အချုုပ်ပြောရမယ်ဆိုရင်တော့ ဓာတ်ပုံရိုက်ကူးတာနဲ့ ဖျော်ဖြေရေးအပိုင်းအတွက် အတွေ့အကြုံသစ်တွေကို ယူဆောင်လာပေးမယ့် HUAWEI nova 7SE 5G ကို RAM 8GB + 128GB Storage အမျိုးအစားအဖြစ် ဝယ်ယူရရှိမှာဖြစ်ပြီး အရောင်တွေကတော့ Space Silver (ငွေရောင်) ၊ Crush Green (အစိမ်းရောင်) နဲ့ Midsummer Purple (ခရမ်းရောင်) တို့ကို မြန်မာနိုင်ငံအတွင်း ဝယ်ယူရရှိနိုင်မှာဖြစ်ပါတယ်။ တန်ဖိုးအားကတော့ မြန်မာငွေ ၄၉၉,၀၀၀ ကျပ်နဲ့ အမြို့မြို့အနယ်နယ်ရှိ ဖုန်းအရောင်းဆိုင်တွေမှာ ဝယ်ယူရရှိနိုင်မယ်လို့ သိရပါတယ်။
Saint Sandy Htet

Performance ကောင်းကောင်း စမတ်ဖုန်းတစ်လုံး ကိုယ့်လက်ထဲမှာ ရှိနေတယ်ဆိုတာက ကိုယ့်ရဲ့နေ့စဉ်ဘဝအတွက် ပိုမိုအဆင်ပြေစေတဲ့ အပြင် စိတ်ပျော်ရွှင်ကျေနပ်မှုကိုပါ ရရှိစေမှာပါ။ HUAWEI က မကြာမီက အသစ်မိတ်ဆက်ခဲ့တဲ့ HUAWEI nova 7SE 5G ကတော့ လူငယ်တို့အတွက် စိတ်ကျေနပ်စရာကောင်းတဲ့ အတွေ့အကြုံသစ်ကို ပေးစွမ်းနိုင်မယ့် စမတ်ဖုန်းအမျိုးအစားသစ်ပဲဖြစ်ပါတယ်။ 5G Network ရရှိလာချိန်မှာ အရံသင့်အသုံးပြုနိုင်မယ့် Future-Proof ဖြစ်တဲ့ နည်းပညာ၊ အားကောင်းမောင်းသန် စွမ်းဆောင်ရည်ကို ပေးစွမ်းနိုင်မယ့် Kirin 820 (7nm) SOC နဲ့ ၊ ပရီမီယံဆန်ပြီး ဖုန်းကိုင်တွယ်မှုမှာ ပိုမိုအားရစေမယ့် 3D Glass ကိုယ်ထည်၊ တနေကုန်အသုံးပြုမှုအတွက် 4000 Mah ဘက်ထရီနဲ့အတူ တာတွေနဲ့ တည်ဆောက်ထားပြီး လက်ရှိဈေးကွက်မှာရရှိနိုင်တဲ့ အားသွင်းအမြန်ဆုံးစနစ်တွေထဲက တစ်ခုလို့ပြောနိုင်မယ့် 40W Super Charge စတဲ့ ခေတ်မှီနည်းပညာတွေ တစ်စုတစ်စည်းတည်းပေါင်းပြီး ပွဲထွက်လာတဲ့ Mid-Range စမတ်ဖုန်းတစ်လုံးပဲဖြစ်ပါတယ်။ HUAWEI ဟာ စမတ်ဖုန်းကင်မရာရိုက်ကူးမှု အပိုင်းမှာ ဦးဆောင်နေတဲ့ ကုမ္ပဏီတစ်ခုဖြစ်ပြီး အသုံးပြုသူတွေကြားမှာလည်း HUAWEI စမတ်ဖုန်းတွေဟာ ကင်မရာပိုင်းမှာ ကောင်းမွန်တယ်ဆိုတဲ့ ဂုဏ်ပုဒ်တစ်ခုကိုလည်း ယခု HUAWEI nova 7SE 5G ဖုန်းမှာ ဆက်လက်ထိန်းသိမ်းထားနိုင်ဆဲပဲဖြစ်ပါတယ်။

