UK Bachelor Degree များအား မြန်မာနိုင်ငံရှိ Auston College Myanmar မှာပင် တက်ရောက်သင်ကြားနိုင်တော့မှာ ပါ
Phyo Min Thant

Auston College Myanmar နှင့် Liverpool John Moores University (LJMU) တို့သည် UK Bachelor Degree များအား မြန်မာနိုင်ငံတွင် ပထမဆုံးဖွင့်လှစ်သင်ကြားပေးနိုင်ရန်အတွက် ၂၀၂၀ ခုနှစ်၊ ဇွန်လ (၁) ရက်မှာ အကျိုးတူ ပူးပေါင်း လိုက်ပါတယ် ။

ဒီလို အကျိုးတူပူးပေါင်းဆောင်ရွက်ခြင်း၏ ရလဒ်အဖြစ် မြန်မာကျောင်းသားတွေဟာ UK Bachelor Degree များအား မြန်မာနိုင်ငံရှိ Auston College Myanmar မှာပင် တက်ရောက်သင်ကြားနိုင်တော့မှာ ပါ။

Auston College Myanmar ဟာဆိုရင် ၁၉၉၆ ခုနှစ်ကတည်းက အင်ဂျင်နီယာပညာရှင်များနှင့် အတတ်ပညာရှင် technicians များအား ပိုမိုကောင်းမွန်အရည်အချင်းပြည့်မီအောင် လေ့ကျင့် သင်ကြားပေးလျက်ရှိတဲ့ စင်ကာပူနိုင်ငံမှ Engineering College တစ်ခုဖြစ်တဲ့ Auston Institute of Management ရဲ့ ကျောင်းခွဲတစ်ခုပါ။

Liverpool John Moores University (LJMU) ဟာဆိုရင်လည်း နှစ်ပေါင်း ၂၀၀ ကျော်သက်တမ်းရှိ အင်္ဂလန်နိုင်ငံရဲ့ ထင်ရှားတဲ့ တက္ကသိုလ်တစ်ခုဖြစ်ပါတယ်။ Charles Dickens လို စာရေးဆရာကြီးက ကထိကအဖြစ် သင်ကြားပေးခဲ့ဖူးတဲ့ UK ရဲ့ အကြီးဆုံး အဆင့်မြင့်ပညာရေး အဖွဲ့အစည်းတွေထဲမှ တစ်ခုအပါအဝင်ဖြစ်ပြီးကမ္ဘာ့ရှေ့ဆောင် တက္ကသိုလ်တစ်ခုအဖြစ် ရပ်တည်လျက်ရှိကာ ပညာရပ်နယ်ပယ်ပေါင်းများစွာအတွက် ဘွဲ့ကြို သင်တန်း (undergraduate) နဲ့ မဟာဘွဲ့ (master programme) သင်တန်းပေါင်း ၃၀၀ ကျော်ကို သင်ကြားပေးနေပါတဲ့ တက္ကသိုလ်ပဲဖြစ်ပါတယ်။

ကျောင်းသားတွေဟာ Auston College Myanmar ရဲ့ အင်ဂျင်နီယာ ပညာရေးလမ်းကြောင်းကိုလျှောက်လှမ်းနိုင်ဖို့ တက္ကသိုလ်ပညာရေးအတွက် အကောင်းဆုံးပြင်ဆင်ပေးမယ့် Enhanced Foundation Program ကို စတင်တက်ရောက်ရမည် ဖြစ်ပါတယ်။

အဲဒီနောက်မှာ Higher Diploma Program ကို ဆက်လက်တက်ရောက်ပြီး လက်တွေ့လုပ်ငန်းခွင်အတွေ့အကြုံကို ကွင်းဆင်းရယူနိုင်မှာပါ။ လုပ်ငန်းခွင် အတွေ့အကြုံရယူပြီးနောက် LJMU ၏ Bachelor Degree Program အား ဆက်လက်တက်ရောက်နိုင်မှာဖြစ်ပါတယ်။

