မေလ ၁၄ ရက်နေ့က ဖယ်ရှားလိုက်တာပါ။
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် အမည်နဲ့ အကောင့်ကို Twitter က မေလ ၁၄ ရက်နေ့မှာ ဖယ်ရှားလိုက်တယ်လို့ သတင်းရရှိပါတယ်။

Photo - Twitter


Burmese Rohingya Organisation UK (အဖွဲ့အစည်း၏ မူရင်းအသုံးနှုန်း) အဖွဲ့ ဥက္ကဌဦးထွန်းခင်က ပြီးခဲ့တဲ့ မေလ ၈ ရက်နဲ့ ၉ ရက်နေ့တွေက အမေရိကန်ပြည်ထောင်စု၊ ကယ်လီဖိုးနီးယား ပြည်နယ်မှာရှိတဲ့ ဆီလီကွန်တောင်ကြားမှာ Facebook၊ Twitter နှင့် Google စတဲ့ကုမ္ပဏီတွေနဲ့ တွေ့ဆုံခဲ့ကာ လူမှုမီဒီယာတွေမှာ အမုန်းစကားပြန့်ပွားစေတဲ့ အကောင့်တွေကို ဖယ်ရှားပေးဖို့ ပြောဆိုခဲ့ပြီးနောက် တစ်ပတ်ခန့်အကြာမှာ အခုလို အကောင့်ဖျက်သိမ်းမှု လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။ ယခုအခါ Twitter မှာ @SGMinAungHlaing လို့ ရှာဖွေလိုက်ပါက အကောင့်ကို ရပ်ဆိုင်းထားကြောင့် ဖော်ပြနေတာတွေ့ရပါတယ်။

ဓာတ်ပုံ - seniorgeneralminaunghlaing.com.mm

ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ် သြဂုတ်လ ၂၇ ရက်နေ့ကလည်း ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ Facebook Page၊ တပ်မတော်ပိုင် မြဝတီသတင်းဌာနရဲ့ Facebook Page အပါအဝင် Facebook အကောင့် ၁၈ ခု၊ Instagram အကောင့် တစ်ခု၊ Facebook Page ၅၂ ခုကို ဖယ်ရှားခဲ့ပါသေးတယ်။

လက်ရှိမှာ မြန်မာနိုင်ငံက Facebook သုံးစွဲသူတွေကြား အမုန်းစကားတွေ ပြန့်ပွားမှုမဖြစ်စေဖို့ Facebook မှာ မြန်မာဝန်ထမ်း ၁၀၀ လောက်ကစောင့်ကြည့်နေပြီး အမုန်းစကားဖယ်ရှားမှုတွေ ပြုလုပ်နေတယ်လို့လည်း သိရပါတယ်။ ဒါပေမယ့်လည်း မြန်မာနိုင်ငံမှာ လူမှုကွန်ရက်တွေ အသုံးပြုပြီး အမုန်းစကားတွေ ဖြန့်ဝေနေမှုကို ထိန်းချုပ်နိုင်ဖို့ လိုအပ်နေသေးတယ်လို့ ကုလသမဂ္ဂ သတင်းအချက်အလက်ဌာနက ထောက်ပြထားပါတယ်။

Share

Loading Next Article...
က္က