လူဦးရေ (၄၉၁၉)ဦးကို စစ်ဆေးထားပြီးပါပြီ။
Ei Ei Htun

မြန်မာနိုင်ငံမှာ COVID 19 ရောဂါပိုးရှိ၊ မရှိ ဓာတ်ခွဲစစ်ဆေးမှုက တစ်ဦးကို ကျပ်တစ်သိန်းခွဲကုန်ကျစရိတ်ရှိပြီး အခုဆိုရင် နိုင်ငံတော်က ကျပ်သိန်း(၇)ထောင်ကျော် အကုန်အကျခံကာ စစ်ဆေးဆောင်ရွက်ထားပြီးဖြစ်တယ်လို့ သိရပါတယ်။ 

ဧပြီလ ည(၁၀)နာရီထိ ရောဂါပိုးတွေ့ရှိထားတဲ့ သူတွေနဲ့ ထိတွေ့ခဲ့တဲ့သူတွေအပါအဝင် သံသယလူနာအားလုံးပေါင်း လူဦးရေ (၄၉၁၉)ဦးထိကို နိုင်ငံတော်က အကုန်အကျခံပြီး စစ်ဆေးဆောင်ရွက်ပေးခဲ့တယ်လို့ ကျန်းမာရေးအသိပညာမြှင့်တင်ရေးဌာနခွဲမှ ဒေါက်တာသန်းနိုင်စိုးက Duwun ကိုပြောပါတယ်။

ဓာတ်ပုံ - ကျန်းမာ‌ရေးနဲ့အားကစား ဝန်ကြီးဌာန (ဓာတ်ခွဲနမူနာထံမှ RNA ထုတ်ယူခြင်း)

“ ဓာတ်ခွဲစစ်ဆေးတဲ့အခါမှာ အသုံးပြုတဲ့ စက်ပစ္စည်းခတင် တစ်ယောက်ကို တစ်သိန်းခွဲကုန်ပါတယ်။တခြားဘာစရိတ်မှမပါသေးပါဘူး။ အဲဒီစစ်ဆေးစရိတ်အားလုံးကိုလည်း နိုင်ငံတော်ကပဲ အကုန်အကျခံထားတာပါ။ မနေ့ကညက စာရင်းထိ (၄၉၁၉)ဦးကို စစ်ဆေးပြီးပြီဆိုတော့ တွက်ကြည့်မယ်ဆိုရင် မြန်မာငွေ သိန်း(၇)ထောင်ကျော်သုံးထားပြီး လူတစ်ဦးကို ဒေါ်လာ (၁၀၀)ကျော်လောက်အကုန်အကျခံထားတာဖြစ်တယ်” လို့ ဒေါက်တာသန်းနိုင်စိုးကပြောပါတယ်။ 

ရေရှည်မှာ နိုင်ငံတော်အနေနဲ့ ကုန်ကျစရိတ်အတွက် အခက်အခဲရှိလာနိုင်လားဆိုတဲ့အပေါ်မှာတော့ ဒေါက်တာသန်းနိုင်စိုးက ဒါက ပေါ်လစီပိုင်းဖြစ်သလို အထက်အဆင့်ဆင့် ကော်မတီတွေကပဲ စီစဉ်ဆုံးဖြတ်ပါလိမ့်မယ်လို့ ပြန်လည်ဖြေကြားခဲ့ပါတယ်။ 

လက်ရှိမှာတော့ မြန်မာနိုင်ငံမှာ ဓာတ်ခွဲစစ်ဆေးပြီးသူ (၄၀၀၀)ကျော်ထဲက ရောဂါပိုးတွေ့ရှိထားသူ (၁၁၉)ဦးထိရှိနေပြီး သေဆုံးသူ(၅)ဦး ၊ပြန်လည်ကောင်းမွန်လာသူ (၉)ဦးထဲက (၆)ဦးက ဆေးရုံကဆင်းခွင့်ရရှိထားပါပြီ။












ဆက်စပ်အကြောင်းအရာများ


က္က