64MP AI Quad ကင်မရာအတွဲအဖက်နဲ့ ကိုယ့်ရဲ့နေ့စဉ်အမှတ်တရတွေကို သိမ်းဆည်းထားနိုင်မယ့် Nova 7SE 5G

ကနဦးအနေနဲ့ HUAWEI nova 7SE မှာအသုံးပြုထားတဲ့ ကင်မရာ Hardware ပိုင်းမှာတော့ Main Camera 64MP High-Res Lens ၊ 8MP Ultra-Wide Angle Lens ၊ 2MP Bokeh Lens နဲ့ 2MP Macro Lens တို့ ပါဝင်ပါတယ်။ စမတ်ဖုန်းတစ်လုံးကနေ ဓာတ်ပုံတစ်ပုံကောင်းထွက်လာတယ်ဆိုတာ အသုံးပြုထားတဲ့ Hardware တစ်ခုတည်းကောင်းနေလို့မရပါဘူး။ စမတ်ဖုန်းမှာ အဓိက အသုံးပြုထားတဲ့ Chipset (SOC) ၊ ကင်မရာရဲ့ Hardware နဲ့အတူ Software ပိုင်းစတာတွေ အချိုးညီ ကောင်းမွန်စွာအလုပ်လုပ်မှ ဓာတ်ပုံကောင်းတစ်ပုံ ရရှိမှာပဲဖြစ်ပါတယ်။ Nova 7SE မှာတော့ အရည်အသွေးမြင့် ပုံတွေ ရိုက်ကူးနိုင်ဖို့ 64MP AI quad camera အတွဲအဖက်၊ စွမ်းဆောင်ရည်ကောင်းမွန်တဲ့ Kirin 820 Chipset နဲ့အတူ Super Night Selfie နည်းပညာ၊ Software algorithm ပိုင်းကောင်းမွန်တဲ့ BM3D နည်းပညာစတာတွေနဲ့ ပေါင်းစပ်ထားတဲ့အတွက် ကိုယ့်ရဲ့အမှတ်တရပုံရိပ်တွေကို အကောင်းဆုံး ရိုက်ကူးပြီး သိမ်းဆည်းထားနိုင်မှာပဲဖြစ်ပါတယ်။

နေ့ခင်းဖက် ပုံရိပ်တွေကို ရိုက်ကူးတဲ့အခါမှာလည်း သူ့မှာပါဝင်လာတဲ့ AI Ultra Clarity mode လို့ခေါ်တဲ့ နည်းပညာနဲ့ ရိုက်ကူးတဲ့အခါမှာ ကြည်လင်ရှင်းလင်းပြတ်သားတဲ့ ပုံရိပ်တွေ ရရှိစေနိုင်မှာပဲဖြစ်ပါတယ်။ HUAWEI nova 7SE 5G မှာလည်း Super Night Mode ပါဝင်လာပြီး သူ့ရဲ့အလုပ်လုပ်ပုံကတော့ ယခင် HUAWEI Flagship Series တွေမှာပါဝင်တဲ့ Super Night Mode နဲ့ တစ်ပုံစံတည်းဖြစ်ပါတယ်။ ပုံရိပ်များစွာကို တစ်ပြိုင်နက်တည်းရိုက်ယူပြီး AI processing နည်းပညာ နဲ့ တစ်ပုံတည်းအဖြစ်ပေါင်းစည်းပေးလိုက်တာပဲဖြစ်ပါတယ်။ အခုမှာတော့ ပိုမိုအဆင့်မြင့်တင်လာပြီး အလင်းရောင်လုံးဝမရှိတဲ့ အချိန်မျိုးမှာတောင် ပိုမိုလင်းလင်းထင်းထင်းနဲ့ ကြည်လင်တဲ့ ရိုက်ကူးနိုင်တဲ့ အနေအထားတစ်ခုကို ရောက်ရှိနေပြီပဲဖြစ်ပါတယ်။

