တခြားရောဂါအခံ ေတွေကြာင့် ဆေးကုသမှုခံယူနေရသူလည်းဖြစ်ပါတယ်။
Mi Thawdar Aung

နေပြည်တော် Wisdom Hill မူကြိုကျောင်းက ဗစ်တိုးရီးယား လိင်အကြမ်းဖက်ခံရမှု နဲ့ ပတ်သက်ပြီး စစ်ဆေးနေတဲ့ နေပြည်တော် ဒက္ခိဏခရိုင်တရားရုံးက ဒုတိယခရိုင် တရားသူကြီး ဦးညိုဌေးဟာ စက်တင်ဘာ ၄ ရက် မနက်ပိုင်းက ကျောက်ကပ်ရောဂါနဲ့ ကွယ်လွန်သွားခဲ့တယ်လို့ သိရပါတယ်။

ဦးညိုဌေးဟာ ရောဂါ အခြေအနေကြောင့် အမျိုးသမီးဖြစ်သူနဲ့ အတူတူ မန္တလေးမြို့မှာ ဆေးရုံတက်နေခဲ့ရပြီး အမျိုးသမီးဖြစ်သူ ကွယ်လွန်ပြီး ရက်ပိုင်းအတွင်းမှာပဲ မန္တလေးမြို့ ပြည်သူ့ဆေးရုံမှာ ကွယ်လွန်သွားခဲ့တာလို့ ဗစ်တိုးရီးယားအမှုမှာ သံသယတရားခံ အောင်ကြီးရဲ့ ရှေ့နေ ဦးခင်မောင်ဇော်က Duwun ကိုပြောပါတယ်။

“ မန္တလေးမှာ သူ့ အမျိုးသမီး ဆေးရုံတက်ကတည်းက ခွင့်ယူပြီးသွားတာပါ။ ဦးညိုဌေးက အစကတည်းက ကျန်းမာရေးသိပ်မကောင်းပါဘူး။ ကျောက်ကပ်ဆေးတွေသောက်နေရတယ်။ တခြားရောဂါအခံတွေလည်း ရှိတယ်။ “ လို့ ဦးခင်မောင်ဇော်က ပြောပါတယ်။

သူဟာ ဗစ်တိုးရီးယားအမှုကို ၄ ကြိမ်မြောက်ရုံးချိန်းအထိ စစ်ဆေးခဲ့ပြီး သြဂုတ်လ ၂၈ ရက် ငါးကြိမ်မြောက်ရုံးချိန်းမှာတော့ နေပြည်တော်ဒက္ခိဏခရိုင်တရားရုံး ဒုတိယခရိုင်တရားသူကြီး ဒေါ်သီတာနွယ်က လွှဲပြောင်းစစ်ဆေးခဲ့တာဖြစ်ပါတယ်။

ဦးညိုဌေး ကွယ်လွန်ချိန်မှာ အသက် ၅၁ နှစ်ရှိပြီး ဈာပနကိုတော့ မန္တလေးမြို့မှာပဲ ပြုလုပ်မှာ ဖြစ်ပါတယ်။

နေပြည်တော် Wisdom Hill မူကြိုကျောင်းမှာ ဖြစ်ပွားခဲ့တဲ့ ဗစ်တိုးရီးယားအမှုနဲ့ ပတ်သက်ပြီး ပြဌာန်းဥပဒေနဲ့ အညီ အမှန်တရားပေါ်ပေါက်ပြီး ပြည်သူစိတ်ချမ်းသာရမယ့် တရားစီရင်ရေးဖြစ်စေရမယ်လို့ ကတိပေးပြောကြားခဲ့ဖူးသူလည်း ဖြစ်ပါတယ်။


က္က