ဗန်းမော်မှာ COVID-19ရောဂါပိုးရှိသူ တစ်ဦးမျှ မရှိသေးပါဘူး။
Kyaw Ko Ko Sint

ဗန်းမော်မြို့ရှိ စျေးတစ်ခုအတွင်းမှာ ငွေကျပ် သုံးထောင်နဲ့ Mask တစ်ခုပါဝင်တဲ့ စာအိတ်တွေကို ပစ်ကြဲသွားတဲ့ ဖြစ်စဥ်တစ်ခု ဖြစ်ပေါ်ခဲ့တာပါ။

COVID-19ကာလမှာ ကချင်ပြည်နယ် ဗန်းမော်မြို့ရှိ မြေနုစျေးအတွင်း အားရဖွယ် မြင်ကွင်းတစ်ခု ဧပြီလ ၂၄ရက် နေ့က ဖြစ်ပေါ်ခဲ့တယ်လို့ ဗန်းမော်မြို့နယ် မဲဆန္ဒနယ်အမှတ်(၁)လွှတ်တော်ကိုယ်စားလှယ် ဦးဇော်သင်းက Duwunကို ပြောပါတယ်။

“ဧပြီလ ၂၄ရက်နေ့ ညနေပိုင်းလောက်မှာ ဆိုင်ကယ်တစ်စီးနဲ့လူတစ်ယောက်ရောက်လာပြီး စျေးသူစျေးသားတွေနဲ့ စျေးဝယ်သူတွေကြား စာအိတ်တွေ ပစ်သွားတယ်လို့သိရပါတယ်။စာအိတ်ကိုကောက်ရတဲ့သူတွေက လာပြောလို့ စာအိတ်ထဲမှာ နှာခေါင်းစည်းတစ်ခုနဲ့ငွေကျပ် ၃၀၀၀ပါဝင်ပါတယ်။”လို့ဦးဇော်သင်းက ပြောပါတယ်။

စာအိတ်ထဲမှာ ငွေကျပ် ၃၀၀၀နဲ့ Mask တစ်ခုအပြင် စာတိုတစ်စောင်ကိုပါ ရေးသားထားတာတွေ့ရပြီး စာထဲမှာ “ သင်လိုအပ်လျှင်သုံးလိုက်ပါ၊သင် မလိုအပ်လျှင် သင့်ထက်ဆင်းရဲချို့တဲ့သူကို ကူညီပေးလိုက်ပါ။”လို့ ရေးသားထားပါတယ်။

အခုလို အမည်မဖော်လိုသူ တစ်ဦးက ဆင်းရဲချို့တဲ့သူတွေအတွက် ပန့်သကူ သဘောမျိုးနဲ့ လှူဒါန်းမှုတွေ ရှိသလို အစိုးရအပြင် မြို့နေ ပြည်သူလူထုအချင်းချင်းကလည်း ရိုင်းပင်းကူညီမှုတွေ ရှိကြတယ်လို့လည်း သိရပါတယ်။

ဗန်းမော်မြို့မှာပြည်တော်ပြန်လာသူ ၅၀၀ ကျော်ရှိပေမယ့်လည်း လက်ရှိအချိန်ထိ COVID-19 ရောဂါပိုးတွေ့ရှိသူ တစ်ဦးမျှ မရှိသေးဘူးလို့လည်းသိရပါတယ်။


ဆက်စပ်အကြောင်းအရာများ


Author


က္က