လက်ရှိမှာ COVID 19နဲ့အတူ အခြားစိန်ခေါ်မှုတွေကိုလည်း ရင်ဆိုင်နေရတယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံမှာ COVID 19 ရောဂါစိန်ခေါ်မှုကြီး ဝင်ရောက်လာလို့ အခြားသော စိန်ခေါ်မှုတွေပပျောက်သွားတာမျိုးမရှိဘဲ COVID 19 စိန်ခေါ်မှုနဲ့အတူ အားလုံးကို ရင်ဆိုင်ဖြေရှင်းနေရတယ်လို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာကနေတစ်ဆင့် ရေးသားဖော်ပြခဲ့ပါတယ်။

လက်ရှိစိန်ခေါ်မှုတွေကို ရင်ဆိုင်နေရသလို COVID-19 အလွန်ကာလအတွက်ကိုလည်း အခုကတည်းက ပြင်ဆင်ထားရတယ်လို့ အတိုင်ပင်ခံကပြောကြားခဲ့ပါတယ်။



" COVID 19ရောဂါပေါ်လာလို့ အခြားစိန်ခေါ်မှုတွေမပျောက်သွားပါဘူး။ COVID အလွန်အတွက်လည်း အခုကတည်းကပြင်ဆင်ထားရပါတယ်။ဒါကြောင့် ပြင်သူတွေကို အမြင်ကျယ်စေချင်တယ်၊စိတ်ဓာတ်ခိုင်မာစေချင်တယ်၊ ဝရီယကောင်းမွန်ပြီး အချင်းချင်း သွေးစည်းစေချင်တယ်" လို့ အတိုင်ပင်ခံကရေးသားဖော်ပြခဲပပါတယ်။ 

COVID နဲ့နွှယ်တဲ့ ပြဿနာတွေကို စဉ်းစားတဲ့အခါမှာ နိုင်ငံရဲ့မြောက်များလှစွာသော အခြားစိန်ခေါ်မှုတွေကိုလည်း မြင်လာကြလိမ့်မယ်လို့ ထင်မြင်မိကြာင်း၊ 

ဖွံ့ဖြိုးဆဲနိုင်ငံ တစ်နိုင်ငံရဲ့ ထွန်းသစ်စ ကျန်းမာရေး၊ စီးပွားရေး၊ ပညာရေး တိုးတက်မှုတွေ မယိမ်းယိုင်သွားအောင် ထိန်းသိမ်းထားရေး၊ များပြားလှစွာသော ပြည်တော်ပြန် အလုပ်သမားများအရေးတွေအပါအဝင် ပြည်တွင်းစစ်နဲ့နွှယ်နေတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ နယ်မြေများအတွင်း COVID ရောဂါ ကာကွယ်ရေး၊ မတည်ငြိမ်သေးတဲ့ မြောက်ပိုင်းရခိုင် အရေး စတာတွေကိုလည်း လုပ်ဆောင်ဖြေရှင်းနေရတာဖြစ်ပါတယ်။ 

အခုလို စိန်ခေါ်မှုတွေကို ဖြေရှင်းဆောင်ရွက်ရတဲ့ အခါမှာ ပြည်သူတွေက အဓိကဖြစ်လို့ ပြည်သူတွေအချင်းချင်းလည်း သွေးစည်းညီညွတ်စေချင်တယ်လို့ အတိုင်ပင်ခံပုဂ္ဂိုလ်က တိုက်တွန်းပြောကြားခဲ့ပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က