HUAWEI ဟာ Bokeh Lens နည်းပညာကို Mid-Range ဖုန်းတွေမှာ အသုံးပြုတာကို ယခင် GR စီးရီးဖုန်းမှာထဲကတည်းက စတင်ထည့်သွင်းလာခဲ့ပြီးယခုအချိန်မှာတော့Bokeh နည်းပညာပိုင်းဟာ တော်တော်လေးကို ရှေ့ရောက်နေပြီလို့ဆိုရမှာဖြစ်ပါတယ်။ ဟိုးယခင်က Software သီးသန့်သာ အားကိုးခဲ့ရတာ ဖြစ်ပေမယ့် ယခုအချိန်မှာတော့ Lens နဲ့အတူ Software ပါပေါင်းစပ်ပြီး ပိုမို ကြွယွ ပြီး သဘာဝဆန်တဲ့ Bokeh ပုံရိပ်တွေကို HUAWEI nova 7SE နဲ့ ဖန်တီးနိုင်ပြီပဲဖြစ်ပါတယ်။ ဒါ့အပြင် nova 7SE မှာထည့်သွင်းပေးထားတဲ့ macro lens ကလည်း အနီးကပ် 4cm အကွာအဝေး အထိကို ရိုက်ကူးနိုင်မှာဖြစ်ပြီး သစ်ရွက်ပေါ်မှာတင်နေတဲ့ ရေစက် လိုမျိုးကအစအထိကို အနုစိပ်ဖန်တီးရိုက်ကူးနိုင်ဦးမှာဖြစ်ပါတယ်။

စမတ်ဖုန်း ကင်မရာတွေအကြောင်းပြောတဲ့ အချိန်မှာမေ့ထားလို့မရတာက ဗီဒီယို ရိုက်ကူးမှုအပိုင်းပဲဖြစ်ပါတယ်။ HUAWEI nova 7SE ရဲ့ ကင်မရာတွေဟာ 4K HD video တွေကိုရိုက်ကူးနိုင်စွမ်း ရှိပြီး Kirin 820 chipset မှာပါဝင်လာတဲ့ ISP 5.0 လို Image processor နည်းပညာအသစ်က ဗီဒီယို ရိုက်ကူးမှုအပိုင်းမှာ Noise ကို အတတ်နိုင်ဆုံးလျှော့ချပေးနိုင်ပါတယ်။ ထပ်လောင်းပါဝင်လာတဲ့ features တစ်ခုကတော့ AI editing fuction ဖြစ်ပြီး လွယ်လွယ်ကူကူနဲ့ ရိုက်ကူးထားတဲ့ ဗီဒီယိုတွေကို edit ပြုလုပ်နိုင်စေမှာပဲဖြစ်ပါတယ်။ ပြီးတော့ Slowmotion အနှေးရိုက်ကွက်တွေကိုလည်း တစ်စက္ကန့်ကို 960 frames နဲ့ ရိုက်ကူးနိုင်ဦးမှာပါ။

