်ပြုံးက Duwun ကိုပြောပါတယ်။


က္က