တက်ရောက်နိုင်မည့် LJMU Bachelor Degree Program တွေကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။

(၁) Bachelor of Engineering (Hons) in Electrical and Electronic Engineering

(၂) Bachelor of Engineering (Hons) in Mechatronics and Autonomous Systems

(၃) Bachelor of Science (Hons) in Computer Networks

ဒီဘာသာရပ်တွေဟာ မြန်မာနိုင်ငံတွင်းမှာသာမက နိုင်ငံတကာမှာပါ အထူးလိုအပ်နေတဲ့ အတတ်ပညာများ ဖြစ်တာကြောင့် ဘွဲ့ရရှိပြီးတာနဲ့သက်ဆိုင်ရာ လုပ်ငန်းနယ်ပယ်တွေမှာ အရည်အချင်းပြည့်ဝသည့် ပညာရှင် professional များအဖြစ် လုပ်ကိုင်နိုင်မှာ ဖြစ်ပါတယ်။

ဘာသာရပ်အသီးသီး၏ အလုပ်အကိုင်အခွင့်အလမ်းတွေကို ဖော်ပြရမယ်ဆိုရင်

(၁) Bachelor of Engineering (Hons) in Electrical and Electronic Engineering ဘွဲ့ရရှိထားသူများက-Hardware/Circuit Design Engineer ၊ Process Specialist ၊ Project Engineer ၊ Electronic Engineer ၊ Electrical System Engineer ၊ Telecommunication Engineer အလုပ်အကိုင်များ

(၂) Bachelor of Engineering (Hons) in Mechatronics and Autonomous Systems ဘွဲ့ရရှိထားသူများက-Mechatronics Engineer/Consultant ၊ Mechanical Engineer ၊ Automation Process Engineer ၊ Control System Engineer ၊ Product Development Engineer ၊ Software and Mechatronics Engineer အလုပ်အကိုင်များ

(၃) Bachelor of Science (Hons) in Computer Networks ဘွဲ့ရရှိထားသူများက - Network Engineer, Information Security Consultant, Security Engineer, Network Security Administrator ၊ Cloud Operation Engineer အလုပ်အကိုင်များ

