၂၀၂၀ မှာ ရုံတင်မှာပါ။

ဗိုလ်ချုပ်အောင်ဆန်းအတ္တုပတ္တိရုပ်ရုပ်ဇာတ်ကားကို လာမယ့် ဧပြီလကုန်မှာ စတင်ရိုက်ကူးတော့မယ်လို့ ဗိုလ်ချုပ်ရုပ်ရှင်ကို ဦးဆောင်ရိုက်ကူးမယ့် ဒါရိုက်တာ လူမင်းက မတ်လ ၂၆ ရက်မှာ ပြုလုပ်တဲ့ ဗိုလ်ချုပ်အောင်ဆန်း အတ္တုပ္ပတ္တိ ရုပ်ရှင်ရိုက်ကူးထုတ်လုပ်ရေး လုပ်ငန်းကော်မတီ နဝမအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးမှာ ပြောခဲ့ပါတယ်။


လက်ရှိမှာ ရုပ်ရှင်ရိုက်ကူးဖို့အတွက် ပြင်ဆင်မှုရာခိုင်နှုန်းက ၃ ပုံ ၁ ပုံခန့် ပြီးစီးနေပြီး လာမယ့် ဧပြီလကုန်မှာ ရိုက်ကူးမယ့် ရက်ကို အတိအကျ ကြေညာသွားတော့မယ်လို့ ဒါရိုက်တာ ဦး လူမင်းက ပြောပါတယ်။



“ ရှေ့လကုန်ဆိုရင် ဇာတ်ညွှန်းရေးနေတာ ပြီးမှာပါ။ အခုချိန်မှာ အဖက်ဖက်က ပံ့ပိုးကူညီမှု ရထားပါတယ်။ဗိုလ်ချုပ် အဝတ်အစားကအစ အတိအကျလုပ်ထားပါတယ်။ သုံးတဲ့အသုံးအဆောင်၊ ဗိုလ်ချုပ်စီးတဲ့ကားကအစရှိသဖြင့် အားလုံးပြင်ဆင်ထားတယ်။ ဝန်ကြီးဌာနတွေကလည်း အားလုံးကူညီပါတယ်။ ရိုက်ကူးရေးကို ဧပြီလကုန်ကျရင် အကြမ်းဖျင်း အချိန်ဇယားပြောနိုင်မှာပါ”  လို့ ဒါရိုက်တာ ဦးလူမင်းက ပြောပါတယ်။

ရုပ်ရှင်အတွက် ဇာတ်ပို့ဇာတ်ရံ လျှောက်လွှာတွေကိုစိစစ်နေပြီး လျှောက်ထားသူ အယောက် ၇၀ ကျော်ထဲကနေ သင့်တော်တဲ့လူတွေကို ရွေးချယ်သွားမှာ ဖြစ်ပြီး ဇာတ်ကောင်တွေကို အတတ်နိုင်ဆုံး နီးစပ်တဲ့သူတွေကို ရွေးချယ်မှာဖြစ်တာကြောင့် ဝါသနာရှင် သရုပ်ဆောင်တွေအပြင် ရုပ်ရှင်လောကထဲက သရုပ်ဆောင်တွေကိုပါ ထည့်သွင်းစဉ်းစားသွားမယ်လို့လည်း သိရပါတယ်။

ဇာတ်ဝင်ခန်း ၁၁၆ ခန်းပါဝင်ရိုက်ကူးသွားမှာ ဖြစ်ပြီး  သမိုင်းထဲက နေရာတွေကို ရှာဖွေပြီး ရိုက်ကူးသွားမှာလည်း ဖြစ်ပါတယ်။

သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ရံပုံငွေ နဲ့ ကျပ်သိန်းပေါင်း တစ်သောင်းခွဲ အကုန်ကျခံ ရိုက်ကူးမှာဖြစ်ပြီး လာမယ့် ၂၀၂၀ မှာ ရုံတင်နိုင်ဖို့ အတွက် ၂၀၁၉ ခုနှစ်အတွင်း အပြီးသတ်ရိုက်ကူးသွားမယ်လို့လည်းသိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က