ရွှေပြားတွေအရောင်မှိန်လာတာကြောင့် အသစ်ကပ်လှုဖို့အတွက်ဝယ်ယူခဲ့တာဖြစ်ပါတယ်။

ဗိုလ်တစ်ထောင်ဘုရားမှာ ရွှေဆယ်ပိသာနဲ့ ရွှေပြားကပ်ဖို့အတွက် ရွှေလုပ်ငန်းရှင်များအသင်းကနေ ဝယ်ယူခဲ့တယ်လို့ ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်းဥက္ကဌ ဦးမျိုးမြင့်က Duwun ကိုပြောပါတယ်။

ဓါတ်ပုံ- ရွှေလုပ်ငန်းရှင်များအသင်း

“ ဒီနေ့မနက်ကမှ ဝယ်သွားတာပါ။ဘုရားဂေါပကက လာဝယ်သွားတာပါ။ အခေါက်ရွှေ အမျိုးအစားပါပဲ ” လို့သူကပြောပါတယ်။

ရွှေစင်ရွှေပြားကပ်လှုဖို့အတွက် ရွှေလုပ်ငန်းရှင်အသင်းကို လာရောက်ဝယ်ယူခဲ့တာဖြစ်ပြီးတော့ ဗိုလ်တစ်ထောင်ဘုရားဂေါပကအဖွဲ့ကိုယ်တိုင် လာရောက်ဝယ်ယူခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

မီးလင်းရွှေအမျိုးအစားတစ်ဆယ်ပိသာကို ဝယ်ယူခဲ့တာဖြစ်ပြီးတော့ ယခင်က ကပ်လှုထားခဲ့တဲ့ ရွှေပြားတွေအရောင်မှိန်လာတာကြောင့် အသစ်ကပ်လှုဖို့အတွက်ဝယ်ယူခဲ့တာဖြစ်ပါတယ်။ မီးလင်းရွှေတစ်ကျပ်သားကို ကျပ်ဆယ်သိန်းလေးသောင်းလေးထောင်ကျပ်နဲ့ ဝယ်ယူခဲ့တာလည်းဖြစ်ပါတယ်။ 



က္က