လက်ရှိမှာ တစ်နိုင်ငံလုံးအတိုင်းအတာအနေနဲ့ သားဖွားသူနာပြု ၁၅၁၈၀ လိုအပ်နေပါတယ်။

ဗဟိုအဆင့်ဆေးရုံကြီးတွေနဲ့ တိုင်းနဲ့ပြည်နယ်တွေမှာ သားဖွားသူနာပြု ၁၆၃၃ ဦးခန့်အပ်ဖို့ လျာထားတယ်လို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန်ကြေညာထားပါတယ်။

Ministry of Health and Sports



၂၀၁၈ ခုနှစ် သူနာပြု-သားဖွားဒီပလိုမာ (၃) နှစ်သင်တန်းအောင်မြင်တဲ့ သစ်လွင်သူနာပြု ၁၆၃၃ ဦးထဲက ဗဟိုအဆင့်ဆေးရုံကြီးမှာ ၄၅၆ ဦး၊ တိုင်းနဲ့ ပြည်နယ်တွေမှာ ၁၁၄၄ ဦးနဲ့ အခြားမှာ ၃၃ ဦး တို့ကို ခွဲဝေခန့်ထားဖို့ လျာထားတယ်လို့ ထုတ်ပြန်ထားတာပါ။

လက်ရှိမှာ တစ်နိုင်ငံလုံးအတိုင်းအတာအနေနဲ့ သားဖွားသူနာပြု ၁၅၁၈၀ လိုအပ်နေပြီး ဗဟိုအဆင့်ဆေးရုံကြီးတွေမှာ ၄၁၄၈ ဦး၊ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေမှာ ၁၁၀၃၂ ဦး လိုအပ်နေတယ်လို့ ဆိုပါတယ်။

ခွင့်ပြုထားတဲ့သူနာပြုအရေအတွက်မှာ ၃၅၁၃၀ ဦးရှိပြီး ခန့်ထားတဲ့ဦးရေမှာ ၁၉၉၅၀ ဦးသာရှိနေတယ်လို့သိရပါတယ်။ မြန်မာနိုင်ငံမှာ သူနာပြုအရေအတွက်ဟာ လိုအပ်တာထက်လျော့နည်းနေသေးတာကြောင့်၂၀၁၈ ခုနှစ်မှာ သူနာပြုသင်တန်းသားပေါင်း ၃၆၀၀ လောက် ခေါ်ဖို့ရှိတယ်လို့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာမြင့်ထွေးက စက်တင်ဘာ ၉ ရက်နေ့က သူနာပြုတက္ကသိုလ် (ရန်ကုန်) မှာ ပြုလုပ်တဲ့ မြန်မာနိုင်ငံသူနာပြုနှင့်သားဖွားကောင်စီ ပထမအကြိမ် စုံညီအစည်းအဝေး မှာ ပြောခဲ့ပါတယ်။

သူနာပြုသင်တန်းကျောင်းတွေမှာ နှစ်စဉ်သင်တန်းသား ၁၈၀၀ ဦးပဲ ခေါ်ယူပေမယ့် သူနာပြုလိုအပ်ချက်အရ အရင်နှစ်ကထက် ၂ ဆတိုးပြီး သင်တန်းတွေပေးပြီး ခေါ်ယူလေ့ကျင့်ဖို့ ညွှန့်ကြားထားတယ်လို့လည်း ဝန်ကြီးက ဆိုပါတယ်။


ဆက်စပ်အကြောင်းအရာများ



က္က