ယခင်နှစ်တွေထက်ပိုများတဲ့ ဦးရေကို တရားစခန်းတွေမှာ စာရင်းပေးသွင်းထားတာဖြစ်ပါတယ်။

အခုနှစ်သင်္ကြန်မှာ တရားစခန်းဝင်မယ့်သူတွေက အရင်နှစ်ထက်ပိုများနေတယ်လို့ ရန်ကုန်မြို့တွင်း သင်္ကြန်တရားစခန်းတွေကို မေးမြန်းချက်အရ သိရပါတယ်။

သင်္ကြန်တွင်းတရားစခန်းတစ်ခုမြင်ကွင်း ( photo- grandpic myanmar)

“ဦးဇင်းတို့ တရားစခန်းကတော့ သင်္ကြန်မှ ာငါးရက်တရားစခန်းဖွင့်ပါတယ်။ အခုလက်ရှိအထိ စာရင်းပေးသွင်းသူပေါင်းက ၄၉၀ ကျော်လောက်ရှိပါတယ်။ ဒါပေမယ့် လူအရမ်းများနေလို့တောင် မနိုင်မှာစိုးလို့ ပြန်အတည်ပြု အကြောင်းကြားနေရတာတွေ ရှိပါတယ်။ မနှစ်ကထက် ပိုများလာတာပါ” လို့ သင်္ကြန်တွင်း ပိပသနာ အလုပ်ပေးတရားစခန်းဖွင့်လှစ်မယ့် တရားစခန်းမှ ဆရာတော်က Duwun ကို ဖြေကြားခဲ့ပါတယ်။

ဒါ့အပြင် ဆရာတော် အရှင်ရာဇိန္ဒ (ရဝေနွယ်-အင်းမ) တရားစခန်းကလည်း ဧပြီလ ၁၂ ရက်နေ့ကနေ ၁၈ ရက်နေ့အထိ ၇ ရက် တရားစခန်းဖွင့်လှစ်မှာဖြစ်ပြီး ဖုန်းနံပါတ် ၀၉- ၇၉၅၅၉၃၉၃၃ ၊၀၉- ၄၂၀၀၀၆၂၄၂၆ ကို ဆက်သွယ်နိုင်တယ်လို့ သိရပါတယ်။

အောင်စကြာ မိုးကုတ်ဝိပသနာ ဓမ္မရိပ်သာ (၁၀) ရက်အထူးတရားစခန်းပွဲကြီးကို ဧပြီလ ၉ ရက်နေ့ကနေ ၁၈ ရက်နေ့အထိ ကျင်းပသွားမှာဖြစ်ပြီး ဖုန်းနံပါတ် ၀၉ -၅၁၄၇၃၈၂ ၊၀၉- ၇၉၈၀၀၃၇၄၇ ကို ဆက်သွယ်နိုင်ပါတယ်။

“ ဒီနှစ်ကတော့ ကျွန်မတို့က မဏ္ဍပ်လည်းမထိုင်ချင်ဘူး။ လူရှုပ်တာရယ်၊ ပိတ်ရက်ကလည်း နည်းတာရယ်ကြောင့် တရားစခန်းပဲဝင်ဖြစ်မယ်။ ရုံးကငါးရက်ပဲပိတ်တာဆိုတော့ ကျွန်မကတော့ ငါးရက်တရားစခန်းပဲဝင်မှာပါ ” လို့ ကုမ္ပဏီဝန်ထမ်းဖြစ်သူ မနွယ်နီက ပြောပါတယ်။

ပိုင်းလော့ဆရာတော်ရဲ့ သင်္ကြန်တွင်း (၅) ရက်တရားစခန်းပွဲကို ဧပြီလ ၁၂ ရက်နေ့ကနေ ၁၇ ရက်နေ့အထိပြုလုပ်မှာဖြစ်ပြီးတော့ ဖုန်း ၀၉- ၂၅၀၁၇၇၆၈၀ ကို ဆက်သွယ်မေးမြန်းနိုင်မှာဖြစ်ပါတယ်။

ရွှေဝါဝင်းကျောင်းမိုးကုတ်ဝိပသနာ ဓမ္မရိပ်သာရဲ့ (၁)လအထူးတရားစခန်းပွဲကိုတော့ ရွှေဝါဝင်းကျောင်း၊ မိုးကုတ် ဝိပသနာ ဓမ္မရိပ်သာမှာ ဧပြီလ ၁ ရက်နေ့ကနေ ၃၀ ရက်နေ့အထိပြုလုပ်သွားမှာပါ။ တစ်လ တရားစခန်းမဝင်နိုင်သူတွေ အနေနဲ့လည်း (၇) ရက် ဒါမှမဟုတ်(၁၀ ) ရက်ပိုင်းခြားပြီး တရားစခန်းဝင်နိုင်ပြီး ဖုန်း - ၀၉- ၅၁၂၉၆၅၆ ကို ဆက်သွယ်စုံစမ်းနိုင်ပါတယ်။

တရားစခန်းအများစုက ဧပြီလဆန်းပိုင်းမှာ စာရင်းစတင်ပေးသွင်းနိုင်တာဖြစ်ပြီးတော့ သင်္ကြန်အတွင်း သီးသန့်တရားစခန်းဝင်လိုသူတွေ အတွက်ရက်တို တရားစခန်းတွေပါ သီးသန့်ဖွင့်ပေးတာမျိုးတွေရှိတယ်လို့ ဆိုပါတယ်။ ရန်ကုန်သင်္ကြန်ကိုတော့ ဒီနှစ်မှာ လမ်းလျှောက်သင်္ကြန်တွေနဲ့ ပိုစည်ကားမယ်လို့ ခန့်မှန်းနေကြပြီးတော့ မြန်မာ့ရိုးရာယဉ်ကျေးမှုကို အသားပေးမယ့် သင်္ကြန်ဖြစ်လာမယ်လို့လည်း ခန့်မှန်းနေကြပါတယ်။

Share

Loading Next Article...
က္က