၇၁ နှစ်မြောက်ကချင်ပြည်နယ်နေ့ အခမ်းအနားမှာ ထည့်သွင်းပြောကြားလိုက်ပါတယ်။

ကချင်ပြည်နယ်အတွင်း လက်နက်ကိုင်ပဋိပက္ခတွေချုပ်ငြိမ်းသွားပါက ဆယ်နှစ်တာအတွင်း တိုးတက်လာနိုင်မယ့်အနေအထားကို မျှော်မှန်းကြည့်စေလိုတယ်လိုနိုင်ငံတော်သမ္မတက (၇၁) နှစ်မြောက်ကချင်ပြည်နယ်နေ့ အခမ်းအနား ပေးပို့တဲ့သဝဏ်လွှာမှာ ထည့်သွင်းပြောကြားလိုက်ပါတယ်။


Photo - Myanmar President Office


ကချင်ပြည်နယ်သူပြည်နယ်သားတွေအနေနဲ့လည်း ငြိမ်းချမ်းသာယာဖွံဖြိုးတဲ့ ကချင်ပြည်နယ်ရဲ့ အိမ်မက်ကိုနှစ်ပေါင်းများစွာ မျှော်လင့်လျှက်ရှိနေပြီး ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ (၂၁) ရာစုပင်လုံအစည်းအဝေးတွေကို ကချင်ပြည်နယ်ကိုယ်စားပြုတတ်ရောက်မှုတွေ မြင်တွေ့ရမယ့်နေ့ကို အားလုံးက မျှော်လင့်စောင့်စားနေကြတယ်လို့ နိုင်ငံတော်သမ္မတက သဝဏ်လွှာပေးပို့ရာမှာ ထည့်သွင်းပြောကြားခဲ့ပါတယ်။

ဒါ့အပြင် အခုချိန်ဟာ အတိတ်သမိုင်းက အတွေ့အကြုံတွေကို သင်ခန်းစာယူပြီး တိုင်းရင်းသားအချင်းချင်း ညီအစ်ကိုမောင်နှမစိတ်ဓာတ်နဲ့ လက်နက်ကိုင်ပဋိပက္ခတွေချုပ်ငြိမ်းပြီး စစ်မှန်တဲ့ ငြိမ်းချမ်းရေးရရှိအောင် ဝိုင်းဝန်းကြိုးပမ်းရမယ့်အချိန်အခါကောင်းဖြစ်တယ်လို့ ဆိုပါတယ်။

မတူကွဲပြားမှုတွေ ရှိနေတဲ့ မိမိတို့နိုင်ငံမှာ တိုင်းရင်းသားတွေအားလုံး တန်းတူရည်တူနဲ့ အတူယှဉ်တွဲနေထိုင်နိုင်မှသာ လက်နက်ပိုင်ပဋိပက္ခတွေချုပ်ငြိမ်းပြီး ပြည်ထောင်စုလည်း တည့်တဲ့ခိုင်မြဲနိုင်မယ်လို့ယုံကြည့်ကြောင်း၊ မိမိတို့အစိုးရအနေနဲ့လည်း အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ပြည်တွင်းငြိမ်းချမ်းရေး ရဖို့ ဒီမိုကရေစနီနဲ့ ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ ပြည်ထောင်စုတည်ဆောက်ဖို့ ကြိုးပမ်းနေခြင်းဖြစ်တယ်လို့ နိုင်ငံတော်သမ္မတရဲ့ သဝဏ်လွှာမှာ ပြောကြားထားပါတယ်။

Photo- Myanmar President Office

ကချင်ပြည်နယ်နေ့ကို မြန်မာနိုင်ငံ လွတ်လပ်ရေးရရှိပြီးနောက် ၁၉၄၈ ခုနှစ်ဇန်နဝါရီလ ၁၀ ရက်နေ့မှာ ကချင်ပြည်နယ်အစိုးရအဖွဲ့ကို ဖွဲ့စည်းခဲ့တာကြောင့် အဲဒီနေ့ကို ကချင်ပြည်နယ်နေ့ အဖြစ် နှစ်စဉ်ကျင်းပခဲ့ပြီး အခုဆိုရင် နှစ်ပေါင်း ၇၁ နှစ်မြောက်ရှိခဲ့ပြီလည်း ဖြစ်ပါတယ်။

၇၁ နှစ်မြောက် ကချင်ပြည်နယ်နေ့ကို မြစ်ကြီးနားမြို့ မနောကွင်းမှာ ဇန်နဝါရီလ ၁၀ ရက်မှာ မနက်ပိုင်းက စတင်ကျင်းပခဲ့ပြီး နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်အပါအဝင် သက်ဆိုင်ရာ အစိုးရအဖွဲ့ ဝန်ကြီးတွေ တတ်ရောက်ခဲ့တာလည်းဖြစ်ပါတယ်။



က္က