ဦးစိုးဝင်းဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အားထားရတဲ့ လက်ရုံးလို့ လူသိများပါတယ်။
Ye Yint Htay

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ရဲ့ အပါးတော်မြဲ သက်တော်စောင့် ဦးစိုးဝင်းဟာ ဒီကနေ့ ဇူလိုင်လ၂၅ရက်နေ့ ညနေ၃နာရီမှာ ဦးနှောက်သွေးကြောပြတ်ပြီးကွယ်လွန်သွားတယ်လို့NLD ပါတီဗဟိုကော်မတီဝင် မုံရွာဦးအောင်ရှင်က ပြောပါတယ်။

"ဒေါ်အောင်ဆန်းစုကြည်သက်တော်စောင့်ဦးစိုးဝင်း မွန်းလွဲပိုင်းက ဦးနှောက်သွေးကြောပြတ်ပြီး ကွယ်လွန်သွားတယ်။ တပ်ကုန်းကို ကားနဲ့သွားတယ် ကားပေါ်မှာ အဲကွန်းကအေးတယ် လမ်းကလည်းပူတယ်။ ကားပေါ်ကအဆင်းမှာ မိုက်ခနဲဖြစ်ပြီးတော့ လဲကျသွားတယ်" မုံရွာဦးအောင်ရှင်ကပြောပါတယ်။ 



ဦးစိုးဝင်းဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အားထားရတဲ့ လက်ရုံးလို့ လူသိများပြီး ခင်မင်ရင်းနှီးသူတွေနဲ့ နိုင်ငံရေးလုပ်ဖော်ကိုင်ဖက်တွေက ဦးစိုးလို့ချစ်စနိုးခေါ်ဝေါ်ကြပါတယ်။ ဦးစိုးဝင်း ရုတ်တရတ်ကွယ်လွန်ခဲ့မှုနဲ့ ပတ်သက်ပြီး ထင်ရှားတဲ့ နိုင်ငံရေးခေါင်းဆောင်တွေနဲ့ အနုပညာရှင်အသိုင်းအဝန်းကလည်း Facebook စာမျက်နှာမှာ ဝမ်းနည်းကြောင်း ရေးသားဖော်ပြကြပါတယ်။

(အလွတ်တန်းသတင်းထောက် ချစ်ခွန်းချိုပေးပို့သော သတင်းဖြစ်သည်)


ဆက်စပ်အကြောင်းအရာများ


Author

  • Ye Yint Htay

    Producer/Editor (Duwun Sports)


က္က