ကိုဗစ် ၁၉ ကူးစက်ခံထားရတဲ့ ရပ်ကွက် အပါအဝင် ကွာရန်တင်းနေရာ၊ semi lockdown လုပ်ထားတဲ့နေရာတွေပါဝင်ပါတယ်။
Ei Ei Mar

ရန်ကုန်တိုင်းထဲက COVID-19 ပိုးကူးစက်ခံထားရတဲ့ မြို့နယ်တွေမှာ အမှိုက်သိမ်းတဲ့အခါ စည်ပင်ဝန်ထမ်းတွေကို PPE ဝတ်စုံနဲ့သိမ်းဆည်းစေသလို အမှိုက်ကားကိုလည်း စနစ်တကျ လုပ်ဆောင်ပေးထားတယ်လို့ ရန်ကုန်မြို့စည်ပင်သာယာရေးကော်မတီ ဒုမြို့တော်ဝန် ဦးစိုးလွင်က ပြောပါတယ်။

စည်ပင်သာယာရေးကော်မတီဌာနရဲ့ အောက်ခြေဝန်ထမ်းတွေဖြစ်တဲ့ အမှိုက် သိမ်းဆည်းသူတွေဟာ နေ့စားဝန်ထမ်းတွေဖြစ်ပါတယ်။ အခုလို COVID-19 ရောဂါဖြစ်ပွားမှုများပြားနေချိန်မှာ အမှိုက်သိမ်းဆည်းရတာ အန္တရာယ်ရှိတာကြောင့် ကွာရန်တင်းထားတဲ့နေရာတွေ ၊ Semi Lockdown ၊ပိုးတွေ့ထားတဲ့မြို့နယ်တွေကို အမှိုက်သိမ်းတဲ့ကိစ္စအပေါ် အထူးဂရုစိုက်လုပ်ဆာင်နေတယ်လို့သိရပါတယ်။

“ကွာရန်တင်းနေရာတွေမှာ အမှိုက်သိမ်းဖို့အတွက်ဆိုရင် ဝန်ထမ်းတွေကို PPE ဝတ်စုံဝတ်ပြီး သိမ်းဆည်းစေတယ်။ အမှိုက်ဆိုရင် လည်း ကွာရန်တင်းနေရာကထွက်တဲ့ဟာတွေကို ကွာရန်တင်းအမှိုက်သိမ်းဖို့ဆိုပြီး ကားတွေနဲ့လုပ်ထားပါတယ်။အခုကွာရန်တင်းနေရာတွေမှာ PPE ဝတ်စုံတွေနဲ့သွားရမယ်။ မဟုတ်ရင် အကုန်လုံး ရောဂါကူးစက်ကုန်မှာပေါ့ အန္တရာယ်ရှိပါတယ်။လော့ဒေါင်းချထားတဲ့နေရာတွေလည်း အဲ့ဒီလိုပဲ။ ရပ်ကွက်၊ ထွေအုပ် ပေါင်းပြီးတော့ ဘယ်နေရာမှာ ဘယ်လိုပစ္စည်းလာသိမ်းပေးပါ။ သူတို့ကတောင်းဆိုရင် သွားပါတယ်။ အားလုံးကပူးပေါင်းလုပ်ရမှာပါ”လို့ ဒုမြို့တော်ဝန်ကပြောပါတယ်။

ဒါကြောင့် COVID-19 ရောဂါ ကာလမှာ မြို့နယ်တွေအလိုက် အမှိုက်သိမ်းဆည်းနေတဲ့ဝန်ထမ်းတွေကို ကွာရန်တင်းနေရာမှာ သိမ်းရမယ့် ဝန်ထမ်းတွေ၊ ပုံမှန်သိမ်းဆည်းဝန်ထမ်း ဆိုပြီး သပ်သပ် စီဆောင်ရွက်ထားတယ်လို့သိရပါတယ်။ 

ကွာရန်တင်းထားတဲ့နေရာတွေ ၊ Semi Lockdown နဲ့ ပိုးတွေ့ထားတဲ့မြို့နယ်တွေကိုတော့ အမှိုက်သိမ်းဆည်ဖို့အတွက် အလှည့်ကျ အဖွဲ့လိုက်လုပ်ဆောင်စေပြီး ကျန်သူတွေကတော့ ပုံမှန်လုပ်နေကျအတိုင်း အမှိုက်သိမ်းဆည်းစေတယ်လို့ဆိုပါတယ်။ဒီကာလမှာတော့ စည်ပင်နေ့စားဝန်ထမ်းတွေကို အိမ်ပြန်စေခြင်းမရှိဘဲ နေစရာ ၊ စားစရာ အပြည့်အစုံထောက်ပံ့ပေးကာ ကွာရန်တင်းသဘောမျိုးလုပ်ပေးထားပါတယ်။လူအင်အားကလည်း ပုံမှန် လုပ်ဆောင်နေတဲ့နှုန်းထား အတိုင်းသာဖြစ်ပါတယ်။

(အလွတ်တန်းသတင်းထောက် ချစ်ခွန်းချိုပေးပို့ထားသော သတင်းဖြစ်ပါသည်)


ဆက်စပ်အကြောင်းအရာများ


က္က