ဧပြီလ(၃၀)ရက်ည(၈)နာရီထုတ်ပြန်ချက်မှာလည်းပိုးတွေ့လူနာသစ်မရှိခဲ့ပါဘူး။
Mi Thawdar Aung

ဒီနေ့ ဧပြီလ ၃၀ ရက်မှာ နှစ်ကြိမ်ဆက်တိုက် Negative ပြသူ တစ်ဦးထပ်တိုးတာကြောင့် မြန်မာနိုင်ငံမှာ ရောဂါပိုးကင်းစင်သူ (၂၈) ဦးအထိ ရှိလာပြီလို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။

ယနေ့ထပ်တိုးတဲ့နှစ်ကြိမ်ဆက်တိုက် Negative ပြသူကတော့ လူနာအမှတ် (၂၂) ဖြစ်ပြီး အမေရိကန်နဲ့တောင်ကိုရီးယားနိုင်ငံကနေ သမီးဖြစ်သူ လူနာအမှတ် (၂၁) နဲ့ အတူတူပြန်လာခဲ့တဲ့သူဖြစ်ကာ သမီးဖြစ်သူမှာလည်း ရောဂါပိုးကင်းစင်ထားကြောင်း ကနဦးသတင်းထုတ်ပြန်ပြီးဖြစ်ပါတယ်။

လက်ရှိရောဂါပိုးကင်းစင်သူ (၂၈) ဦးထဲက တီးတိန်က လူနာအမှတ် (၁) ကိုလည်း ဆေးရုံကဆင်းခွင့်ပြုလိုက်တာကြောင့် လက်ရှိအချိန်ထိ ဆေးရုံဆင်းခွင့်ပြုထားသူ (၁၇) ဦးရှိနေပြီး သူတို့ကိုနေအိမ်မှာပဲ အသွားအလာကန့်သတ်စောင့်ကြည့်ထားဆဲဖြစ်ပါတယ်။ ဧပြီလ ၃၀ ရက်နေ့အတွက် ဆေးသုတေသနဦးစီးဌာနက စစ်ဆေးခဲ့တဲ့ ဓာတ်ခွဲနမူနာတွေ(၂၉) ခုမှာတော့ ရောဂါပိုးမရှိဘူးလို့ လည်း ဒီကနေ့ သတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

ဒီနေ့အထိ မြန်မာနိုင်ငံမှာ COVID-19 အတည်ပြုလူနာ ၁၅၀ ဦး၊ ရောဂါပိုးကင်းစင်သူ ၂၈ ဦး နဲ့ သေဆုံးသူ ၆ ဦးအထိ ရှိနေတာလည်းဖြစ်ပါတယ်။

လက်ရှိအတည်ပြုလူနာတွေထဲက (၂) ဦးမှာတော့ အထူးကြပ်မတ်ကုသမှုခံယူနေတယ်လို့လည်း သိရပါတယ်။ ရောဂါပိုးကင်းစင်သူ ၂၈ ဦးကတော့ လူနာအမှတ် ၁၊ ၂၊ ၃၊ ၄၊ ၆၊ ၇၊ ၈၊ ၉၊ ၁၀၊ ၁၁၊ ၁၂၊ ၁၅၊ ၁၉၊ ၂၀၊ ၂၁၊ ၂၂၊ ၂၄၊ ၂၅၊ ၂၇၊ ၂၉၊ ၃၂၊ ၃၃၊ ၃၈၊ ၄၁၊ ၄၇၊ ၅၀၊ ၅၄၊ ၅၈ တို့ ဖြစ်တယ်လို့ သတင်းထုတ်ပြန်ချက်တွေအရသိရပါတယ်။


ဆက်စပ်အကြောင်းအရာများ


က္က