ကျောင်းသူ (၃၂)ဦးမူးလဲခဲ့တာပါ။

ကျောင်းသူ(၃၂)ဦးဟာ ဆက်တိုက်ပဲ မူးဝေပြီးအသက်ရှုကြပ်လာတာကြောင့် မနက်(၁၀)နာရီလောက်ကတည်းက မွန်းလွဲ(၁)နာရီလောက်အထိ ဆေးရုံကို ပို့ဆောင်ပေးခဲ့ရတယ်လို့ ဒီဖြစ်စဉ်အတွင်းသွားရောက်ကူညီပေးခဲ့တဲ့ ထားဝယ်မြို့ဇမ္ဗူသီရိအရေးပေါ်လူနာတင်ယာဉ်ကူညီရေးအဖွဲ့ ဥက္ကဌ ဦးနိုင်မျိုးသွင်ကပြောပါတယ်။



photo - ဟိန်းအာကာ

ထားဝယ်မြို့ အထက (၆)မှာ ကျောင်းသူအယောက်(၃၀) ကျော်မူးဝေပြီးအသက်ရှုခက်ခဲလာတာကြောင့် ထားဝယ်ပြည်သူ့ဆေးရုံကိုပို့ဆောင်ပြီး ဆေးကုသမှုခံယူနေရတယ်လို့သိရပါတယ်။ ဒီကနေ့ဇူလိုင်လ(၁၂)ရက်နေ့ မနက်(၁၀)နာရီဝန်းကျင်လောက်ကဖြစ်ပွားခဲ့ပြီး မွန်းလွဲ(၁)နာရီလောက်ကထိ လူနာကျောင်းသူတွေကို ဆေးရုံကိုပို့ဆောင်ပေးနေရတယ်လို့ ဒီဖြစ်စဉ်အတွင်းသွားရောက်ကူညီပေးခဲ့တဲ့ ထားဝယ်မြို့ဇမ္ဗူသီရိအရေးပေါ်လူနာတင်ယာဉ်ကူညီရေးအဖွဲ့ ဥက္ကဌ ဦးနိုင်မျိုးသွင်ကပြောပါတယ်။

“ မနက်ပိုင်းလောက်ကတည်းက ကျောင်းကကျွန်တော်တို့ကို အကြောင်းကြားလို့ သွားရောက်ကူညီခဲ့တယ်။ ကျောင်းကိုရောက်တော့ ကလေး(၃)ယောက်က အသက်ရှူကြပ်ပြီးအကြောတွေတက်နေလို့သူတို့ (၃) ယောက်ကို ဆေးရုံပို့နေစဉ် ကျောင်းမှာ နောက်ထပ်(၂) ယောက်ကခုလိုထပ်ဖြစ်နေတယ်။ အဲ့ဒီလို ဆေးရုံပို့ပေးလိုက် ကျောင်းမှာထပ်ဖြစ်လိုက်နဲ့ နောက်ပိုင်း စုစုပေါင်း(၃၂)ဦးထိရှိခဲ့တယ်။ ဖြစ်တဲ့သူတွေအကုန်လုံးက မိန်းကလေးတွေ၊ (၁၀)တန်းကျောင်းသူ(၅)ဦး၊ (၉)တန်းကျောင်းသူ (၁၃)ဦး၊ (၈)တန်းကျောင်းသူ (၁၄)ဦး၊ အားလုံး (၃၂)ဦး “ လို့ ဦးနိုင်မျိုးသွင်က Duwun ကို ပြောပါတယ်။

photo-Lwin Oo

လက်ရှိမှာတော့ (၉)တန်းကျောင်းသူတစ်ဦးကို အတွင်းလူနာအဖြစ် ထားဝယ်ပြည်သူ့ဆေးရုံကြီးမှာ ဆေးကုသမှုပေးနေပြီး သက်သာတယ်ဆိုပြီး ဆေးရုံကနေပြန်လွတ်လိုက်လို့ အိမ်ပြန်စဉ် လမ်းမှာ ပြန်ဖြစ်လို့ဆေးရုံကို ပြန်ရောက်နေတဲ့ ကျောင်းသူ (၄)ဦးကိုလည်း ဆေးချိတ်ထားပြီး ဆေးကုသမှုဆောင်ရွက်ပေးနေတယ်လို့ ဦးနိုင်မျိုးသွင်ကပြောပါတယ်။ သက်သာတဲ့ကျောင်းသူတွေကို အိမ်ကိုပြန်ပြီး အနားယူခိုင်းထားတယ်လို့ သိရပါတယ်။

ကျောင်းသူတွေ အစုလိုက်နာမကျန်းဖြစ်ရတဲ့ အဓိက အကြောင်းရင်းကို မသိရသေးဘဲ လက်ရှိမှာတော့ ကျောင်းမှ သောက်ရေတွေနဲ့ မုန့်ဈေးတန်းမှာရောင်းချတဲ့ ထမင်းကြော်တွေကို FDAမှ ဓာတ်ခွဲစစ်ဆေးနေပြီး လက်ရှိအချိန်အထိ အဖြေမထွက်သေးဘူးလို့လည်း ဦးနိုင်မျိုးသွင်ရဲ့ ပြောပြချက်အရ သိရပါတယ်။ ဒီကနေ့ မနက်ပိုင်းမှာဘဲ အဆိုပါကျောင်းမှာ ကျောင်းကောင်စီအစည်းအဝေးရှိလို့ ကျောင်းသား၊ ကျောင်းသူအားလုံး နေပူထဲမှာ ခဏကြာ ရပ်နေခဲ့ရတယ်လို့လည်း သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က