ဒီအမိန့်ဟာ မရုပ်သိမ်းသမျှအတည်ဖြစ်ပါတယ်။

COVID1-19 ရောဂါကို ကူးစက်ရောဂါ သို့မဟုတ် တိုင်ကြားရမယ့် ကူးစက်ရောဂါအဖြစ် သတ်မှတ်လိုက်ပြီး ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ဖေဖော်ဝါရီ ၂၈ ရက် နေ့စွဲနဲ့ ထုတ်ပြန်ကြေညာလိုက်ပါတယ်။

ကူးစက်ရောဂါများကာကွယ်နှိမ်နင်းရေးဥပဒေပုဒ်မ ၂၁ ပုဒ်မခွဲ (ခ) ပါ လုပ်ပိုင်ခွင့်ကို အသုံးပြုပြီး ကူးစက်ရောဂါ သို့မဟုတ် တိုင်ကြားရမယ့် ကူးစက်ရောဂါအဖြစ် သတ်မှတ်တဲ့ အမိန့် ထုတ်ပြန်ခဲ့တာပါ။ 



ဒီအမိန့်ကို မရုပ်သိမ်းသမျှ ကာလပတ်လုံးအတည်ဖြစ်တယ်လို့ ပြည်ထောင်စုဝန်ကြီးဒေါက်တာမြင့်ထွေး လက်မှတ်နဲ့ ကြေညာခဲ့ပြီး နိုင်ငံတော်သမ္မတရုံးတွေအပါအဝင် လွှတ်တော်ရုံး၊ ဆေးဘက်ဆိုင်ရာ ရုံးအားလုံးအပါအဝင် ဌာနပေါင်းစုံကို ဖြန့်ဝေကြေညာခဲ့တာလည်းဖြစ်ပါတယ်။

“ တိုင်ကြားရမည့်ကူးစက်ရောဂါဆိုတာ ဥပမာ .. တရုတ်ကပြန်လာတယ်။ကိုရီးယားက ပြန်လာတယ်။ ရောဂါဖြစ်ပွားတဲ့နိုင်ငံတွေက ပြန်လာတဲ့သူတွေက ဖျားတယ်။ချောင်းဆိုးတယ်ဆိုရင် ဒါဟာ သံသယလူနာ၊ စောင့်ကြည့်လူနာအဖြစ် လုပ်ရမယ်ဆိုတာကို WHO ရဲ့ Definiation အရ အသစ်ပြောင်းထားတယ်။ ကိုယ်က အဲဒီနိုင်ငံက ပြန်လာပြီး ၁၄ ရက်အတွင်းဖျားတယ်၊ ချောင်းဆိုးတယ် သတင်းမပို့ဘူးဆိုရင် တိုင်ကြားရမည့်အမိန့်ကို မလိုက်နာတဲ့အတွက် အရေးယူခံရမှာပေါ့” လို့ ဗဟိုကူးစက်တိုက်ဖျက်ရေးဌာနခွဲမှ ညွှန်ကြားရေးမှူး ဒေါက်တာခင်ခင်ကြီးက Duwun ကိုပြောပါတယ်။

ဖေဖော်ဝါရီလ ၂၇ ရက် ည ၈ နာရီအချိန်အထိ မြန်မာတစ်နိုင်ငံလုံးက ဆေးရုံတွေမှာ COVID-19 ရောဂါ စောင့်ကြည့်လူနာမရှိသေးသလို ဓာတ်ခွဲအတည်ပြုလူနာတွေ့ရသေးဘူးလို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။

ဒါပေမယ့် ရောဂါစောင့်ကြပ်ကြည့်ရှုခြင်းလုပ်ငန်းတွေကို အရှိန်အဟုန်မြှင့်ဆောင်ရွက်နေပြီး ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းတွေ ဆောင်ရွက်ပိုမိုထိရောက်စေဖို့ COVID-19 ရောဂါကို ပုဂ္ဂလိကဆေးရုံ၊ ဆေးခန်းများတွင် လာရောက်ပြသရင် မဖြစ်မနေသတင်းပေးပို့တိုင်ကြားရမယ့် ရောဂါ အဖြစ် သတ်မှတ် အမိန့်စာထုတ်ပြန်ရမယ်လို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ပြောကြားထားပါတယ်။

Share

Loading Next Article...
က္က