HUAWEI nova 7SE 5G မှာပါဝင်လာတဲ့ Dual-View Video Mode ကတော့ လူငယ်တွေကြားမှာ ရေပန်းစားလာမယ့် နည်းပညာတစ်ခုဖြစ်ပါတယ်။ ယခင် Huawei P30 Series တွေမှာ စတင်ပါဝင်လာခဲ့တဲ့ နည်းပညာဖြစ်ပြီး အနောက်ကင်မရာကိုပဲ အသုံးပြုပြီး မြင်ကွင်းတစ်ခုတည်းကို အနီးကပ်ရော၊ ဖြစ်ပျက်နေတဲ့ မြင်ကွင်းကို တစ်ပြိုင်နက် မှတ်တမ်းတင်နိုင်ခဲ့တာပဲဖြစ်ပါတယ်။ အခု HUAWEI nova 7SE 5G မှာတော့ ဒီလို အနောက်ကင်မရာ နှစ်ခုကို တစ်ပြိုင်နက် အသုံးပြုနိုင်တဲ့အပြင် အရှေ့ Selfie ကင်မရာနဲ့ အနောက်ကင်မရာကိုပါ တစ်ပြိုင်နက် အသုံးပြုပြီး ဖြစ်ပျက်နေတဲ့ မြင်ကွင်းရော ကိုယ့်ရဲ့ပုံရိပ်ကိုပါ တစ်ပြိုင်နက်တည်း ဗီဒီယို ရိုက်ကူး နိုင်မှာလည်းဖြစ်ပါတယ်။

5G ကနဦး အတွေ့အကြုံသစ် နှင့် ပိုမိုကောင်းမွန်လာသည့် စွမ်းဆောင်ရည်

HUAWEI nova 7SE မှာ HUAWEI ရဲ့ ကိုယ်ပိုင် Kirin Chipset တွေထဲက 5G ကိုအထောက်အပံ့ပေးထားတဲ့ Chipset ဟာ  Kirin 820 5G အမျိုးအစားဖြစ်ပြီး 5G modern ကိုတစ်ပါတည်းတပ်ဆင်ထားတဲ့ 7nm အရွယ်အစား Processor အမျိုးအစားဖြစ်ပါသည်။ 5G modern ကို တစ်ပါတည်းတပ်ဆင်ထားတာကြောင့် Processor နဲ့ Modern ကိုသီးခြားခွဲပြီး တပ်ဆင်ထားတဲ့ တခြား Chipset တွေထပ် အပူထုတ်လွှတ်မှုပိုမိုနည်းပါးစေမှာ ဖြစ်တဲ့အပြင် စွမ်းအင်သုံးစွဲမှုအပိုင်းမှာလည်း ပိုမိုကောင်းမွန်စွာ ထိန်းချုပ်လုပ်ဆောင်နိုင်စွမ်းလည်း ရှိဦးမှာပါ။ နေ့စဉ်ဖုန်းသုံးစွဲတဲ့အပိုင်းနဲ့ အနာဂတ် 5G နည်းပညာရရှိချိန်မှာ ပိုမိုကောင်းမွန်တဲ့ နေ့စဉ်ဖုန်းသုံးစွဲရတဲ့ အတွေ့အကြုံကောင်းတွေကို ရရှိစေဖို့ လုံလောက်တဲ့ ပမာဏ 4000mAh battery လည်း ပါရှိမှာဖြစ်တဲ့အပြင် HUAWE ရဲ့ နာမည်ကျော် 40W Supercharge နည်းပညာကိုပါ အဆိုပါ ဖုန်းအမျိုးအစားသစ်မှာပါဝင်လာတာပါ။ HUAWEI ရဲ့ 40W Supercharge နည်းပညာက ဖုန်းဘက်ထရီကို 0 က 70% အထိကို နာရီဝက်အတွင်း အချိန်တိုတောင်းစွာ ပြန်လည်အားဖြည့်သွင်းပေးနိုင်တာကြောင့် သုံးစွဲသူတွေရဲံ နေ့စဉ်ဖုန်းသုံးစွဲမှုအပိုင်းကို ပိုမိုကောင်းမွန်တဲ့ အတွေ့အကြုံသစ်တွေပေးစွမ်းစေနိုင်မှာပဲဖြစ်ပါတယ်။  


Software ပိုင်းအတွေ့အကြုံသစ်

HUAWEI nova 7SE 5G ဟာ HUAWEI Mobile Services (HMS) ကို အသုံးပြုထားတဲ့ စမတ်ဖုန်းဖြစ်ပြီး အားလျော်စွာ Application တွေကို ရယူဖို့ အတွက် HUAWEI App Gallery နဲ့ Petal Search ကို အသုံးပြုုနိုင်မှာဖြစ်ပါတယ်။ HUAWEI nova 7SE 5G လိုမျိုး HUAWEI Mobile Services (HMS) အသုံးပြုထားတဲ့  Huawei ဖုန်းတွေမှာ Apps တွေကို ရယူနိုင်မယ့် နည်းလမ်းတွေမှာ အောက်ပါအတိုင်းဖြစ်ပါတယ်။

