ဆီဘောက်ဆာယာဉ်ပေါ်ကို ဆီထည့်ချိန်မှာဖြစ်ပွားခဲ့တာပါ။

ဗန်းမော်မှာ ဆီထည့်တဲ့ဂေါက်နဲ့ ဆီထည့်တဲ့အပေါက်ပွတ်တိုက်မိရာကနေ မီးလောင်ပေါက်ကွဲမှုဖြစ်ပွားခဲ့လို့ အမျိုးသား ၃ ဦး သေဆုံးပြီး ၂ ဦးဒဏ်ရာရရှိခဲ့တယ်လို့ ပြည်ထဲရေးဝန်ကြီးဌာနကနေ သိရပါတယ်။



Photo - Ministry of Home Affairs



န်းမော်မြို့နယ်၊စင်းခန်းကျေးရွာအနီး ဘုန်းပင်ရပ်၊ဧရာဝတီ မြစ်ကမ်းမှာဆိုက်ကမ်းထားတဲ့ ပုဂ္ဂလိကပိုင် အေးချမ်းခွန်အား သဘောၤပေါ်က DENKO ကုမ္ပဏိပိုင်ဒီဇယ်ဆီတွေကို ဆီဘောက်ဆာယာဉ်ပေါ်ကို ဆီထည့်ချိန်မှာဖြစ်ပွားခဲ့တာပါ။

ယာဉ်မောင်း အောင်ထွန်းမြတ်၊ယာဉ်နောက်လိုက် သက်နောင်ဦးတို့နဲ့ ၁၂ ဘီးဂါလံ ၅၀၀၀ ဆန့်ဆီဘောက်ဆာယာဉ်ကို သန်းထိုက်အောင်ဆိုသူက ဆီထည့်စဉ်မှာ ဆီဂေါက်နဲ့ ဆီထည့်တဲ့အပေါက်ပွတ်တိုက်မိတာကြောင့် မီးလောင်ပေါက်ကွဲခဲ့တာဖြစ်ပြီးတော့ ယာဉ် ၁စီးနဲ့ ဒီဇယ်ဆီ ၄၅၀ ခန့်မီးလောင်ဆုံးရှုံးခဲ့တယ်လို့ သိရပါတယ်။



အဲ့လို မီးလောင်ပေါက်ကွဲတာကြောင့် သန်းထိုက်အောင်ပါ အမျိုးသား(၂)ဥိးက အခင်းဖြစ်ရာနေရာမှာတင်ပဲ မီးလောင်ရာတွေနဲ့သေဆုံးခဲ့ပြီးတော့ Denko ကုမ္ပဏီဝန်ထမ်း ထွန်းထွန်းဝင်းပါ ကျား ၃ ဦးက မီးလောင်ဒဏ်ရာတွေရရှိခံပြီး သေဆုံးခဲ့ပါတယ်။



အဲ့လိုဖြစ်ပွားခဲ့တာကြောင့် သန်းထိုက်အောင်ကို စင်းခန်းနယ်မြေကနေ ပေါ့လျော့မှုကြောင့်လူသေမှု၊ပြင်းထန်နာကျင်စေမှု၊မီးပေါ့ဆမှုတို့နဲ့ အမှုဖွင့်စစ်ဆေးခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။



က္က