ဒုတိယထပ်ကပြုတ်ကျတာဖြစ်ပါတယ်။
Ei Ei Htun

ဒီကနေ့ ဧပြီလ(၂၈)ရက်နေ့ မွန်းလွဲ (၁၂)နာရီဝန်ကျင်းမှာ ဗိုလ်တစ်ထောင်မြို့နယ် (၄၁)လမ်း အမှတ် (၇)ရပ်ကွက်၊ အိမ်အမှတ် (၃၆)ဒုတိယထပ်မှာ နေထိုင်တဲ့ အမျိုးသမီးတစ်ဦး တိုက်ပေါ်မှ နောက်ဖေးလမ်းကြားထဲပြုတ်ကျသေဆုံးမှုဖြစ်ပွားခဲ့ပါတယ်။ 

photo- Sayar Bani

အဆိုပါ အမျိုးသမီးက အသက်(၆၅)နှစ်အရွယ်အမျိုးသမီးတစ်ဦးဖြစ်ပြီး နေအိမ်မှာ တစ်ယောက်တည်းနေထိုင်သူဖြစ်ရာ ဖြစ်စဉ်အနေအထားအရ သူကိုယ်တိုင်တိုက်ပေါ်က ခုန်ချပြီး သတ်သေတဲ့ အနေအထားမှာရှိတယ်လို့ ဗိုလ်တစ်ထောင် အမှတ်(၇)ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးသန်းဝင်းက Duwun ကိုပြောပါတယ်။

“ ကျွန်တော်တို့လည်း သတင်းရတော့ အခင်းဖြစ်တဲ့ နေရာကို ချက်ချင်းသွားလိုက်တယ်။ အခုအမျိုးသမီးက ပြီးခဲ့တဲ့ (၃)လလောက်က သူ့အမျိုးသားသေထားတာ။ လင်မယားနှစ်ယောက်တည်းနေတာ သူ့ အမျိုးသားဆုံးသွားေတာ့ သူတစ်ယောက်တည်းဖြစ်နေတာပေါ့။ တစ်ယောက်တည်းဆိုတော့ စိတ်သောကတွေလည်းရှိနေလိမ့်မယ်။ အခုသူပြုတ်ကျတဲ့နေရာက နောက်ဖေးအရေးပေါ်လှေကားတံခါးတွေကလည်း အကုန်ပိတ်ထားတာဆိုတော့ ဒီကနေလည်း မတော်တဆပြုတ်ကျစရာမကြောင်းမရှိဘူး။ကျွန်တော်တို့ သုံးသပ်ချက်အရတော့ သူ့ဘာသာ ခုန်ချပြီး သေကြောင်းကြံတာဖြစ်နိုင်တယ်” လို့ ဦးသန်းဝင်းကပြောပါတယ်။ 

photo- Sayar Bani

အမျိုးသမီးက ပြုတ်ကျတဲ့အရှိန်ကြောင့် ဦးခေါင်းကွဲ၊ ခြေလက်ကျိုးဒဏ်ရာတွေရရှိခဲ့ပြီး ဆေရုံအရောက်မှာ သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။

လက်ရှိမှာ အဝေးမှာနေထိုင်တဲ့ သူ့သားကို ဆက်သွယ်လို့ မရသေပေမယ့် Online ကတစ်ဆင့် နီးစပ်ရာဆွေမျိုးတွေကိုလည်း အကြောင်းထားသလို ဖြစ်စဉ်နဲ့ပတ်သက်ပြီး ရဲတပ်ဖွဲ့ကလည်း စစ်ဆေးချက်တွေဆောင်ရွက်နေတယ်လို့ သိရပါတယ်။ 


က္က