(၁) Phone Clone - ယခင်ဖုန်းဟောင်းက Appsတွေ၊ ဖုန်း Contacts တွေ၊ ဖိုင်တွေနဲ့ ဓာတ်ပုံ၊ ဗီဒီယို အစရှိတာတွေကို ဖုန်းအသစ်ထဲကို အချိန်ခဏလေးအတွင်း လွယ်ကူစွာ ကူးပြောင်းရယူနိုင်မယ့် နည်းလမ်းတစ်ခုဖြစ်ပါတယ်။

(၂) AppGallery – AppGallery  က Huawei ရဲ့ တရားဝင် App Store ဖြစ်ပြီး လက်ရှိအချိန်မှာ လစဉ်သုံးစွဲသူပေါင်း သန်း၄၂၀ ခန့်ရှိနေပြီး လက်ရှိရယူနိုင်မယ့် Apps အရေအတွက်လည်း စဉ်ဆက်မပြတ် တိုးပွား လာနေသော App Store Platform တစ်ခုလည်း ဖြစ်ပါတယ်။

(၃) Petal Search Widget – Find Apps - လက်ရှိ မိတ်ဆက်လိုက်တဲ့ နည်းပညာ ဝန်ဆောင်မှုအသစ်ဖြစ်ပြီး Search Engine နဲ့ အတူ Home Screen မှာ Widget ပါ ထုတ်ထားပြီး အဆိုပါ Widget ကတစ်ဆင့် App တွေကိုပါ လွယ်ကူလျင်မြန်စွာ ရယူနိုင်မယ့် နည်းပညာဖြစ်ပါတယ်။

Petal Search Widget ဟာ Application တွေကို ရယူဖို့ တစ်ခုတည်းသာမက အခြားသော လုပ်ဆောင်ချက်တွေကိုပါ ပြုလုပ်နိုင်ဦးမှာဖြစ်ပါတယ်။ Search Engine ကို အခြေတည်ပြီး တည်ဆောက်ထားတဲ့ Platform ဖြစ်တာကြောင့် ပြည်တွင်းပြည်ပ သတင်းတွေကို ဖတ်ရှုတာစတဲ့ လုပ်ဆောင်ချက်တွေကိုပါ တစ်ပါတည်း လုပ်ဆောင်နိုင်မှာဖြစ်ပါတယ်။

အချုုပ်ပြောရမယ်ဆိုရင်တော့ ဓာတ်ပုံရိုက်ကူးတာနဲ့ ဖျော်ဖြေရေးအပိုင်းအတွက် အတွေ့အကြုံသစ်တွေကို ယူဆောင်လာပေးမယ့် HUAWEI nova 7SE 5G ကို RAM 8GB + 128GB Storage အမျိုးအစားအဖြစ် ဝယ်ယူရရှိမှာဖြစ်ပြီး အရောင်တွေကတော့ Space Silver (ငွေရောင်) ၊ Crush Green (အစိမ်းရောင်) နဲ့ Midsummer Purple (ခရမ်းရောင်) တို့ကို မြန်မာနိုင်ငံအတွင်း ဝယ်ယူရရှိနိုင်မှာဖြစ်ပါတယ်။ တန်ဖိုးအားကတော့ မြန်မာငွေ ၄၉၉,၀၀၀ ကျပ်နဲ့  အမြို့မြို့အနယ်နယ်ရှိ ဖုန်းအရောင်းဆိုင်တွေမှာ ဝယ်ယူရရှိနိုင်မယ်လို့ သိရပါတယ်။


Author


က္က