loading...

loading...

loading...

ဇွန်လ ၁၃ရက်နေ့မှာ အူရီဒူးမြန်မာက ဒုတိယမြောက် Suzuki Swift ကား ကံထူးရှင်အား ဆုပေးအပ်ချီးမြှင့်ခဲ့ ပြီးပါပြီ။
Phyo Min Thant


အူရီဒူးမြန်မာဟာ အူရီဒူး VIP ကံစမ်းမဲအစီအစဉ်မှာ ပါဝင်တဲ့ ဖြည့်တိုင်းပေါက်အစီအစဉ်ရဲ့ အမြင့်ဆုံးဆုဖြစ်တဲ့ Suzuki Swift ကားသုံးစီးအနက်မှ ဒုတိယမြောက်ကား ကံထူးရှင်ကို ရွေးချယ်ကာ ထုတ်ပြန်ကြေညာခဲ့ပါတယ်။ အဆိုပါ ဒုတိယအကြိမ်မြောက် Suzuki Swift ကားအသစ်ကံထူးရှင်ကတော့ ရှမ်းပြည်နယ်၊ ကျိုင်းတုံမြို့နယ်မှ ကိုဇော်သီဟ ပါပဲ။

အဆိုပါ ဒုတိယမြောက် Suzuki Swift ကံထူးရှင်အတွက် ဆုပေးအပ်ချီးမြှင့်ပွဲ အခမ်းအနားကို မန္တလေးတိုင်းဒေသကြီး၊ မန္တလေးမြို့ရှိ Central Point စင်တာတွင် ကျင်းပခဲ့တာပါ။ အခမ်းအနားကို ကံထူးရှင်ရဲ့မိသားစု နဲ့ မိတ်ဆွေသူငယ်ချင်းတွေအတူတကွ တက်ရောက်ခဲ့ပြီး နိုင်ငံကျော်တေးသံရှင်ဇော်ပိုင်၊ အကအဖွဲ့များနဲ့ ရိုးရာကျောက်ဆည်ဆင်အကအလှများနဲ့ ဖျော်ဖြေတင်ဆက်ခဲ့ပါတယ်။

ကိုဇော်သီဟနဲ့ မြောက်ဥက္ကလာပမြို့နယ်၊ ကျောက်ရေတွင်းရပ်ကွက်မှာနေထိုင်တဲ့ ပထမအကြိမ်ကား ကံထူးရှင် ကိုထွဋ်ခေါင်တို့ဟာ My Ooredoo App ကို အသုံးပြုပြီး ငွေဖြည့်တိုင်း ရရှိတဲ့ အခမဲ့ဒီဂျစ်တယ်ခဲခြစ်ကံစမ်းမဲကတ်များမှ ခဲခြစ်ကံစမ်းကာ ကံထူးခဲ့ကြသူတွေပဲဖြစ်ပါတယ်။

အဆိုပါ My Ooredoo App ကို *565#ကို ခေါ်ဆိုပြီးပဲဖြစ်ဖြစ် Google play Store / Apple App Store တို့ကနေပဲဖြစ်ဖြစ် ဒေါင်းလုတ်ရယူနိုင်ပါတယ်။ အဆိုပါ ကံစမ်းမဲအစီအစဉ်ကာလအတွင်း ဖုန်းငွေ ၁,၀၀၀ကျပ်ဖြည့်တိုင်း အခမဲ့ ဒီဂျစ်တယ် ကံစမ်းမဲခဲခြစ်ကတ်တစ်ကတ်ရရှိမှာဖြစ်ပြီး ကဒ်တစ်ကဒ်စီတိုင်းဟာ ကံထူးနိုင်မယ့် အခွင့်အရေးများ ဖြစ်ပါတယ်။

ယင်းအူရီဒူး VIP ကံစမ်းမဲအစီအစဉ်ရဲ့ နောက်ဆုံး Suzuki Swift ကားအသစ်ရဲ့ ကံထူးရှင်ကို ဇွန်လ ၁၈ ရက်နေ့မှာ မဲဖောက်ပေးသွားမှာ ဖြစ်တာကြောင့် ကံထူးရှင်ဖြစ်လာစေဖို့အတွက် ဒီနေ့ကနောက်ဆုံးအခွင့်အရေးပဲဖြစ်ပါတယ်။

ဒါကြောင့် အူရီဒူးမြန်မာ VIP မှာပါဝင်ပြီး ခဲခြစ်ကံစမ်းမဲကတ်တွေကို ရယူနိုင်ဖို့ *565#ကို ခေါ်ဆိုပြီး “My Ooredoo App” ကို ဒေါင်းလုတ်ရယူလိုက်ဖို့သတိပေးတိုက်တွန်းလိုက်ရပါတယ်။ 



loading...

က္က