အင်းစိန်ဆေးရုံမှာ စောင့်ကြည့်လူနာအဖြစ်ကုသရင်း ပိုးတွေ့ခဲ့တာပါ။

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနရဲ့ ဒီနေ့ စက်တင်ဘာလ ၃ ရက် မနက် ၈ နာရီထုတ်ပြန်ချက်မှာပါဝင်တဲ့ စမ်းချောင်းမြို့နယ်က ကိုဗစ်-၁၉ ပိုးတွေ့ လူနာ ၃ ဦးက ဗိုလ်အောင်ကျော်လမ်း၊ MPT ရုံးချုပ်မှာ အလုပ်လုပ်တဲ့ ဝန်ထမ်းတွေ ဖြစ်ကြတယ်လို့ သိရပါတယ်။

အဆိုပါ ပိုးတွေ့ လူနာ ၃ ဦးဟာစမ်းချောင်းမြို့နယ်၊ ကျွန်းတောတောင်ရပ်ကွက်၊ အမှတ် (၁၆၄) ၊ ၇ (လွှာ) မှာ နေထိုင်ကြသူတွေဖြစ်ပြီး လွန်ခဲ့တဲ့နှစ်ပတ်လောက်ကတည်းက ဖျားနာနေကာ စမ်းချောင်းမြို့နယ် ပုသိမ်လမ်းနဲ့ ကျွန်းတောလမ်းထောင့်က ပုဂ္ဂလိက ဆေးခန်းတစ်ခုကို သွားပြခဲ့ပြီး အဲဒီကတစ်ဆင့် အင်းစိန်မြို့နယ်ဆေးရုံကြီးကို ပို့ဆောင်စစ်ဆေးခဲ့တာဖြစ်ပါတယ်။



“ သူငယ်ချင်းတွေ စုပြီး တိုက်ခန်းငှားနေကြတာပေါ့။ သုံးယောက်စလုံးက MPT ဝန်ထမ်းတွေ၊ ရုံးက ဖယ်ရီကားပေါ်မှာ သာကေတက ပိုးတွေ့လူနာနဲ့ ထိတွေ့သူတစ်ဦးပါတယ်လို့ ပြောတယ်။ သူတို့က ဖျားလိုက် နေပြန်ကောင်းလိုက် ဖြစ်နေတာက နှစ်ပတ်လောက် ရှိပြီ။ နောက်ဆုံးတော့ အင်းစိန်မှာ ဆေးရုံမှာ သွားအစစ်ခံရင်း ပိုးတွေ့ခဲ့တာပါ” လို့ ကျွန်းတောတောင်ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးမောင်ရွှေက Duwun ကို ပြောပါတယ်။ လက်ရှိ လူနာ (၃) ဦးနေထိုင်ရာ ကျွန်းတောတောင်ရပ်ကွက်၊ အမှတ် (၁၆၄)နေအိမ်ကို အသွားအလာကန့်သတ်လိုက်ပြီး တိုက်ခန်းအတွင်းက အတူနေသူ တစ်ဦးကိုတော့ နေအိမ်မှာပဲ အသွားအလာကန့်သတ်စောင့်ကြည့်ထားတယ်လို့ သိရပါတယ်။

ဝန်ကြီးဌာနက ဒီနေ့ မနက် ထုတ်ပြန်တဲ့စာရင်းမှာ စမ်းချောင်းမြို့နယ်က ပိုးတွေ့ လူနာ ၃ ဦးဟာ အသက် ၂၉ နှစ်၊ ၃၀ နှစ်နဲ့ ၃၁ နှစ်အရွယ် အမျိုးသားတွေ ဖြစ်ကြပြီး အတည်ပြုလူနာတွေနဲ့ ထိတွေ့ခြင်းမရှိ၊ ပြည်ပခရီးသွားရာဇဝင်လည်း မရှိဘူးလို့သိရပါတယ်။ အင်းစိန်ဆေးရုံမှာ စောင့်ကြည့်လူနာအဖြစ် ကုသမှုခံယူနေတာဖြစ်ပြီး ပိုးတွေ့ခဲ့လို့ ဖောင်ကြီးကိုဗစ်-၁၉ ကုသရေးဌာနကို ပို့ဆောင်မယ်လို့လည်း ထုတ်ပြန်ထားပါတယ်။

Share

Loading Next Article...
က္က