ဗီယက်နမ်မှာ နေပူစာလှုံတဲ့နည်းကို အသုံးပြုခဲ့တယ်လို့ ဥပမာပေးပြောဆိုခဲ့ပါတယ်။
Ye Yint Htay

မြန်မာနိုင်ငံမှာ COVID-19 ရောဂါကာကွယ်နိုင်ဖို့အတွက် နေပူစာလှုံတဲ့နည်းကို အားပေးပြီးစမ်းသပ်ကြည့်ရင်ကောင်းမလားဟုစဉ်းစားနေကြောင်း ဒီမနက်ပြုလုပ်ခဲ့တဲ့ ချင်းပြည်နယ်မှာ COVID-19 ကာကွယ်ထိန်းချုပ်ကုသရေးဆောင်ရွက်နေသူတွေနဲ့ အွန်လိုင်းတွေ့ဆုံဆွေးနွေးခန်းမှာထည့်သွင်းပြောကြားခဲ့ပါတယ်။

COVID-19 ဗိုင်းရပ်စ်ပိုးက ပူပြင်းပြီးစိုစွတ်တဲ့နေရာမှာ မရှင်သန်နိုင်ဘူးလို့ပညာရှင်တွေတွေ့ရှိချက်ကို အခြေခံပြီး အခုလိုစဉ်းစားမိတာလို့ဆိုပါတယ်။ "အပူရှိန်မြင့်တဲ့ဒေသတွေမှာဆို COVID က ပိုပြီးသက်သာတယ်လို့ပြောကြတယ် တချို့က..မနေ့ကဆို သုတေသီပညာရှင်တစ်ယောက်က COVID က အပူချိန်မြင့်တဲ့နေရာတွေမှာ စွတ်စိုထိုင်းမှိုင်းတဲ့နေရာတွေမှာ ကြာကြာမခံဘူးလို့ဆိုတယ်။ အဲ့ဒါကတော့ ဘယ်လောက်အထိသေချာသလဲတော့မသိသေးဘူးပေါ့နော်။ အမေတို့ဆီမှာ အများကြီးရှိတာကတော့ နေပူပဲ။ နေပူစာလှုံဖို့တော့ နည်းနည်းအားပေးရင်ကောင်းမလားလို့ စဉ်းစားတယ်။"လို့ ဒေါ်အောင်ဆန်းစုကြည်ကပြောပါတယ်။ 

နေပူစာလှုံတာက အသားညိုရုံကလွဲပြီး တခြားကျန်းမာရေးပြဿာနာတွေမရှိနိုင်ဘူးလို့ ဒေါ်အောင်ဆန်းစုကြည်ကပြောခဲ့ပြီး ကျန်းမာရေးဝန်ကြီးဌာနနဲ့တိုင်ပင်ကြည့်မယ်လို့လည်းပြောခဲ့ပါတယ်။ ဒါ့အပြင်ဒေါ်အောင်ဆန်းစုကြည်က ဗီယက်နမ်နိုင်ငံရဲ့COVID-19 ထိန်းချုပ်ကုသရေးအစီအစဉ်တွေကို ချီးကျုးခဲ့ပြီး ဗီယက်နမ်မှာ နေပူစာလှုံတဲ့နည်းကိုလည်းစမ်းသပ်ခဲ့ရာအောင်မြင်မှုရခဲ့တယ်လို့ကြားသိရကြောင်လည်းဆိုပါတယ်။ ဗီယက်နမ်နိုင်ငံမှာတော့ COVID-19 ပိုးတွေ့လူနာ ၂၆၈ဦးသာရှိခဲ့ပြီး သေဆုံးလူနာမရှိပဲ ပြန်လည်ကောင်းမွန်သူ ၂၂၄ဦးအထိရှိခဲ့ပါတယ်။ 


က္က