BeatBox ကို စိတ်ဝင်စားတဲ့ ဝါသနာရှင်တွေ များလာပါတယယ်။

ပါးစပ်ကနေ တီးလုံးတွေ ဖန်တီးရတဲ့  BeatBox အနုပညာ ကိုစိတ်ပါဝင်စားတဲ့ ဆယ်ကျော်သက်လူငယ်တွေ အရင်ကထက် ပိုမိုများပြားလာနေပြီး သူတို့ကို လေ့ကျင့်ပေးနိုင်ဖို့ ၊ ပွဲတွေ လုပ်ပေးဖို့အတွက် နေရာတွေ လိုအပ်နေတယ်လို့သိရပါတယ်။

HOG esports စင်တာမှာ ပြုလုပ်ခဲ့တဲ့ BeatBox Battle ပြိုင်ပွဲ

လက်ရှိအခြေအနေ အရ BeatBox ဝါသနာရှင်လူငယ်တွေအတွက် လက်တွေ့သင်ကြားပေးနိုင်တဲ့ သင်တန်းတွေလည်း လိုအပ်နေပြီး ပြည်ပက BeatBoxer တွေပါဝင်တဲ့ Workshop ပွဲတွေ ကျင်းပပေးသင့်တယ်လို့ Myanmar Beat Box Community အဖွဲ့မှ Founder YounGx BeatS က Duwun ကိုပြောပါတယ်။

“ အဓိကက လေ့ကျင့်ဖို့ အခက်အခဲဖြစ်နေတာပေ့ါ။ Youtube ကနေ ဖုန်းကနေပဲ လေ့ကျင့်ရတယ်။ သေချာလေ့ကျင့်ပေးမယ့် သင်တန်းတွေလိုအပ်တယ်။” လို့ ဆိုပါတယ်။

HOG esports စင်တာမှာ ပြုလုပ်ခဲ့တဲ့ BeatBox Battle ပြိုင်ပွဲ

ဒီလို BeatBox ကို စိတ်ဝင်စားတဲ့ လူငယ်တွေအတွက်ရည်ရွယ်ပြီး BeatBox Battle ပြိုင်ပွဲကို ဇွန်လ ၂ ရက်က HOG Esports စင်တာမှာ ပြုလုပ်ခဲ့ရာ ဝင်ရောက်ယှဉ်ပြိုင်တဲ့ လူငယ် ၄၂ ဦးအထိရှိခဲ့ပါတယ်။

ဒီနေ့ပြိုင်ပွဲမှာတော့ လူငယ်တွေက သူတို့ ကိုယ်တိုင်ဖန်တီးထားတဲ့ BeatBox အသံတွေကို တစ်ဦးချင်းယှဉ်ပြိုင်မှုတွေလုပ်ခဲ့တာပါ။

“ ဒီလိုမျိုး နေရာတစ်ခုမှာပွဲလေးလုပ်ပေးတာ ကောင်းပါတယ်။အရင်တုန်းကဆို ကျွန်တော်တို့က တံတားအောက်တွေမှာလုပ်ရတယ်။နောက်ဆိုရင် ဒီထက်ပိုကြီးတဲ့ ပြိုင်ပွဲတွေ ၊ workshop တွေ လုပ်ပေးရင် ပိုကောင်းပါတယ်” လို့ လာရောက်ယှဉ်ပြိုင်တဲ့ Beat Box ဝါသနာရှင် မောင်အောင်ချမ်းက Duwun ကိုပြောပါတယ်။

BeatBox ကိုဝါသနာပါတဲ့လူငယ်တွေအတွက် အကြီးမားဆုံးစိန်ခေါ်မှုတွေက လူကြီးမိဘတွေက သူတို့ရဲ့ ဝါသနာကို လက်မခံတာ၊ အသက်မွေးဝမ်းကြောင်းတစ်ခုအဖြစ်ရပ်တည်ဖို့ ခက်ခဲနေတာတွေရှိတယ်လို့လည်း လာရောက်ယှဉ်ပြိုင်သူလူငယ်အချို့ဆီကနေ သိရပါတယ်။

Share

Loading Next Article...
က္က