အတွက်အခွင့်အလမ်းတွေအသီးသီးရရှိကြမှာပဲဖြစ်ပါတယ်။

Auston College Myanmar နှင့် Liverpool John Moores University (LJMU) တို့အကျိုးတူ ပူးပေါင်းဆောင်ရွက်မှုနဲ့ပတ်သက်ပြီး - '' အရင်တုန်းကဆိုရင် မြန်မာနိုင်ငံက လူငယ်လူရွယ်တွေဟာ အနာဂတ်ရဲ့ စိန်ခေါ်မှုတွေအတွက် အသင့်ဖြစ်နေဖို့ နိုင်ငံရပ်ခြားမှာ သွားရောက် ရပ်တည်နေထိုင်ကြရလေ့ရှိပါတယ်။ အခုတော့ ဒီလိုမျိုး မဟုတ်တော့ပါဘူး။ Auston College Myanmar အနေနဲ့ နှစ်ပေါင်း ၂၀၀ သက်တမ်းရှိတဲ့ ကမ္ဘာ့အဆင့် တက္ကသိုလ်တစ်ခုဖြစ်ပြီး Charles Dickens လို အတော်ဆုံး စာရေးဆရာကြီးကနေ ကထိကအဖြစ် သင်ကြားပေးခဲ့ဖူးတဲ့ Liverpool John Moores University နဲ့ အကျိုးတူ ပူးပေါင်းနိုင်ခဲ့တာကို အထူးပဲ ဂုဏ်ယူမိပါတယ်။ Liverpool John Moores University ရဲ့ ဆောင်ပုဒ်ဖြစ်တဲ့ “Knowledge is Power” ဆိုတဲ့ အတိုင်း Auston College Myanmar ကလည်း အပြည့်အဝ ရှေ့ဆက်သွားမှာဖြစ်ပါတယ်။ မြန်မာကျောင်းသားတွေဟာ နိုင်ငံရပ်ခြားမှာ နေထိုင်ရတဲ့ စရိတ်စကတွေ မကုန်ကျတော့ဘဲ UK တရားဝင်အသိအမှတ်ပြု အင်ဂျင်နီယာဘွဲ့ကို သက်ဝင်လှုပ်ရှားမှုအပြည့်နဲ့ ပတ်ဝန်းကျင်ကောင်းမှာ ရယူနိုင်ပြီး မိမိတို့မိသားစုတွေအတွက်လည်း ကုန်ကျစရိတ်တွေ အများကြီးသက်သာသွားစေမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ကျွန်တော်တို့ရဲ့ Wall Street English နဲ့ အထူးသီးသန့် အကျိုးတူပူးပေါင်းမှု ရလဒ်အဖြစ် Auston College Myanmar ကျောင်းသားတွေဟာ သက်ဆိုင်ရာဘွဲ့တွေရရှိပြီးနောက် ဝင်ရောက်လုပ်ကိုင်တဲ့ အဖွဲ့အစည်းတွေမှာ ဦးဆောင်စီမံခန့်ခွဲသူအဆင့်ကို တက်လှမ်းနိုင်စေမယ့် ကမ္ဘာ့အဆင့်မီ အင်္ဂလိပ်စာ ကျွမ်းကျင်မှု အရည်အချင်းတွေကိုလည်း ရရှိသွားဦးမှာ ဖြစ်ပါတယ်။ ဒါကြောင့် Junction Square က ကျွန်တော်တို့ရဲ့ Campus ကိုအခုပဲလာရောက်ပြီး ကမ္ဘာ့အဆင့်မီ facilities တွေနဲ့ ပညာရပ်သင်ကြားမှု ဌာနတွေကို လေ့လာကြည့်ကြဖို့ ဖိတ်ခေါ်လိုက်ပါတယ်” လို့ Auston College Myanmar ၏ Chief Executive Officer ဖြစ်သူ Mr. Alain Thibault က ပြောကြားခဲ့ပါတယ်။  

Bachelor Degree Program များ အားလုံးကို ရန်ကုန်မြို့ရဲ့အချက်အချာနေရာမှာရှိတဲ့ Junction Square Center  ရှိ Auston College Myanmar Campus မှာ သင်ကြားသွားမှာဖြစ်ပါတယ်။

Auston College Myanmar Campus မှာသက်တောင့်သက်သာရှိတဲ့ ခေတ်မီစာသင်ခန်းများ၊ lab များ နှင့် seminar hall များပါဝင်ပြီး ကျောင်းသူ ကျောင်းသားများအနေဖြင့် Auston မိသားစု၏ နွေးထွေးသော ပံ့ပိုးကူညီမှုအပြည့်အဝနှင့်အတူ နိုင်ငံတကာအဆင့်မီ သင်ထောက်ကူပစ္စည်းများ၊ facility များ၊ ပစ္စည်းကိရိယာစုံလင်သော laboratories များအား အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

ကျောင်းသားလူငယ်များ၏ အင်ဂျင်နီယာ ပညာရေးလမ်းကြောင်းကို Auston College Myanmar နှင့်အတူ စတင်နိုင်မယ့် Enhanced Foundation Course အား လာမည့် ဇွန်လ ၁၅ ရက် ၂၀၂၀ တွင် ဖွင့်လှစ်သွားမည်ဖြစ်ပြီး ကျောင်းအပ်လက်ခံနေပြီလို့ သိရပါတယ်။

အသေးစိတ်သိရှိလိုတယ်ဆိုရင်တော့ ဖုန်းနံပါတ် 09 969 707 000 ကို ဆက်သွယ်မေးမြန်းနိုင်ပြီး အောက်ပါ Facebook နှင့် Website စာမျက်နှာများတွင်လည်း ဝင်ရောက်လေ့လာနိုင်ပါတယ်။

(ဒီသတင်းကို Auston College Myanmar မှပံ့ပိုးကူညီထားပါတယ်)


က္က