စက်ရုံ၊ အလုပ်ရုံဝန်ထမ်း အများစု အလုပ်လက်မဲ့ဖြစ်ခဲ့ရတာပါ။
Ei Ei Htun

COVID 19 ဖြစ်ပွားစဉ် ဧပြီလ တစ်လလအတွင်းမှာပင် စက်ရုံ၊ အလုပ်ရုံတွေပိတ်သိမ်းခဲ့တာတာကြောင့် အလုပ်သမား (၆)သောင်းကျော်လောက်အလုပ်လက်မဲ့ဖြစ်ခဲ့ရတယ်လို့ အလုပ်သမားဝန်ကြီးဌာနမှသိရပါတယ်။ 



ဧပြီလအတွင်း မြန်မာနိုင်ငံအတွင်းမှာ COVID 19 အတည်ပြုလူနာတွေနေ့စဉ်ရက်ဆက်တွေ့ရှိလာခဲ့မှုကြောင့် ရောဂါထိန်းချုပ်ရေးအစီအစဉ်အဖြစ် ကုမ္ပဏီတွေ စက်ရုံ၊အလုပ်ရုံတွေကို သင်္ကြန်ကာလမတိုင်ခင်ကစလို့ ပိတ်သိမ်းခဲ့တာလည်းဖြစ်ပါတယ်။ အခုလို စက်ရုံအလုပ်ရုံတွေကို ပိတ်သိမ်းလိုက်တဲ့အခါမှာ စက်ရုံ (၁၀၀)ကျော်က ဝန်ထမ်း (၆)သောင်းကျော်လောက်က အလုပ်လက်မဲ့ဖြစ်ခဲ့ရတယ်လို့ အလုပ်သမား၊လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန် ဦးမျိုးအောင်က Duwun ကိုပြောပါတယ်။

“ ဒီနေ့ထိ ကျွန်တော်တို့ဆီမှာ update စာရင်းအရဆိုရင် လုံးဝပိတ်သိမ်းသွားတဲ့စက်ရုံ (၇၀)က အလုပ်သမား (၂၂၇၈၁)ဦးနဲ့ ညှိနှိုင်းပေးနေတဲ့ စက်ရုံ (၁၀၅)ခုက ဝန်ထမ်း (၄၀၁၁၈)ဦးနဲ့ဆို အားလုံးပေါင်း အလုပ်လက်မဲ့ ဖြစ်သွားတဲ့ ဝန်ထမ်း (၆)သောင်းရှိပါတယ်။

 ဒါပေမယ့် ဒီရက်ပိုင်းအတွင်းမှာ စစ်ဆေးမှုတွေလုပ်ပြီး ပြန်လည်ဖွင့်လှစ်ထားတဲ့စက်ရုံ (၈၅)ရုံရှိတော့ အဲဒီစက်ရုံတွေအတွက် အလုပ်ပြန်ခန့်ထားတဲ့ ဝန်ထမ်းက (၁၄၀၀၀)လောက်ရှိတော့ အလုပ်လက်မဲ့ဝန်ထမ်း (၅)သောင်းကျော်လောက်ရှိပါတယ်” လို့ ဦးမျိုးအောင်က ပြောပါတယ်။ 

ပိတ်ထားခဲ့တဲ့ စက်ရုံ၊အလုပ်ရုံတွေကို ဧပြီလ(၂၁)ရက်နေ့စပြီး နိုင်ငံတော်က ချမှတ်ထားတဲ့ စည်းကမ်းချက်တွေနဲ့ ကိုက်ညီမှု ရှိ၊မရှိ စစ်ဆေးမှုတွေလုပ်ပြီးတဲ့ အခါမှာ ကိုက်ညီမှုရှိတဲ့ စက်ရုံအလုပ်ရုံတွေကို ပြန်လည်ဖွင့်လှစ်ခွင့်ပေးထားပါတယ်။ 

လက်ရှိမှာ ပြန်လည်ဖွင့်လှစ်ထားတဲ့ စက်ရုံ၊ အလုပ်ရုံပေါင်း (၈၅)ခု ရှိတယ်လို့ သိရပါတယ်။ 

အလုပ်လက်မဲ့ဖြစ်သွားတဲ့ အလုပ်သမားတွေအတွက်တော့ စက်ရုံအလုပ်တွေနဲ့ ဝန်ကြီးဌာနကြားမှာ ညှိနှိုင်းမှုတွေလုပ်ဆောင်နေတာလည်းရှိတယ်လို့ ဦးမျိုးအောင်က ပြောပါတယ်။





ဆက်စပ်အကြောင်းအရာများ


က္က