သတင်းမီဒီယာကောင်စီက ထောက်ပံ့ပေးဖို့ စီစဉ်နေပါတယ်။
Ei Ei Htun

COVID 19 ဖြစ်ပွားစဉ်ကာလအတွင်းမှာ အလုပ်ကရပ်နားခံလိုက်ရတဲ့ သတင်းသမားဦးရေက (၅၀၀)နီးပါးလောက်ရှိနေပြီး အဆိုပါသတင်းသမားတွေအတွက် မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီကနေ ထောက်ပံ့ပစ္စည်းတွေပေးအပ်သွားဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။ 

မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီက သတင်းသမားများအတွက် COVID 19 ရန်ပုံငွေတစ်ခုကို မတည်ငွေ သိန်း(၁၀၀)ကျပ်ဖြင့် ထူထောင်ထားပြီး ယနေ့ကစပြီး စတင်အသုံးပြုမှာဖြစ်တယ်လို့ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ အတွင်းရေးမှူး ဦးကျော်စွာမင်းက Duwun ကိုပြောပါတယ်။

“ အခုတော့ ကျွန်တော်တို့က သိန်း(၁၀၀)မတည်ပြီး ရန်ပုံငွေထူထောင်လိုက်ပါတယ်။ အဲဒီသိန်း(၁၀၀)ထဲကနေ COVID ကာလမှာ မြေပြင်ကို သတင်းလိုက်ယူရင်း Quarantine ဝင်ရတဲ့သူတွေ၊ ရောဂါကူးစက်ခံရတဲ့သူတွေကို တစ်ယောက်(၂)သိန်းထောက်ပံ့ဖို့စီစဉ်ထားပါတယ်။

နောက်ထပ်အလှူရှင်တွေကလည်းကမ်းလှမ်းထားတာက အလုပ်ရပ်နားခံလိုက်ရတဲ့သတင်းသမားတွေအတွက် ထောက်ပံပေးဖို့ကော အဲဒီအတွက်ကိုစီစဉ်နေတယ်။ အခုခန့်မှန်းထားချက်အရ အလုပ်ရပ်နားခံရတဲ့သတင်းသမားဦးရေက (၄၀၀)နဲ့ (၅၀၀)ကြားမှာရှိတယ်။ စာရင်းတော့ကောက်နေဆဲပါ။ သူတို့ကိုလိုအပ်တဲ့ ဆန်၊ ဆီ၊ဆား စတာတွေထောက်ပံ့ပေးသွားမယ်” လို့ ဦးကျော်စွာမင်းကပြောပါတယ်။ 

ရန်ပုံငွေနဲ့ အလှူရှင်တွေပေါ်မူတည်ပြီး အလုပ်ရပ်နားခံရတဲ့သတင်းသမားတွေကို ထောက်ပံ့ပြီးတဲ့အခါမှာလည်း မြေပြင်မှာသတင်းဆင်းယူနေကြရတဲ့ သတင်းသမားတွေအတွက်လည်း Mask တွေနဲ့ လိုအပ်တာတွေထောက်ပံပေးသွားမယ်လို့ သိရပါတယ်။ 

အခုလို သတင်းသမားတွေအတွက် ထောက်ပံ့ရေးအစီအစဉ်ကိုတော့ တစ်ပတ်အတွင်းမှာပဲ လုပ်ဆောင်သွားမယ်လို့ ဦးကျော်စွာမင်းကပြောပါတယ်။ 


ဆက်စပ်အကြောင်းအရာများ


က္က