ရသအပါအဝင် ၃ ယောက်ကို ၁၁ နှစ်စီအမိန့်ချလိုက်တာပါ။

မူးယစ်ဆေးဝါးအမှု နဲ့ အဖမ်းခံရထားရတဲ့ အဆိုတော်ရသ(ခ)ရဲမင်းသိန်းအပါအဝင် ၃ ယောက်ကို မန္တလေးခရိုင်တရားရုံးက ထောင်ဒဏ် ၁၁ နှစ်စီကျခံဖို့ ဒီဇင်ဘာ ၂၈ ရက်နေ့က အမိန့်ချလိုက်ပါတယ်။

Photo - Mandalay Police

ပြီးခဲ့တဲ့ သြဂုတ်လ ၁၅ ရက်နေ့က မန္တလေးမြို့က တည်းခိုခန်းတစ်ခုမှာ အဆိုတော်ရသနဲ့ တခြား ၂ ဦးကို ရဲတပ်ဖွဲ့က သတင်းအရ သွားရောက်ရှာဖွေခဲ့ရာ မူးယစ်ဆေးပြား ၁၆၀၀ကျော် နဲ့အတူ ဖမ်းဆီးရမိခဲ့တာပါ။

ရဲမင်းသိန်း (ခ) ရသ (၃၅)နှစ်၊ မျိုးတင့် (၂၆နှစ်)နှင့် ခေမီ(ခ) ဗျာတာမီး (၂၀နှစ်) တို့ကို မူးယစ်ဆေးပြား ၁၆၅၅ ပြား၊ ကာလတန်ဖိုး ၄၅၆၅၀၀၀ ကျပ်နဲ့ အတူ ဖမ်းဆီးရမိခဲ့တာဖြစ်ပြီး စက်တင်ဘာလ ၁၀ ရက်နေ့တွင် ခရိုင်တရားရုံးမှာ အမှု စွဲတင်ခဲ့ပါတယ်။ ဒီနေ့မှာတော့ (ပ)၁၁/၂၀၁၈၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေပုဒ်မ-၁၉ (က) နဲ့စွဲချက်နဲ့ ဒီအမိန့်ကိုချလိုက်တာပါ။

ဒီလိုအမိန့်ချမှတ်ခဲ့တာနဲ့ပတ်သက်လို့ အယူခံဆက်တက်သွားမှာမဟုတ်ပေမယ့် ချမှတ်တဲ့ နှစ်ကတော့ များတယ်လို့ ပြောဆိုသွားခဲ့တယ်လို့ တရားရုံးမှာ ရောက်ရှိနေတဲ့ သတင်းထောက်တစ်ယောက်က Duwun ကပြောပါတယ်။

ပြီးခဲ့တဲ့ သြဂုတ်လအတွင်းက အဆိုတော်ရသကို မန္တလေးမှာမူးယစ်ဆေးတွေနဲ့ ဖမ်းမိခဲ့တာဖြစ်သလို ရန်ကုန်မှာလည်း အဆိုတော်ရွှေထိုက်ကို မူးယစ်ဆေးအမြောက်အများနဲ့ ဖမ်းဆီရမိခဲ့ပါတယ်။

Share

Loading Next Article...
က္က