အတည်တော့ မပြုရသေးပါဘူး။
၂၀၁၉ - ၂၀၂၀ ဘဏ္ဍာခုနှစ်အတွင်း ရန်ကုန်တိုင်းဒေသကြီးအနေနဲ့ ကျပ်၇၂၂ ဘီလျံ သုံးစွဲပြီး ဖွံ့ဖြိုးရေးလုပ်ငန်းတွေ လုပ်ဆောင်သွားမယ်လို့ ဇွန်လ ၁၁ ရက်နေ့က ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်အစည်းအဝေးက သိရပါတယ်။

Photo- Yangon Hluttaw



ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ကိုယ်စား စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးက ရန်ကုန်တိုင်းဒေသကြီးရဲ့ ၂၀၁၉-၂၀၂၀၊ ဘဏ္ဍာရေးနှစ် အရအသုံးခန့်မှန်းခြေ ငွေစာရင်း(လျာထားချက်)ကို လွှတ်တော်သို့ရှင်းလင်းတင်ပြခြင်းကို ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် အရေးပေါ်အစည်းမှာ ပြုလုပ်ခဲ့တာပါ။

ရန်ကုန်တိုင်းဒေသကြီးအနေနဲ့ ငွေလုံးငွေရင်း အသုံးစရိတ် ၁၃၄ ဘီလျံကျပ်၊ တံတားလုပ်ငန်းတွေအတွက် ကျပ် ၁၆၅ ဘီလျံကျော်၊ ဆည်မြောင်းနဲ့ ကမ်းပြိုကာကွယ်ရေးတွေအတွက် ကျပ် ၃၅ ဘီလျံကျော်၊ လျှပ်စစ်မီးလင်းရေးအတွက် ကျပ် ၄၅ ဘီလျံကျော်၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းတွေအတွက်ကျပ် ၁၅၂ ဘီလျံကျော်နဲ့ မြေယာလျော်ကြေးကို ကျပ် ၃၆ ဘီလျံနီးပါးလောက် ခွဲဝေအသုံးပြုသွားမှာဖြစ်ပါတယ်။

ပြီးခဲ့တဲ့နှစ်က ရန်ကုန်တိုင်းဒေသကြီးအစိုးရက ထုတ်ပြန်တဲ့ ဘဏ္ဍာငွေအရအသုံးဆိုင်ရာ စာရင်းတွေအရ စည်ပင်သာယာရေးကော်မတီဟာ ဘဏ္ဍာငွေသုံးစွဲမှု အများဆုံးဖြစ်ပြီး ဘဏ္ဍာငွေရဲ့ ထက်ဝက်ကျော်ကို သုံးစွဲခဲ့တာကိုတွေ့ရပါတယ်။

အဲ့ဒီနောက် အဲ့ဒီ ဘဏ္ဍာငွေသုံးစွဲရေးငွေစာရင်း လျာထားချက်ကို ဇွန်လ ၁၂ ရက်နေ့မှာ ကျင်းပမယ့် အရေးပေါ်အစည်းအဝေးဒုတိယနေ့မှာ လွှတ်တော်ကိုယ်စားလှယ်တွေက ဆွေးနွေးဖို့ရှိနေပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က