ပြည်မြို့က Quarantine Camp ၃ ခုမှာ အသွားအလာကန့်သတ်ကာ ထားသူ ပေါင်း ၂၀၀ ကျော်ရှိတယ်လို့သိရပါတယ်။

ကိုဗစ် ၁၉ ရောဂါပိုး ကူးစက်ခံထားရတဲ့ ပြည်ပ ၊ ပြည်တွင်း ဘယ်ဒေသကမဆို ပြည်မြို့ကို လာရောက်မယ်ဆိုရင် သက်ဆိုင်ရာမြို့နယ်က စီစဉ်ထားတဲ့ Facility Quarantine Camp မှာ ၂၁ ရက်နေထိုင်ရမယ်လို့ ပြည်မြို့နယ် ၊ တိုင်းဒေသကြီးလွှတ်တော်မဲဆန္ဒနနယ် အမှတ် ၂ လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇေယျက ပြောပါတယ်။

လက်ရှိအချိန်မှာကိုဗစ် ၁၉ ရောဂါကူးစက်မှုနှုန်းဟာ တဖြေးဖြေး မြင့်တက်လာတာကြောင့် ပြည်တော်ပြန်တွေအပြင် ပြည်တွင်း ရောဂါပိုးကူးစက်မှုရှိနေတဲ့ နေရာတွေကပါ ပြည်ကို လာရောက်မယ်ဆိုရင် Quarantine ဝင်ရမှာဖြစ်ပါတယ်။အခုလိုရောဂါဖြစ်ပွားနေချိန် မလိုအပ်ဘဲ အကြောင်းပြချက်ခိုင်လုံမှုမရှိတဲ့ ခရီးသွားခြင်းကို ကန့်သတ်လိုတာကြောင့် ဧပြီလ ၁၈ ရက်နေ့ကစတင်ပြီး မြို့အဝင်အထွက် နေရာ လမ်းဆုံတွေမှာ စစ်ဆေးမှုတွေကို စတင်ပြုလုပ်နေပြီဖြစ်တယ်လို့ဆိုပါတယ်။



Photo: ပြည်သစ္စာ

“ပြည်တွင်းက ရောဂါပိုးရှိတဲ့ဒေသကနေ လာမယ်ဆိုရင် Facility Quarantine ဝင်ရပါမယ်။ ရန်ကုန် ကနေ လာရင်လည်း ဝင်ရပါမယ်။ ပြီးမှ အိမ်ကိုပြန်ရမယ်။ ၂၁ ရက်နေရပါမယ်။ ကွာရန်တင်းစင်တာ လုံလောက်အောင်လည်းစီစဉ်ထားပါတယ်။ ဒီအချိန်မှာ နိုင်ငံတော်ရဲ့လမ်းညွှန်ချက်အတိုင်းပါပဲ။ အဓိက ကတော့ ကိစ္စခိုင်ခိုင်မာမာမရှိဘဲ ခရီးသွားတာကို ကန့်သတ်ချင်တာပါ။ရန်ကုန်မှာ အလုပ်လုပ်တယ်။ ဒီရက် ၂ ရက် ၃ ရက်လောက်ကို မိဘကန်တော့ချင်လို့ ပြန်လာချင်တာမျိုး အလည်လာချင်တာမျိုး စသဖြင့် ဒါမျိုးလေးတွေကိုမလာပါနဲ့တော့ အလုပ်မှာပဲနေပေးပါ နေစေချင်လို့ ခုလိုကန့်သတ်ချက်နဲ့လုပ်တာပါ။ ဒီနေ့ မြို့အဝင်အထွက်တွေမှာ စစစ်ဆေးနေပြီ။”လို့ ဦးကျော်ဇေယျက ဆိုပါတယ်။

ပြည်မြို့မှာ တရားဟောခြင်း ၊တရားနာခြင်း ၊ ဝတ်ပြုဆုတောင်းခြင်း ၊ သီလဆောက်တည်ခြင်း ၊စတုဒီသာကျွေးခြင်း ၊ ဘုရားရှိခိုးခြင်းကို လူစုလူဝေးဖြင့် ပြုလုပ်မှုအပါ တခြား လိုက်နာဖို့လိုအပ်တဲ့အချက်တွေကိုလည်း ကန့်သတ်ထားပါတယ်။ လက်ရှိ ပြည်မြို့က Quarantine Camp ၃ ခုမှာ အသွားအလာကန့်သတ်ကာ ထားသူ ပေါင်း ၂၀၀ ကျော်ရှိတယ်လို့သိရပါတယ်။ 

(အလွတ်တန်းသတင်းထောက် ချစ်ခွန်းချိုပေးပို့ထားသော သတင်းဖြစ်ပါသည်)


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က