Hmue Eain Zaw

ဆွာရေလှောင်တမံ ရေပိုလွှဲပဲ့ကျမှုကြောင့် အနီးအနားရွာတွေကို ရေလွှမ်းခဲ့တဲ့ဖြစ်စဉ်မှာ လူ ၄ ဦးသေဆုံးပြီး ၃ ဦးက ပျောက်ဆုံးနေဆဲဖြစ်တယ်လို့ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့က သြဂုတ်လ ၃၁ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။



40253619_1969978553065075_8642044369345445888_n.jpg

Photo - ရဲသီဟ



ပျောက်ဆုံးသူတွေဟာ တပ်မတော်က နေ ကယ်ဆယ်ရေးလုပ်ဖို့ လာတဲ့ ဒုတပ်ရင်းမှူးတစ်ယောက်၊ ငါး တန်းကျောင်းသားတစ်ယောက်နဲ့ ၁၂ ဘီးကားယာဉ်မောင်းတစ်ယောက် တို့ဖြစ်ကြတယ်လို့ အစိုးရ ရဲ့ ထုတ်ပြန်ချက်က ဖော်ပြပါတယ်။



သြဂုတ်လ ၂၉ ရက်နေ့က ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ဆွာရေလှောင်တမံ ကျိုးပေါက်တာကြောင့် ဆွာမြို့အပါအဝင် မြို့နယ် ၃ ခုက အိမ်ထောင်စုပေါင်း ၆၄၄၄ ခုရေဘေးသင့်ခဲ့ပါတယ်။ လတ်တလောမှာတော့ ကယ်ဆယ်ရေး စခန်း ၈၅ ခုဖွင့်လှစ်ထားပြီး လူဦးရေ သုံးသောင်းကျော် ခိုလှုံနေကြပါတယ်။



ရေလွှမ်းမိုးမှုတွေကြောင့် စာသင်ကျောင်းပေါင်း ၃၁၉ ကျောင်းကို ယာယီပိတ်ခဲ့ရပြီး စတင်ဖြစ်ပွားတဲ့ နေ့မှာ ဆိုရင် လမ်းတံတားကျိုးပျက်မှုတွေလည်း အများအပြားဖြစ်ပေါ်ခဲ့ပါတယ်။


က္က