မြန်မာနိုင်ငံအပါအဝင် ကမ္ဘာအနှံ့ ကိုရိုနာဗိုင်းရပ်စ် (COVID-19) ကူးစက်ပျံ့နှံ့မှုမြင့်တက်ပြီး ခက်ခဲပင်ပန်းနေတဲ့ကာလမှာ ကိုကာကိုလာကုမ္ပဏီက သူတို့ရဲ့ Coca-Cola အပါအဝင် အခြားအမှတ်တံဆိပ်တွေရဲ့ကြော်ငြာတွေကို ခေတ္တဆိုင်းငံ့ ထားမယ်လို့ ထုတ်ပြန်ကြေညာ လိုက်ပါတယ်။
အဲဒီလို ကြော်ငြာတွေကို ဆိုင်းငံ့ရုံသာမကဘဲ COVID-19 ကာကွယ်ရေးအတွက် ပြင်ဆင်ဆောင်ရွက်နေမှုတွေကို ကူညီဖို့ အမေရိကန်ဒေါ်လာ ၂၀၀၀၀၀ ပံ့ပိုးပေးသွားဦးမှာ ဖြစ်ပြီး မြန်မာနိုင်ငံကြက်ခြေနီအသင်းနဲ့ ပူးပေါင်းကာ -
- ဆေးရုံများနှင့် ရှေ့တန်းမှအဓိကဆောင်ရွက်နေသော ကျန်းမာရေးဝန်ထမ်းများအတွက် အသက်ရှုစက်များ(Ventilator machines) နှင့် တစ်ကိုယ်ရေကာကွယ်ရေးပစ္စည်းများ(PPE) ကူညီပံ့ပိုးရန်
- ကျန်းမာရေးဝန်ထမ်းများနှင့်ရှေ့တန်းမှအဓိကဆောင်ရွက်နေသူများအတွက် Coca-Cola မြန်မာထုတ်ကုန်များ ပံ့ပိုးသွားရန်
လုပ်ငန်းများမှာအသုံးပြုသွားမယ်လို့လည်း ကိုကာကိုလာရဲ့ထုတ်ပြန်ချက်အရ သိရပါတယ်။
ဒါ့အပြင်ရှေ့ဆက်ပြီးတော့လည်း ကိုကာကိုလာရဲ့ အရင်းအမြစ်တွေကိုအသုံးပြုကာ တတ်စွမ်းသမျှဆက်လက်ကူညီလုပ် ဆောင်သွားမယ်လို့ ကိုကာကိုလာရဲ့ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားတာကိုတွေ့ရပါတယ်။