loading...

loading...

loading...

ယခုနှစ်သင်္ကြန်မှာ ဖျက်သိမ်းလိုက်တာပါ။
Mi Thawdar Aung

ကူးစက်ပျံ့နှံ့မှုမြန်ဆန်တဲ့ COVID-19 ရောဂါကြောင့် ယခုနှစ် ချင်းတွင်းသင်္ကြန် မကျင်းပတော့ဘူးလို့ ဒီနေ့ မတ်လ ၃ ရက်နေ့မှာ ပြုလုပ်တဲ့ သင်္ကြန်အစည်းအဝေးမှာ စစ်ကိုင်းတိုင်းအစိုးရက ဆုံးဖြတ်ခဲ့တယ်လို့ မုံရွာမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်အမာကြည်က Duwun ကိုပြောပါတယ်။

Photo- ယခင်နှစ်က ကျင်းပခဲ့တဲ့ ချင်းတွင်းသင်္ကြန်မြင်ကွင်း

ဒီနေ့ အစည်းအဝေးမှာ တက်ရောက်လာကြတဲ့ တိုင်းအစိုးရအဖွဲ့၊ ဌာနဆိုင်ရာတွေ၊ လွှတ်တော်ကိုယ်စားလှယ်တွေ ၊ သင်္ကြန်ကျင်းပရေးကော်မတီတွေ အားလုံးစုပေါင်းပြီး ဖျက်သိမ်းဖို့ သဘောတူညီခဲ့တာဖြစ်တယ်လို့သိရပါတယ်။

“ ဝူဟန်ဗိုင်းရပ်စ်ရောဂါဖြစ်ခဲ့ရင် လူစုလူဝေးနဲ့ မထိန်းနိုင်ဖြစ်မှာ စိုးလို့၊ အဓိက ပြည်သူတွေရဲ့ ကျန်းမာရေးကို အဓိကထားပြီး ဖျက်သိမ်းဖို့ ဆုံးဖြတ်ခဲ့ကြတာပါ။” လို့ လွှတ်တော်ကိုယ်စားလှယ် ဒေါ်အမာကြည်က Duwun ကိုပြောပါတယ်။

ချင်းတွင်းသင်္ကြန်မကျင်းပတော့ဖြစ်ပေမယ့် မြန်မာ့ရိုးရာ ရေကစားမဏ္ဍပ်တွေပါဝင်တဲ့ ရိုးရာသင်္ကြန်ကိုတော့ ကျင်းပသွားမယ်လို့ သိရပါတယ်။

“ ရိုးရာသင်္ကြန်ကျင်းပဖို့တော့ အားလုံးပြင်ဆင်ထားတယ်။အကယ်လိုများ အရေးပေါ်ဖြစ်လာခဲ့ရင် ဘယ်လိုဆောင်ရွက်မလဲဆိုတော့ကိုတော့ ဆက်ဆွေးနွေးရမှာပေါ့။ ဒီနေ့အစည်းအဝေးကတော့ကော်မတီဖွဲ့တာနဲ့ အခြေခံ အကြမ်းဖျဉ်းဆွေးနွေးကြတာပါ။ နောက်ထပ်အစည်းအဝေးတွေ ထပ်လုပ်ပြီး ဆွေးနွေးကြဦးမှာပါ” လို့ လွှတ်တော်ကိုယ်စားလှယ် ဒေါ်အမာကြည်က ဆက်ပြောပါတယ်။

ချင်းတွင်းသင်္ကြန်ကို ၂၀၁၈ ခုနှစ်ကစတင်ကာ မုံရွာမြို့ရှိ ချင်းတွင်းမြစ် သဲသောင်ပြင်မှာ စည်ကားသိုက်မြိုက်စွာ ကျင်းပပြီး နှစ်စဉ် လူသိန်းနဲ့ ချီလာရောက်လေ့ရှိကြတယ်လို့လည်း သိရပါတယ်။

COVID-19 ရောဂါရဲ့ နောက်ဆက်တွဲ ဂယက်ကြောင့် နှစ်ပေါင်းများစွာ ကျင်းပလာခဲ့တဲ့ ပင်းတယမြို့က တပေါင်းပွဲတော်ကိုလည်း ဒီနှစ်မှာ ဖျက်သိမ်းဖို့ အတွက် ရှမ်းပြည်နယ်အစိုးရက ညွှန်ကြားထားပြီးဖြစ်တယ်လို့လည်း သိရပါတယ်။

မြန်မာနိုင်ငံမှာ လက်ရှိအချိန်အထိ ရောဂါဖြစ်ပွားသူမရှိသေးပေမယ့် မတ်လ ၂ ရက် ည ၈ နာရီအထိ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနထုတ်ပြန်ချက်အရ မြန်မာနိုင်ငံမှာ COVID-19 ရောဂါလက္ခဏာနဲ့ ဆင်တူသော လူနာ (၂) ဦးအပါအဝင် သံသယလူနာ (၅) ဦးကို သက်ဆိုင်ရာ ဆေးရုံတွေမှာ စောင့်ကြည့်ကုသမှုပေးနေတယ်လို့လည်း သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ


loading...

က္က