သက်ဆိုင်ရာက ထိထိရောက်ရောက် အရေးယူပေးဖို့လို

Clean ရန်ကုန်အဖွဲ့က ရှင်းလင်းခဲ့တဲ့ ဗိုလ်မင်းရောင်လမ်း သိမ်ဖြူဈေးရှေ့ရှိ ရေမြောင်းထဲက အမှိုက်ပုံမှာ တစ်လမပြည့်ခင်မှာပဲ အမှိုက်တွေ ပြန်လည်စွန့်ပစ်ထားတယ်လို့ သိရပါတယ်။

Photo- Clean Yangon



ပြီးခဲ့တဲ့ ဧပြီလ ၆ ရက်နေ့တုန်းက Clean ရန်ကုန်အဖွဲ့က စေတနာ့ဝန်ထမ်းတွေဟာ မင်္ဂလာတောင်ညွန့်မြို့နယ်၊ ဗိုလ်မင်းရောင်လမ်း၊ ရေမြောင်းတွင်းမှာ စည်းကမ်းမဲ့ စွန့်ပစ်ထားတဲ့ အမှိုက်တွေ ကို ရှင်းလင်းခဲ့တာဖြစ်ပါတယ်။

မေလ ၂ ရက်နေ့မှာ မြောင်းတွင်းကို အမှိုက်တွေ ပြန်လည် စည်းကမ်းမဲ့ စွန့်ပစ်ထားတာကို တွေ့ရပြီး ဒီလို စည်းကမ်းမဲ့ စွန့်ပစ်မှုကို သက်ဆိုင်ရာက ထိထိရောက် ရောက် အရေးယူသင့်တယ်လို့ Clean Yangon အဖွဲ့ ခေါင်းဆောင်ကိုဇေယျာထွန်းက Duwun ကို ပြောပါတယ်။

“ကျွန်တော်တို့ ရှင်းလင်းခဲ့တဲ့ စေတနာ့ဝန်ထမ်းတွေအနေနဲ့ စိတ်မကောင်းဖြစ်ရတယ်။ ငါးနာရီကျော်လောက် အချိန်ယူပြီး ရှင်းခဲ့ရတယ်။ ဒီလိုမျိုးနောက်ထပ်မဖြစ်အောင် သက်ဆိုင်ရာ အာဏာပိုင်များအနေနဲ့ ကြီးကြပ်စေချင်တယ်။ စည်းကမ်းမဲ့တဲ့သူတွေကို ထိရောက်တဲ့ ဒဏ်ကြေးရိုက်စေချင်တယ်။ ” လို့ ကိုဇေယျာထွန်းက ဆိုပါတယ်။

Photo - Clean Yangon (ဧပြီ ၆ ရက်နေ့က မြောင်းတွင်းအမှိုက်တွေကို ရှင်းလင်းခဲ့စဉ်)

ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီက အမှိုက်စည်းကမ်းမဲ့စွန့်ပစ်မှုတွေကို အရေးယူမှု အပိုင်းမှာ ပွင့်လင်းမြင်သာမှု အားနည်းနေတာကိုတွေ့ရတယ်လို့ ကိုဇေယျာထွန်းက ဆက်လက်ပြောပါတယ်။

Clean ရန်ကုန်အဖွဲ့သာားတွေအနေနဲ့ ရန်ကုန်မြို့က နောက်ထပ် အမှိုက်တွေ များပြားနေတဲ့ နေရာတွေမှာ ဆက်လက်ရှင်းလင်းရေးတွေ လုပ်ငန်းတွေ ဆက်လုပ်သွားမယ်လို့ သိရပါတယ်။ ရန်ကုန်မြို့တော်သန့်ရှင်းလှပဖို့အတွက်ရည်ရွယ်ပြီး Clean ရန်ကုန်အဖွဲ့ကို ၂၀၁၇ ခုနှစ်က စတင်ဖွဲ့စည်းခဲ့ပြီးအခုဆိုရင် စေတနာ့ဝန်ထမ်းပေါင်း ၁၀၀၀ ကျော်နဲ့ ဆောင်ရွက်နေတာ ဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က