ဇူလိုင် ၂၆ ရက်မှာ ကျင်းပမှာ ဖြစ်ပြီး BMW ၊ 7day နဲ့ Duwun တို့ ပူးပေါင်းကျင်းပတာပါ။

BMW ကားကုမ္ပဏီက ကြီးမှူးကျင်းပမယ့် Game Changer Night အခမ်းအနားကို ဇူလိုင် ၂၆ရက်နေ့ ညနေပိုင်းမှာပြုလုပ်မှာဖြစ်ပါတယ်။

BMW၊ 7Day နဲ့ Duwun တို့ ပူးပေါင်းပြီး social networking night တစ်ခုဖြစ်တဲ့ Game Changer Night ကို ကျင်းပပြုလုပ်ဖို့ရှိနေပါတယ်။ Game Changer Night အခမ်းအနားကို နယ်ပယ်အလိုက်ထူးခြားစွာပြောင်းလဲနိုင်မှု၊ ဆန်းသစ်တီထွင်နိုင်မှုတွေလုပ်နိုင်ခဲ့တဲ့ Game Changer တွေက သူတို့ရဲ့အတွေ့အကြုံတွေကို ဖလှယ်ပြီး ဆွေးနွေးမှုတွေပြုလုပ်မှာပါ။

Game Changer Night ရဲ့ရည်ရွယ်ချက်ကတော့ စီးပွားရေးနယ်ပယ်ထဲက ဦးဆောင်သူတွေအချင်းချင်း ပိုမိုရင်းနှီးမှုရရှိစေဖို့နဲ့ ပိုမိုထိရောက်စွာလက်တွဲလုပ်ကိုင်နိုင်ဖို့အတွက် ရည်ရွယ်ကျင်းပတာ ဖြစ်ပါတယ်။ Game Changer Night အခမ်းအနားကို ဇူလိုင် ၂၆ရက်နေ့ညနေ ၆နာရီကနေ ၈နာရီအထိကျင်းပမှာဖြစ်ပြီး ပြည်လမ်းနဲ့ နာနတ်တောလမ်းထောင့်က BMW Showroom အဆောက်အဦမှာ ကျင်းပသွားမယ်လို့ သိရပါတယ်။

ဒီအခမ်းအနားမှာ BMW က အသစ်တင်ဆက်မယ့် Brand New 3 Series ကိုလည်း မြန်မာနိုင်ငံမှာ ပထမဆုံးဖွင့်လှစ်ပြသမှာဖြစ်ပါတယ်။ BMW Brand New 3 Series ကားအမျိုးအစားဟာ BMW ရဲ့ ခုနှစ်ခုမြောက်မျိုးဆက်လည်းဖြစ်ပါတယ်။ Game Changer Night မှာတော့ ဒီကားအမျိုးအစားကို မြန်မာနိုင်ငံမှာ ပထမဆုံးမြင်တွေ့ခံစားရမှာပါ။ 

Share

Loading Next Article...
က္က